လှိုင်းဘွဲ့မြို့နယ်မှ (၈၄)နှစ်မြောက်ကရင်အမျိုး သား နှစ်သစ်ကူးနေ့အထိမ်းအမှတ်လွှတ်တင်သည့် မီးပုံးပျံလေးလုံးအနက်တစ်လုံးအား ဗီယက်နမ်နိုင်ငံသားရရှိ

0
237

(Unicode)

လှိုင်းဘွဲ့မြို့နယ်မှ (၈၄)နှစ်မြောက်ကရင်အမျိုး သား နှစ်သစ်ကူးနေ့အထိမ်းအမှတ်လွှတ်တင်သည့် မီးပုံးပျံလေးလုံးအနက်တစ်လုံးအား ဗီယက်နမ်နိုင်ငံသားရရှိ

ဇန်နဝါရီ ၂ ရက်ကကျရောက်ခဲ့သည့် (၈၄)နှစ် မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်း အမှတ်အဖြစ် ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်ခွဲ၊ပိုင်ကျုံမြို့နယ်မှ ရွာသူ၊ရွာသားများစုပေါင်းလွှတ်တင်သည့် မီးပုံးပျံလေးလုံးအနက် အလုံးကြီးတစ်လုံးသည် ဗီယက်နမ်နိုင်ငံဖက်သို့ကျရောက်ခဲ့သည်။

ပိုင်ကျုံမြို့နယ်၊ထီထိုးကိန်အုပ်စု၊ကုန်းကလေးရွာမှ ရွာသူ၊ရွာသားများက ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

“မီးပုံးပျံအသေးသုံးလုံးနဲ့ အကြီးတစ်လုံးကိုလွှတ်တင်ခဲ့တာပါ အသေးသုံးလုံးကတော့ဘယ်ဖက်ရောက်သွားတယ်ဆိုတာမသိဘူး အကြီးအလုံးကတော့ ဗီယက်နမ်ဖက်ကိုရောက်သွားတယ်လို့သိရတယ်”ဟု မီးပုံးပျံလေးလုံးအားဦးဆောင်လွှတ်တင်ခဲ့သည့် ဦးစောထူးထူးကပြောသည်။

“အဲဒီမီးပုံးပျံတွေကို ရွာကလူငယ်လေးတွေက နှစ်သစ်ကူးနေ့အထိမ်းအမှတ်လွှတ်ချင်တယ်ပြောတာနဲ့ ဘေးအန္တရာယ်ကင်းအောင်သေချာစီစဥ်ပြီးလွှတ်ခဲ့ကြတာပါ”ဟု ၎င်းကဆက်ပြောသည်။

ကုန်းကလေးရွာမှလွှတ်တင်သည့် မီးပုံးပျံအား ၎င်းကရရှိထားကြောင်းနှင့်မီးပုံးပျံအတွင်းပါဝင်သည့် မြန်မာကျပ်ငွေများနှင့်အတူ ဓာတ်ပုံရိုက်ကူး၍ ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြခဲ့သည်။

“ဗီယက်နမ်နိုင်ငံသားရသွားတာကိုကျွန်တော်လည်း မသိဘူး ရွာကကလေးတွေဖုန်းမှာပုံတွေ့လို့လာပြမှသိရတာ ကျွန်တော်တို့ရဲ့အထိမ်းအမှတ်နေ့မှာ အခုလိုကြုံရတာဆိုတော့ တစ်မျိုးပျော်တာပေါ့”ဟုဦးစောထူးထူးကပြောသည်။

“ကောင်းကင်မှထူးဆန်းသောအရာတစ်ခုကျလာသဖြင့်သွားကြည့်ကြရာ ယင်းမီးပုံးပျံဖြစ်နေကြောင်း” မီးပုံးပျံကိုရရှိသူ ဗီယက်နမ်နိုင်ငံသား Cuong PanDa က၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ရေးသားထားသည်။

(Zawgyi)

လႈိင္းဘြဲ႕ၿမိဳ႕နယ္မွ (၈၄)ႏွစ္ေျမာက္ကရင္အမ်ိဳး သား ႏွစ္သစ္ကူးေန႔အထိမ္းအမွတ္လႊတ္တင္သည့္ မီးပုံးပ်ံေလးလုံးအနက္တစ္လုံးအား ဗီယက္နမ္ႏိုင္ငံသားရရွိ

