၂နှစ်နီးပါးခန့် ရပ်ဆိုင်းထားသည့် ကျောင်းအခြေပြု သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်

0
226

(Unicode)

၂နှစ်နီးပါးခန့် ရပ်ဆိုင်းထားသည့် ကျောင်းအခြေပြု သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည့် သင်တန်းများကို ဇန်နဝါရီ၁၀ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်မည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးကပြောသည်။

“ကိုဗစ်စဖြစ်တဲ့ ၂၀၂၁ မတ်လကတည်းက စပြီး လူစုလူဝေးမလုပ်ရဆိုတော့ အခုဖွင့်မယ့်သတင်တန်းတွေကို ယာယီပိတ်လိုက်တာပေါ့။၂နှစ်နီးပါးလောက်ရှိနေပြီ။အခု ပြန်ဖွင့်တာပေါ့”ဟု ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

ပြန်လည်ဖွင့်လှစ်မည့် သင်တန်းအပတ်စဉ်က (၃/ ၂၀၂၂) ဖြစ်ပြီး (၁၀-၁-၂၀၂၂)ရက်နေ့မှ (၁၈၂-၂၀၂)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ တက်ရောက်လိုကြသည့် သင်တန်းသား (အမျိုးသမီး၊ အမျိုးသား) များ အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်း၍ တက်ရောက်နိုင်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောဆိုသည်။

စုံစမ်းနိုင်သည့် သင်တန်းကျောင်းများမှာ- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)
အမှတ်-၁၃၅၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ဖုန်း၀၁-၅၃၆၂၈၀ ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)အမှတ်-၁၆၉၊ ၈၃လမ်း၊ ၂၅ x၂၆လမ်းကြား၊ အောင်မြေ သာဇံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့၊ ဖုန်း၀၂-၄၀၃၆၇၉၈၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်) ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့၊ ဖုန်းဝ၅၇-၂၀၂၇၁၆၆၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ) အမှတ် (၁၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူ မြို့၊ ဖုန်း၀၅၄-၂၃၅၇၁၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)အမှတ်(၉၂)၊ ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဖုန်း- ၀၇၄-၂၅၂၂၅၅၈၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဖျာပုံ) ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ဖျာပုံမြို့၊ ၀၉-၄၅၅၇၈၈၀၂၁၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်) အမှတ်-၂ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊ ဖုန်း – ၀၄၂-၂၅၃၇၃၊ ၀၄၂-၂၁၀၇၃၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (စစ်တွေ) မေယုလမ်း(လေယာဉ်ကွင်းအနီး)၊ မန်ကျည်းမြိုင်ရပ်ကွက် စစ်တွေမြို့၊ ဖုန်း- ၀၄၃- ၂၂၀၆၇၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရွာငံ) အမှတ်-၈၂ ၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု၊ အင်းကုန်း ကျေးရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ ဖုန်း- ၀၉- ၇၈၁၁၁၆၂၇၂၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်) အကွက်အမှတ်(၂၄)၊ ဆန်ချီအနောက်ကွင်း၊ ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ ဖုန်း- ၀၅၉-၂၀၂၄၀၀၉ တို့ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့ တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ကလေးဝတ် ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆) ပတ်ကြာ သင်ကြားပေးလျက်ရှိသည်။

“အချို့ကလည်း ဝါသနာအရ၊အချို့ကလည်း အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ လာရောက် သင်ကြားကြတာတွေရှိပါတယ်။ဒီသင်တန်းတွေကနေ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုလုပ်လို့ ရတဲ့အထိ အများကြီး မွေးထုတ်ပြီးဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

(Zawgyi)

၂ႏွစ္နီးပါးခန႔္ ရပ္ဆိုင္းထားသည့္ ေက်ာင္းအေျချပဳ သင္တန္းမ်ား ျပန္လည္ဖြင့္လွစ္မည္

အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ား၌ ဖြင့္လွစ္သင္ၾကားေပးလွ်က္ရွိသည့္ သင္တန္းမ်ားကို ဇန္နဝါရီ၁၀ရက္ေန႔ကစၿပီး ျပန္လည္ဖြင့္လွစ္မည္ဟု လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာစန္းစန္းေအးကေျပာသည္။

“ကိုဗစ္စျဖစ္တဲ့ ၂၀၂၁ မတ္လကတည္းက စၿပီး လူစုလူေဝးမလုပ္ရဆိုေတာ့ အခုဖြင့္မယ့္သတင္တန္းေတြကို ယာယီပိတ္လိုက္တာေပါ့။၂ႏွစ္နီးပါးေလာက္ရွိေနၿပီ။အခု ျပန္ဖြင့္တာေပါ့”ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ကေျပာသည္။

ျပန္လည္ဖြင့္လွစ္မည့္ သင္တန္းအပတ္စဥ္က (၃/ ၂၀၂၂) ျဖစ္ၿပီး (၁၀-၁-၂၀၂၂)ရက္ေန႔မွ (၁၈၂-၂၀၂)ရက္ေန႔ထိ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ကာ တက္ေရာက္လိုၾကသည့္ သင္တန္းသား (အမ်ိဳးသမီး၊ အမ်ိဳးသား) မ်ား အေနျဖင့္ သက္ဆိုင္ရာတိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္းမ်ားသို႔ ႐ုံးခ်ိန္အတြင္းဆက္သြယ္ စုံစမ္း၍ တက္ေရာက္ႏိုင္ေၾကာင္းလည္း ၫႊန္ၾကားေရးမႉးခ်ဳပ္က ေျပာဆိုသည္။

