ဒုရဲအုပ်ဟောင်းချယ်ရီထက် ထောင်ဒဏ်၃နှစ်ချမှတ်ခံရ

0
236

(Unicode)

ဒုရဲအုပ်ဟောင်းချယ်ရီထက် ထောင်ဒဏ်၃နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ်ဟောင်းချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

“ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရဲ တရားခုံရုံးကနေ ထောင် ၃ နှစ်ချလိုက်တယ်။ ရမည်းသင်းထောင်ကို ပို့လိုက်ပြီ။ နေပြည်တော်မှာ စစ်နေတဲ့ အမှုကတော့ စွဲချက် လျှောက်လဲချက်အဆင့်ပဲ ရှိသေးတယ်။ လာမဲ့ ကြာသပတေးနေ့မှာ ရုံးချိန်း ထပ်ချိန်းထားပါတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒုရဲအုပ်ဟောင်း ချယ်ရီထက်ကို ထောင် ၃နှစ်ချလိုက်တာဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ချလိုက်တာဖြစ်ပြီး တရားစွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ကို ဆက်လက်ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ် ချယ်ရီထက်ဟာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။

(Zawgyi)

ဒုရဲအုပ္ေဟာင္းခ်ယ္ရီထက္ ေထာင္ဒဏ္၃ႏွစ္ခ်မွတ္ခံရ

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္အျဖစ္ တာဝန္ယူခဲ့ဖူးတဲ့ ဒုရဲအုပ္ေဟာင္းခ်ယ္ရီထက္ကို ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒ နဲ႔ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္လိုက္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

“ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ရဲ တရားခုံ႐ုံးကေန ေထာင္ ၃ ႏွစ္ခ်လိုက္တယ္။ ရမည္းသင္းေထာင္ကို ပို႔လိုက္ၿပီ။ ေနျပည္ေတာ္မွာ စစ္ေနတဲ့ အမႈကေတာ့ စြဲခ်က္ ေလွ်ာက္လဲခ်က္အဆင့္ပဲ ရွိေသးတယ္။ လာမဲ့ ၾကာသပေတးေန႔မွာ ႐ုံးခ်ိန္း ထပ္ခ်ိန္းထားပါတယ္”လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

ဒုရဲအုပ္ေဟာင္း ခ်ယ္ရီထက္ကို ေထာင္ ၃ႏွစ္ခ်လိုက္တာဟာ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒ နဲ႔ ေထာင္ခ်လိုက္တာျဖစ္ၿပီး တရားစြဲဆိုခံထားရတဲ့ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) ကို ဆက္လက္ရင္ဆိုင္သြားဖို႔ ရွိေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္အျဖစ္ တာဝန္ယူခဲ့ဖူးတဲ့ ဒုရဲအုပ္ ခ်ယ္ရီထက္ဟာ စက္တင္ဘာလ ၂၁ ရက္ေန႔မွာ ဖမ္းဆီးခံခဲ့ရတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here