တွံတေး တွင် အလှူလုပ်ပြီးပြန်လာသည့် မိသားစုဝင်များစီးလာသည့် ကိုယ်ပိုင်ကားငါးမွေးကန်ထဲ ထိုးကျ နစ်မြုပ် ပြီး ၅ ဦးသေဆုံး

0
249

(Unicode)

တွံတေး တွင် အလှူလုပ်ပြီးပြန်လာသည့် မိသားစုဝင်များစီးလာသည့် ကိုယ်ပိုင်ကားငါးမွေးကန်ထဲ ထိုးကျ နစ်မြုပ် ပြီး ၅ ဦးသေဆုံး

ရန်ကုန်တိုင်း၊တွံတေးမြို့နယ်၊ချောင်းဟောင်းရွာအနီးတွင် ဇန်နဝါရီ ၂ ရက်နေ့လည်ပိုင်းက အလှူလုပ်ပြီးပြန်လာသည့် မိသားစုဝင်များစီးလာသည့် ကိုယ် ပိုင်ကား တစ်စီး ငါး မွေးကန် ထဲ ထိုးကျနစ်မြုပ် မှုကြောင့် မိသားစုဝင် အမျိုးသမီးလေးဦးနှင့်ကလေးငယ်တစ်ဦး(စုစုပေါင်း ငါးဦး)သေဆုံးခဲ့ကြောင်း စိတ္တသုခလူမှုကူညီရေးအသင်းမှ သိရသည်။

အခင်းဖြစ်စဥ်တွင် ကိုယ်ပိုင်ကား မောင်းနှင်လာသူမှာ ငါးကန်အတွင်းကားထိုးကျနစ်မြုပ်ရာမှ ပြန်လည်လွတ်မြောက်ခဲ့သည်။

“သတင်းရရခြင်းကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ခဲ့တယ် ကားပေါ်မှာက အမျိုးသမီးလေးယောက်ပါတယ် ကလေးတစ်ယောက်ပါတယ် ကားမောင်းသူအပါအဝင်ဆို ခြောက်ယောက်ပေါ့ အမျိုးသမီးသုံးယောက်ကတော့ ကျွန်တော်တို့ကယ်လို့ရတဲ့အချိန်မှာ ရေမွန်းပြီး ဆုံးသွားပြီ”ဟု စိတ္တသုခလူမှုကူညီရေးအသင်းသားတစ်ဦးကပြောသည်။

ထို့ပြင် အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်မှာလည်း ရေမွန်းကာသတိလစ်နေသဖြင့်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ကာ တွံတေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ်လမ်း၌သေဆုံးသွားခဲ့သည်။

“ဖြစ်စဥ်အသေးစိတ်ကတော့ သေချာမေးနေတုန်းပဲကားမောင်းတဲ့သူကို သူကလည်းမိသားစုဝင်တွေအသက်ဆုံးပါသွားတာကြောင့် တုန်လှုပ်နေတော့ အချိန်တော့နည်းနည်းပေးရမှာပေါ့”ဟု တွံတေးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

Photo-စိတ္တသုခလူမှုကူညီရေးအသင်း

(Zawgyi)

တြံေတး တြင္ အလႉလုပ္ၿပီးျပန္လာသည့္ မိသားစုဝင္မ်ားစီးလာသည့္ ကိုယ္ပိုင္ကားငါးေမြးကန္ထဲ ထိုးက် နစ္ျမဳပ္ ၿပီး ၅ ဦးေသဆုံး

ရန္ကုန္တိုင္း၊တြံေတးၿမိဳ႕နယ္၊ေခ်ာင္းေဟာင္း႐ြာအနီးတြင္ ဇန္နဝါရီ ၂ ရက္ေန႔လည္ပိုင္းက အလႉလုပ္ၿပီးျပန္လာသည့္ မိသားစုဝင္မ်ားစီးလာသည့္ ကိုယ္ ပိုင္ကား တစ္စီး ငါး ေမြးကန္ ထဲ ထိုးက်နစ္ျမဳပ္ မႈေၾကာင့္ မိသားစုဝင္ အမ်ိဳးသမီးေလးဦးႏွင့္ကေလးငယ္တစ္ဦး(စုစုေပါင္း ငါးဦး)ေသဆုံးခဲ့ေၾကာင္း စိတၱသုခလူမႈကူညီေရးအသင္းမွ သိရသည္။

အခင္းျဖစ္စဥ္တြင္ ကိုယ္ပိုင္ကား ေမာင္းႏွင္လာသူမွာ ငါးကန္အတြင္းကားထိုးက်နစ္ျမဳပ္ရာမွ ျပန္လည္လြတ္ေျမာက္ခဲ့သည္။

“သတင္းရရျခင္းကြၽန္ေတာ္တို႔ကယ္ဆယ္ေရးလုပ္ခဲ့တယ္ ကားေပၚမွာက အမ်ိဳးသမီးေလးေယာက္ပါတယ္ ကေလးတစ္ေယာက္ပါတယ္ ကားေမာင္းသူအပါအဝင္ဆို ေျခာက္ေယာက္ေပါ့ အမ်ိဳးသမီးသုံးေယာက္ကေတာ့ ကြၽန္ေတာ္တို႔ကယ္လို႔ရတဲ့အခ်ိန္မွာ ေရမြန္းၿပီး ဆုံးသြားၿပီ”ဟု စိတၱသုခလူမႈကူညီေရးအသင္းသားတစ္ဦးကေျပာသည္။

ထို႔ျပင္ အမ်ိဳးသမီးတစ္ဦးႏွင့္ကေလးငယ္မွာလည္း ေရမြန္းကာသတိလစ္ေနသျဖင့္အေရးေပၚကူညီကယ္ဆယ္ေရးလုပ္ကာ တြံေတးၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္လမ္း၌ေသဆုံးသြားခဲ့သည္။

“ျဖစ္စဥ္အေသးစိတ္ကေတာ့ ေသခ်ာေမးေနတုန္းပဲကားေမာင္းတဲ့သူကို သူကလည္းမိသားစုဝင္ေတြအသက္ဆုံးပါသြားတာေၾကာင့္ တုန္လႈပ္ေနေတာ့ အခ်ိန္ေတာ့နည္းနည္းေပးရမွာေပါ့”ဟု တြံေတးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။

Photo-စိတၱသုခလူမႈကူညီေရးအသင္း


LEAVE A REPLY

Please enter your comment!
Please enter your name here