စုံစမ္းႏိုင္သည့္ သင္တန္းေက်ာင္းမ်ားမွာ- အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ရန္ကုန္)
အမွတ္-၁၃၅၊ ဓမၼေစတီလမ္း၊ ဗဟန္းၿမိဳ႕နယ္၊ဖုန္း၀၁-၅၃၆၂၈၀ ၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (မႏၲေလး)အမွတ္-၁၆၉၊ ၈၃လမ္း၊ ၂၅ x၂၆လမ္းၾကား၊ ေအာင္ေျမ သာဇံၿမိဳ႕နယ္၊ စစ္ကိုင္းတန္းရပ္၊ မႏၲေလးၿမိဳ႕၊ ဖုန္း၀၂-၄၀၃၆၇၉၈၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ေမာ္လၿမိဳင္) ေ႐ႊေတာင္ရပ္၊ အထက္လမ္းမႀကီးေဘး၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ဖုန္းဝ၅၇-၂၀၂၇၁၆၆၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ေတာင္ငူ) အမွတ္ (၁၈)ရပ္ကြက္၊ စည္သူလမ္း၊ ဘူတာအနီး၊ ေတာင္ငူ ၿမိဳ႕၊ ဖုန္း၀၅၄-၂၃၅၇၁၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ျမစ္ႀကီးနား)အမွတ္(၉၂)၊ ရွမ္းစုေျမာက္ရပ္ကြက္၊ ျမစ္ႀကီးနားၿမိဳ႕၊ ဖုန္း- ၀၇၄-၂၅၂၂၅၅၈၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ဖ်ာပုံ) က်ဳံကူေက်း႐ြာ၊ ဖ်ာပုံ-ဘိုကေလး ကားလမ္းေဘး၊ဖ်ာပုံၿမိဳ႕၊ ၀၉-၄၅၅၇၈၈၀၂၁၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ပုသိမ္) အမွတ္-၂ရပ္ကြက္၊ မင္းႀကီးလမ္း၊ ပုသိမ္ၿမိဳ႕၊ ဖုန္း – ၀၄၂-၂၅၃၇၃၊ ၀၄၂-၂၁၀၇၃၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (စစ္ေတြ) ေမယုလမ္း(ေလယာဥ္ကြင္းအနီး)၊ မန္က်ည္းၿမိဳင္ရပ္ကြက္ စစ္ေတြၿမိဳ႕၊ ဖုန္း- ၀၄၃- ၂၂၀၆၇၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (႐ြာငံ) အမွတ္-၈၂ ၊ အင္းကုန္းငါးဆူေက်း႐ြာအုပ္စု၊ အင္းကုန္း ေက်း႐ြာ၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕၊ ဖုန္း- ၀၉- ၇၈၁၁၁၆၂၇၂၊ အိမ္တြင္းမႈသက္ေမြးလုပ္ငန္းပညာသင္ေက်ာင္း (ထားဝယ္) အကြက္အမွတ္(၂၄)၊ ဆန္ခ်ီအေနာက္ကြင္း၊ ထားဝယ္ၿမိဳ႕ တနသၤာရီတိုင္းေဒသႀကီး၊ထားဝယ္ၿမိဳ႕၊ ဖုန္း- ၀၅၉-၂၀၂၄၀၀၉ တို႔ျဖစ္ေၾကာင္း သိရသည္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနသည္ ရန္ကုန္၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ ေတာင္ငူ၊ ျမစ္ႀကီးနား၊ ဖ်ာပုံ၊ စစ္ေတြ၊ ႐ြာငံႏွင့္ ထားဝယ္ၿမိဳ႕ တို႔တြင္ အိမ္တြင္းမႈသက္ေမြးလုပ္ငန္း ပညာသင္ေက်ာင္းမ်ားအား ဖြင့္လွစ္ထားရွိကာ စက္ခ်ဳပ္သင္တန္းမ်ား(မိန္းမဝတ္၊ကေလးဝတ္ က်ားရွပ္၊ တိုက္ပုံ၊ ကုတ္အက်ႌ၊ လက္မႈသင္တန္း၊ မုန႔္မ်ိဳးစုံျပဳလုပ္နည္း သင္တန္း၊ အစားအစာခ်က္ျပဳတ္နည္းသင္တန္းႏွင့္ ပန္းအလွျပင္ သင္တန္း စသည့္သင္တန္းမ်ားကို ဘ႑ာေရးႏွစ္ တစ္ႏွစ္လွ်င္ သင္တန္းအပတ္စဥ္(၈)ခု၊ အပတ္စဥ္တစ္ခုလွ်င္ (၆) ပတ္ၾကာ သင္ၾကားေပးလ်က္ရွိသည္။

“အခ်ိဳ႕ကလည္း ဝါသနာအရ၊အခ်ိဳ႕ကလည္း အသက္ေမြးဝမ္းေက်ာင္း အလုပ္တစ္ခုအေနနဲ႔ လာေရာက္ သင္ၾကားၾကတာေတြရွိပါတယ္။ဒီသင္တန္းေတြကေန အသက္ေမြးဝမ္းေက်ာင္းအလုပ္တစ္ခုလုပ္လို႔ ရတဲ့အထိ အမ်ားႀကီး ေမြးထုတ္ၿပီးျဖစ္ပါတယ္”ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္က ရွင္းျပသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here