ဧရာဝတီဘဏ်၏ အတိုးကြိုပေးမည့် AYA New Year Fixed Deposit စာရင်းသေအပ်ငွေအတိုးကို ငွေသားဖြင့်လက်ငင်းထုတ်ယူနိုင်

0
327

(Unicode)

ဧရာဝတီဘဏ်၏ အတိုးကြိုပေးမည့် AYA New Year Fixed Deposit စာရင်းသေအပ်ငွေအတိုးကို ငွေသားဖြင့်လက်ငင်းထုတ်ယူနိုင်

ဧရာဝတီဘဏ်မှ ရက်ပေါင်း ၁၂၀ သက်တမ်းရှိ AYA New Year Fixed Deposit စာရင်းသေအပ်ငွေအား အတိုးကြိုပေးသည့်အနေဖြင့် စာရင်းသေအပ်ငွေအတိုးကို ငွေသားဖြင့်လက်ငင်းထုတ်ယူနိုင်ကြောင်း ကြေညာခဲ့သည်။

ရက်ပေါင်း ၁၂၀ သက်တမ်းရှိ စာရင်းသေအပ်ငွေအား ဧရာဝတီဘဏ်မှ ကျပ်သိန်း ၅၀ နှင့်အထက်အပ်ငွေအား အတိုးနှုန်း ၉ ဒသမ ၅၀ ရာခိုင်နှုန်း(p.a)နှင့်ကျပ်သိန်း ၅၀ အောက်အပ်ငွေအား အတိုးနှုန်း ၉ ဒသမ ၂၅ ရာခိုင်နှုန်း(p.a) အမြင့်ဆုံးအတိုးနှုန်းများဖြင့်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

AYA New Year Fixed Deposit စာရင်းသေအပ်ငွေအား ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလတွင် ဖွင့်လှစ်ကာ အတိုးကိုလက်ငင်းရယူနိုင်မည်ဖြစ်ကာ ၂၀၂၂ ခုနှစ်၊ဧပြီလ(မြန်မာနှစ်ကူးချိန်)ရက်ပေါင်း ၁၂၀ အကြာတွင် အပ်ငွေများကို ငွေသားအဖြစ် ပြန်လည် ထုတ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါ AYA New Fixed Deposit ကိုငွေကျပ် ၁၀ သိန်းမှစတင်၍ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်အထိ ဧရာဝတီဘဏ်ခွဲတိုင်း၌ စာရင်းဖွင့်လှစ်နိုင်မည်ဖြစ်သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here