ဇန္နဝါရီ ၂ ရက္ကက်ေရာက္ခဲ့သည့္ (၈၄)ႏွစ္ ေျမာက္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔အထိမ္း အမွတ္အျဖစ္ ကရင္ျပည္နယ္၊လႈိင္းဘြဲ႕ၿမိဳ႕နယ္ခြဲ၊ပိုင္က်ဳံၿမိဳ႕နယ္မွ ႐ြာသူ၊႐ြာသားမ်ားစုေပါင္းလႊတ္တင္သည့္ မီးပုံးပ်ံေလးလုံးအနက္ အလုံးႀကီးတစ္လုံးသည္ ဗီယက္နမ္ႏိုင္ငံဖက္သို႔က်ေရာက္ခဲ့သည္။

ပိုင္က်ဳံၿမိဳ႕နယ္၊ထီထိုးကိန္အုပ္စု၊ကုန္းကေလး႐ြာမွ ႐ြာသူ၊႐ြာသားမ်ားက ကရင္ႏွစ္သစ္ကူးေန႔အထိမ္းအမွတ္အျဖစ္လႊတ္တင္ခဲ့ျခင္းျဖစ္သည္။

“မီးပုံးပ်ံအေသးသုံးလုံးနဲ႔ အႀကီးတစ္လုံးကိုလႊတ္တင္ခဲ့တာပါ အေသးသုံးလုံးကေတာ့ဘယ္ဖက္ေရာက္သြားတယ္ဆိုတာမသိဘူး အႀကီးအလုံးကေတာ့ ဗီယက္နမ္ဖက္ကိုေရာက္သြားတယ္လို႔သိရတယ္”ဟု မီးပုံးပ်ံေလးလုံးအားဦးေဆာင္လႊတ္တင္ခဲ့သည့္ ဦးေစာထူးထူးကေျပာသည္။

“အဲဒီမီးပုံးပ်ံေတြကို ႐ြာကလူငယ္ေလးေတြက ႏွစ္သစ္ကူးေန႔အထိမ္းအမွတ္လႊတ္ခ်င္တယ္ေျပာတာနဲ႔ ေဘးအႏၲရာယ္ကင္းေအာင္ေသခ်ာစီစဥ္ၿပီးလႊတ္ခဲ့ၾကတာပါ”ဟု ၎ကဆက္ေျပာသည္။

ကုန္းကေလး႐ြာမွလႊတ္တင္သည့္ မီးပုံးပ်ံအား ၎ကရရွိထားေၾကာင္းႏွင့္မီးပုံးပ်ံအတြင္းပါဝင္သည့္ ျမန္မာက်ပ္ေငြမ်ားႏွင့္အတူ ဓာတ္ပုံ႐ိုက္ကူး၍ ၎၏လူမႈကြန္ယက္စာမ်က္ႏွာ၌ ေဖာ္ျပခဲ့သည္။

“ဗီယက္နမ္ႏိုင္ငံသားရသြားတာကိုကြၽန္ေတာ္လည္း မသိဘူး ႐ြာကကေလးေတြဖုန္းမွာပုံေတြ႕လို႔လာျပမွသိရတာ ကြၽန္ေတာ္တို႔ရဲ႕အထိမ္းအမွတ္ေန႔မွာ အခုလိုႀကဳံရတာဆိုေတာ့ တစ္မ်ိဳးေပ်ာ္တာေပါ့”ဟုဦးေစာထူးထူးကေျပာသည္။

“ေကာင္းကင္မွထူးဆန္းေသာအရာတစ္ခုက်လာသျဖင့္သြားၾကည့္ၾကရာ ယင္းမီးပုံးပ်ံျဖစ္ေနေၾကာင္း” မီးပုံးပ်ံကိုရရွိသူ ဗီယက္နမ္ႏိုင္ငံသား Cuong PanDa က၎၏လူမႈကြန္ယက္စာမ်က္ႏွာ၌ေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here