တိုင်းဝန်ကြီးဟောင်း ဦးမျိုးသစ်ကို အလုပ်နှင့်ထောင်ဒဏ် ၂နှစ်ချမှတ်

0
127

(Unicode)

တိုင်းဝန်ကြီးဟောင်း ဦးမျိုးသစ်ကို အလုပ်နှင့်ထောင်ဒဏ် ၂နှစ်ချမှတ်

မန္တလေးတိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးမျိုးသစ် ကို မန္တလေးဗဟိုအကျဉ်းထောင်အထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ်(၂)နှစ်ကျခံစေရန် ယနေ့ ဇန်နဝါရီ ၃ရက်တွင် အမိန့်ချလိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းကသိရသည်။

“ဝန်ထမ်းတွေကို ရုံးပိတ်လိုက်တဲ့ အကြောင်းကြားစာကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာနဲ့ ပါတ်သတ်ပြီး စွဲဆိုထားတဲ့ ၅၀၅(ခ)အမှုနဲ့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကဆိုသည်။

ဝန်ကြီးဟောင်းဦးမျိုးသစ်ကို ချမ်းအေးသာစံမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး က တရားလိုလုပ်ပြီး တရားစွဲခဲ့သည့် အမှုဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ရက်နေ့ကလည်း မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၃၀-က တို ဖြင့် ထောင်ဒဏ် ၂ နှစ် ၊ အိုးဘိုအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မန္တလေး တိုင်းအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဟောင်းဒေါက်တာစိုးသန်း၊မန္တလေးတိုင်း NLDပါတီ အတွင်းရေးမှူး ဦးတင်ကိုကို တိုလည်း သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၃၀-က ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

(Zawgyi)

တိုင္းဝန္ႀကီးေဟာင္း ဦးမ်ိဳးသစ္ကို အလုပ္ႏွင့္ေထာင္ဒဏ္ ၂ႏွစ္ခ်မွတ္

မႏၲေလးတိုင္းအစိုးရအဖြဲ႕ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးေဟာင္း ဦးမ်ိဳးသစ္ ကို
မႏၲေလးဗဟိုအက်ဥ္းေထာင္အထူးတရား႐ုံးက အလုပ္ႏွင့္ ေထာင္ဒဏ္(၂)ႏွစ္က်ခံေစရန္ ယေန႔ ဇန္နဝါရီ ၃ရက္တြင္ အမိန႔္ခ်လိုက္သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းကသိရသည္။

“ဝန္ထမ္းေတြကို ႐ုံးပိတ္လိုက္တဲ့ အေၾကာင္းၾကားစာကို လက္မွတ္ေရးထိုးထုတ္ျပန္လိုက္တာနဲ႔ ပါတ္သတ္ၿပီး စြဲဆိုထားတဲ့ ၅၀၅(ခ)အမႈနဲ႔ အမိန႔္ခ်လိုက္တယ္လို႔ သိရပါတယ္”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကဆိုသည္။

ဝန္ႀကီးေဟာင္းဦးမ်ိဳးသစ္ကို ခ်မ္းေအးသာစံၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး က တရားလိုလုပ္ၿပီး တရားစြဲခဲ့သည့္ အမႈျဖစ္သည္ဟုသိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၈ရက္ေန႔ကလည္း မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာရဲလြင္ ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ႏွင့္ ပုဒ္မ ၃၀-က တို ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ ၊ အိုးဘိုအက်ဥ္းေထာင္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ မႏၲေလး တိုင္းအစိုးရ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးေဟာင္း ဦးဇာနည္ေအာင္၊စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးေဟာင္းေဒါက္တာစိုးသန္း၊မႏၲေလးတိုင္း NLDပါတီ အတြင္းေရးမႉး ဦးတင္ကိုကို တိုလည္း သဘာဝေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ႏွင့္ ပုဒ္မ ၃၀-က ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့သည့္ ျဖစ္စဥ္မ်ားရွိခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here