ဆင်းရဲချို့တဲ့တဲ့ အမေကြည် အတွက် တန်ဖိုးနည်းအိမ်လေး ကိုယ်တိုင်ဆောက်လုပ် လှူပေးခဲ့တဲ့ လူရွင်တော်စိစိ

0
235

ဆင်းရဲချို့တဲ့တဲ့ အမေကြည်အတွက်တန်ဖိုးနည်းအိမ်လေးကိုယ်တိုင်ဆောက်လုပ်လှူပေးခဲ့တဲ့ လူရွင်တော်စိစိ

လူရွှင်တော်စိစိကယနေ့ ဇန်နဝါရီ လ ၄ရက်နေ့မှာ ပြည်မြို့မှာရှိတဲ့ ဆင်းရဲချို့တဲ့တဲ့ အမေကြည်အတွက် တန်ဖိုးနည်းအိမ်လေးကိုကိုယ်တိုင်ငွေအကုန်ကျခံဆောက်လုပ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်ပုံနဲ့ပတ်သက်ပြီး လူရွင်တော်စိစိက ” အစ်ကိုအခုလက်ရှိတော့အမေကြည်အိမ်ကလေးကိုပရဟိတလေးအဖြစ် ငွေသား(သုံးသိန်းရှစ်သောင်းကျပ်)တန်ဖိုးရှိ တန်ဖိုးနည်းအိမ်လေးကို ဒီနေ့လွွတ်လပ်ရေးနေ့မှာအပြီးဆောက်လုပ်လူဒါန်းပေးခဲ့တယ်။ ဘာလို့ဆောက်ဖြစ်တာဆိုရင်လေ အမေကြည်က အသက်လဲ ကြီးနေပြီ သူ့မှာအမျိုးသားလဲဆုံးပါးသွားပြီး သားသမီးလည်းမရှိတော့ဘူး နောက်ပြီးနေစရာအတည်တကျလည်းမရှိတော့ တတ်နိုင်သလောက်လေး နဲ့အိမ်လေးဆောက်ပေးလိုက်ပြီး ကုသိုလ်ယူလိုက်တာပါ။ ” လို့ လူရွှင်တော်စိစိက ပြောပါတယ်။

အခုလက်ရှိမှာ လူရွှင်တော်စိစိက ပြည်မြို့ကိုရောက်ရှိနေပြီး လိုအပ်တဲ့သူတွေအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းမှုလေးတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

Zaw gyi

ဆင္းရဲခ်ိဳ႕တဲ့တဲ့ အေမၾကည္အတြက္တန္ဖိုးနည္းအိမ္ေလးကိုယ္တိုင္ေဆာက္လုပ္လႉေပးခဲ့တဲ့လူ႐ြင္ေတာ္စိစိ

လူ႐ႊင္ေတာ္စိစိကယေန႔ ဇန္နဝါရီ လ ၄ရက္ေန႔မွာ ျပည္ၿမိဳ႕မွာရွိတဲ့ ဆင္းရဲခ်ိဳ႕တဲ့တဲ့ အေမၾကည္အတြက္ တန္ဖိုးနည္းအိမ္ေလးကိုကိုယ္တိုင္ေငြအကုန္က်ခံေဆာက္လုပ္လႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။

အခုလိုလႉျဖစ္ပုံနဲ႔ပတ္သက္ၿပီး လူ႐ြင္ေတာ္စိစိက ” အစ္ကိုအခုလက္ရွိေတာ့အေမၾကည္အိမ္ကေလးကိုပရဟိတေလးအျဖစ္ ေငြသား(သုံးသိန္းရွစ္ေသာင္းက်ပ္)တန္ဖိုးရွိ တန္ဖိုးနည္းအိမ္ေလးကို ဒီေန႔လြြတ္လပ္ေရးေန႔မွာအၿပီးေဆာက္လုပ္လူဒါန္းေပးခဲ့တယ္။ ဘာလို႔ေဆာက္ျဖစ္တာဆိုရင္ေလ အေမၾကည္က အသက္လဲ ႀကီးေနၿပီ သူ႔မွာအမ်ိဳးသားလဲဆုံးပါးသြားၿပီး သားသမီးလည္းမရွိေတာ့ဘူး ေနာက္ၿပီးေနစရာအတည္တက်လည္းမရွိေတာ့ တတ္ႏိုင္သေလာက္ေလး နဲ႔အိမ္ေလးေဆာက္ေပးလိုက္ၿပီး ကုသိုလ္ယူလိုက္တာပါ။ ” လို႔ လူ႐ႊင္ေတာ္စိစိက ေျပာပါတယ္။

အခုလက္ရွိမွာ လူ႐ႊင္ေတာ္စိစိက ျပည္ၿမိဳ႕ကိုေရာက္ရွိေနၿပီး လိုအပ္တဲ့သူေတြအတြက္ တတ္ႏိုင္သေလာက္ ကူညီလႉဒါန္းမႈေလးေတြ ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here