ရုရှားသမ္မတ၊ကမ္ဘောဒီးယားဝန်ကြီးချုပ် အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့က မြန်မာ့လွတ်လပ်ရေးနေ့အခါသမယဝမ်းမြောက်ကြောင်း သဝဏ်လွှာများအသီးသီးပေးပို့

0
199

(Unicode)

ရုရှားသမ္မတ၊ကမ္ဘောဒီးယားဝန်ကြီးချုပ် အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့က မြန်မာ့လွတ်လပ်ရေးနေ့အခါသမယဝမ်းမြောက်ကြောင်း သဝဏ်လွှာများအသီးသီးပေးပို့

ယနေ့ ကျရောက်သည့် ၇၄နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က မြန်မာနိုင်ငံကို ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

နစကဥက္ကဌထံ လိပ်မူကာပေးပို့သည့် သဝဏ်လွှာထဲတွင် နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်ဖော်ဆောင်သွားမည့်အကြောင်းအပါအဝင် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်ကိုတွေ့ရသည်။

သဝဏ်လွှာပေးပို့မှုထဲ ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး၊ ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး၊ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးပါကြောင်းသိရှိရသည်။

သဝဏ်လွှာပေးပို့သည့် နိုင်ငံများက မြန်မာနိုင်ငံတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းများအသီးသီးတောင်းခဲ့ကြသည်။

သဝဏ်လွှာအချို့ကို နစကနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ထံသို့လည်း ပေးပို့ခဲ့ကြသည်ဟု သိရသည်။

(Zawgyi)

႐ုရွားသမၼတ၊ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ အပါအဝင္ ကမာၻ႔ႏိုင္ငံ အခ်ိဳ႕က ျမန္မာ့လြတ္လပ္ေရးေန႔အခါသမယဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာမ်ားအသီးသီးေပးပို႔

ယေန႔ က်ေရာက္သည့္ ၇၄ႏွစ္ေျမာက္ ျမန္မာ့လြတ္လပ္ေရးေန႔ အခါသမယမွာ ႐ုရွားသမၼတ မစၥတာဗလာဒီမာပူတင္က ျမန္မာႏိုင္ငံကို ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာေပးပို႔ခဲ့သည္။

နစကဥကၠဌထံ လိပ္မူကာေပးပို႔သည့္ သဝဏ္လႊာထဲတြင္ ႏွစ္ႏိုင္ငံျပည္သူမ်ား၏အက်ိဳးစီးပြားအတြက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ယခုထက္ပိုမိုတိုးျမႇင့္ေဖာ္ေဆာင္သြားမည့္အေၾကာင္းအပါအဝင္ ျမန္မာျပည္သူမ်ား ၿငိမ္းခ်မ္းသာယာဝေျပာပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းထားသည္ကိုေတြ႕ရသည္။

သဝဏ္လႊာေပးပို႔မႈထဲ ကေမာၻဒီးယားႏိုင္ငံဘုရင္မင္းျမတ္၊ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္၊ ကေမာၻဒီးယားႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီး၊ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး၊ ဆားဘီးယားႏိုင္ငံျခားေရးဝန္ႀကီး၊ကိုရီးယားဒီမိုကရက္တစ္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးပါေၾကာင္းသိရွိရသည္။

သဝဏ္လႊာေပးပို႔သည့္ ႏိုင္ငံမ်ားက ျမန္မာႏိုင္ငံတိုးတက္ပါေစေၾကာင္း ဆုမြန္ေကာင္းမ်ားအသီးသီးေတာင္းခဲ့ၾကသည္။

သဝဏ္လႊာအခ်ိဳ႕ကို နစကႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးဝဏၰေမာင္လြင္ထံသို႔လည္း ေပးပို႔ခဲ့ၾကသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here