(Unicode)
မြဝတီမြို့နယ်၌ အောက်ဆီဂျင်သယ်လာသည့် ကားကိုသေနတ်များဖြင့်ပစ်ခတ်၍ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် ကျည်ထိမှန် ဟု နစက ထုတ်ပြန်
ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်မပြတ်လပ်စေရန် အောက်ဆီဂျင်အရည်တန် ၂၀ အား ထိုင်းနိုင်ငံမှ သယ်လာသည့်ကားကို KNLA အဖွဲ့နှင့် PDF အဖွဲ့တို့က ဇန်နဝါရီ ၃ ရက်မွန်းလွဲ ၂ နာရီခွဲခန့်က ပစ် ခတ်ခဲ့ခြင်းဖြစ်သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
အောက်ဆီဂျင်သယ်လာသောကားသည် မြဝတီမြို့မှရန်ကုန်မြို့သို့ ထွက်လာစဥ် အာရှလမ်းမကြီးပေါ်ရှိ ကွင်းကလေးရွာ အနောက်မြောက်ဘက်မီ တာ ၂၀၀၀ ခန့်အကွာ ကွင်းကလေးတံတားအပေါ်ကွေ့၌ သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ယာဉ်မောင်းဦးဇေယျနှင့် ယာဉ်နောက်လိုက်ဦးအောင်ကြီး တို့တွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကား၏လေကာမှန်များပျက်စီးခဲ့သည်။
ဒဏ်ရာရသူနှစ်ဦးအား သင်္ကန်းညီနောင်လူမှုကူညီရေးအသင်းမှလူနာတင်ယာဥ်ဖြင့် သင်္ကန်းညီနောင်မြို့ရှိ တပ်မတော်ဆေးရုံကုတင်(၂၅)သို့ (စိုးရိမ်ရ)လူနာများအဖြစ် တင်ပို့ခဲ့ရသည်။
(Zawgyi)
ျမဝတီၿမိဳ႕နယ္၌ ေအာက္ဆီဂ်င္သယ္လာသည့္ ကားကိုေသနတ္မ်ားျဖင့္ပစ္ခတ္၍ ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္ က်ည္ထိမွန္ ဟု နစက ထုတ္ျပန္
ကိုဗစ္(၁၉)ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ားတြင္ ေအာက္ဆီဂ်င္မျပတ္လပ္ေစရန္ ေအာက္ဆီဂ်င္အရည္တန္ ၂၀ အား ထိုင္းႏိုင္ငံမွ သယ္လာသည့္ကားကို KNLA အဖြဲ႕ႏွင့္ PDF အဖြဲ႕တို႔က ဇန္နဝါရီ ၃ ရက္မြန္းလြဲ ၂ နာရီခြဲခန္႔က ပစ္ ခတ္ခဲ့ျခင္းျဖစ္သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။
ေအာက္ဆီဂ်င္သယ္လာေသာကားသည္ ျမဝတီၿမိဳ႕မွရန္ကုန္ၿမိဳ႕သို႔ ထြက္လာစဥ္ အာရွလမ္းမႀကီးေပၚရွိ ကြင္းကေလး႐ြာ အေနာက္ေျမာက္ဘက္မီ တာ ၂၀၀၀ ခန႔္အကြာ ကြင္းကေလးတံတားအေပၚေကြ႕၌ ေသနတ္မ်ားျဖင့္ဝိုင္းဝန္းပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္။
ယာဥ္ေမာင္းဦးေဇယ်ႏွင့္ ယာဥ္ေနာက္လိုက္ဦးေအာင္ႀကီး တို႔တြင္က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ကား၏ေလကာမွန္မ်ားပ်က္စီးခဲ့သည္။
ဒဏ္ရာရသူႏွစ္ဦးအား သကၤန္းညီေနာင္လူမႈကူညီေရးအသင္းမွလူနာတင္ယာဥ္ျဖင့္ သကၤန္းညီေနာင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံကုတင္(၂၅)သို႔ (စိုးရိမ္ရ)လူနာမ်ားအျဖစ္ တင္ပို႔ခဲ့ရသည္။