ဘားအံမြို့ရှိ တောင်ကလေးကွင်း၌ ရပ်ထားသည့်ကားများအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
172

(Unicode)

ဘားအံမြို့ရှိ တောင်ကလေးကွင်း၌ ရပ်ထားသည့်ကားများအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ်၊ဘားအံမြို့ရှိ အခမ်းအနားများကျင်းပလေ့ရှိသည့် တောင်ကလေးကွင်း၌ ရပ်ထားသည့်ကားများအနီးတွင် ဇန်နဝါရီ ၃ ရက်ည ၆ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တောင်ကလေးကွင်းသည် ဇန်နဝါရီ ၂ ရက်က (၈၄)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားအားကျင်းပခဲ့သည့် ​နေရာ ဖြစ်သည်။

“ဗုံးပေါက်တဲ့အသံကတော့အကျယ်ကြီးပဲ အိမ်တွေပါတုန်တယ် အဲဒီမှာက လက်ရှိပွဲတော်တစ်ခုလည်းလုပ်နေတယ်”ဟုဒေသခံတစ်ဦးကပြော သည်။

ဗုံးပေါက်ကွဲမှုသည် တောင်ကလေးကွင်း၌ပြုလပ်နေသည့် ပွဲတော်အားလာရောက်လည်ပတ်သူများ၏ ကားများထားသည့်နေရာတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်၍ ကားအချို့မှာပျက်စီးဆုံးရှုံးခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပွဲတော်ကတော့ရပ်မသွားဘူး ဆက်လုပ်တာပဲ စစ်သားတွေ ရဲတွေတော့ဗုံးပေါက်တဲ့နေရာကိုအများကြီးရောက်လာကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

တောင်ကလေးကွင်း၌ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် လက်ဝှေ့ပွဲများနှင့်ကရင်တေးသံရှင်များက တေးသီချင်း သီဆိုဖျော်ဖြေမှုများပြုလုပ်လျက်ရှိသည်။

(Zawgyi)

ဘားအံၿမိဳ႕ရွိ ေတာင္ကေလးကြင္း၌ ရပ္ထားသည့္ကားမ်ားအနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြား

ကရင္ျပည္နယ္၊ဘားအံၿမိဳ႕ရွိ အခမ္းအနားမ်ားက်င္းပေလ့ရွိသည့္ ေတာင္ကေလးကြင္း၌ ရပ္ထားသည့္ကားမ်ားအနီးတြင္ ဇန္နဝါရီ ၃ ရက္ည ၆ နာရီခြဲခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ ေတာင္ကေလးကြင္းသည္ ဇန္နဝါရီ ၂ ရက္က (၈၄)ႏွစ္ေျမာက္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔အခမ္းအနားအားက်င္းပခဲ့သည့္ ​ေနရာ ျဖစ္သည္။

“ဗုံးေပါက္တဲ့အသံကေတာ့အက်ယ္ႀကီးပဲ အိမ္ေတြပါတုန္တယ္ အဲဒီမွာက လက္ရွိပြဲေတာ္တစ္ခုလည္းလုပ္ေနတယ္”ဟုေဒသခံတစ္ဦးကေျပာ သည္။

ဗုံးေပါက္ကြဲမႈသည္ ေတာင္ကေလးကြင္း၌ျပဳလပ္ေနသည့္ ပြဲေတာ္အားလာေရာက္လည္ပတ္သူမ်ား၏ ကားမ်ားထားသည့္ေနရာတြင္ေပါက္ကြဲခဲ့ျခင္းျဖစ္၍ ကားအခ်ိဳ႕မွာပ်က္စီးဆုံးရႈံးခဲ့ၿပီး လူမ်ားထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ပြဲေတာ္ကေတာ့ရပ္မသြားဘူး ဆက္လုပ္တာပဲ စစ္သားေတြ ရဲေတြေတာ့ဗုံးေပါက္တဲ့ေနရာကိုအမ်ားႀကီးေရာက္လာၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ေတာင္ကေလးကြင္း၌ ကရင္ႏွစ္သစ္ကူးေန႔အထိမ္းအမွတ္အျဖစ္ လက္ေဝွ႔ပြဲမ်ားႏွင့္ကရင္ေတးသံရွင္မ်ားက ေတးသီခ်င္း သီဆိုေဖ်ာ္ေျဖမႈမ်ားျပဳလုပ္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here