မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းကိစ္စ လက်တွဲဆောင်ရွက်မည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားပြောကြား

0
124

(Unicode)

မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းကိစ္စ လက်တွဲဆောင်ရွက်မည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားပြောကြား

မြန်မာနိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်၍ ကတိကဝတ်ပြုပါကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆင်က ပြောကြားသည်။

ယနေ့ကျရောက်သည့် ၇၄နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် နစကဥက္ကဋ္ဌထံ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသော ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်စည်းလုံးညီညွတ် ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းဖြင့် ဒေသတွင်းသာမက နိုင်ငံတကာ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စဉ်ဆက် မပြတ် ဖွံဖြိုးတိုးတက်ရေးကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် မြန်မာ နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ဝန်ကြီးချုပ်ဟွန်ဆင်က ပြောသည်။

ဝန်ကြီးချူပ်ဟွန်ဆင်သည် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်လည်ပါတ်ရန်ရှိနေသည်။

ဝန်ကြီးချူပ်ဟွန်ဆင်နည်းတူ နစကဥက္ကဋ္ဌထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ပရယ်ဘတ်ဆမ်ဒက် ဝရယ်ဘိုရိုနှစ် နိုရိုဒွန် သီဟာမိုနီကလည်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင် အာဆီယံ ဒေသတွင်းဖိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် မှုကို များစွာတန်ဖိုးထားရှိကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းစွာဖွံဖြိုးတိုးတက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်၍ ကတိကဝတ်ပြုပါကြောင်း သဝဏ်လွှာတွင်ပြောဆိုထားသည်။

ယနေ့ကျရောက်သည့် (၇၄)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အတွက် နစကနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်းက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် သာယာဝပြောစေရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မိမိတို့၏ အခြေခံမူများကို ထိန်းသိမ်းခြင်းနှင့် မြန်မာနိုင်ငံ၏ အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အကူအညီပေး သွားရန် မြန်မာနိုင်ငံအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဟုထပ်လောင်းအတည်ပြုခဲ့သည်ဟုသိရသည်။

(Zawgyi)

ျမန္မာႏိုင္ငံ၌ အမ်ိဳးသားျပန္လည္စည္းလုံးညီၫြတ္ေရးႏွင့္ ေရရွည္တည္တံ့သည့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ျခင္းကိစၥ လက္တြဲေဆာင္႐ြက္မည္ဟု အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားေျပာၾကား

ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းစြာ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ကေမာၻဒီးယားႏိုင္ငံက ဆက္လက္၍ ကတိကဝတ္ျပဳပါေၾကာင္း ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ မစၥတာဟြန္ဆင္က ေျပာၾကားသည္။

ယေန႔က်ေရာက္သည့္ ၇၄ႏွစ္ေျမာက္ ျမန္မာ့လြတ္လပ္ေရးေန႔အတြက္ နစကဥကၠ႒ထံ ေပးပို႔သည့္ သဝဏ္လႊာတြင္ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

၂၀၂၂ ခုႏွစ္ အာဆီယံဥကၠ႒တာဝန္ယူထားေသာ ကေမာၻဒီးယား ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၌ အမ်ိဳးသားျပန္လည္စည္းလုံးညီၫြတ္ ေရးႏွင့္ ေရရွည္တည္တံ့သည့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ျခင္းျဖင့္ ေဒသတြင္းသာမက ႏိုင္ငံတကာ၏ ၿငိမ္းခ်မ္းတည္ၿငိမ္ေရးႏွင့္ စဥ္ဆက္ မျပတ္ ဖြံၿဖိဳးတိုးတက္ေရးကို ထိန္းသိမ္းျမႇင့္တင္ေရးအတြက္ ျမန္မာ ႏိုင္ငံႏွင့္အတူ လက္တြဲေဆာင္႐ြက္သြားမည္ျဖစ္ပါသည္ဟု ဝန္ႀကီးခ်ဳပ္ဟြန္ဆင္က ေျပာသည္။

ဝန္ႀကီးခ်ဴပ္ဟြန္ဆင္သည္ မၾကာမီရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံသို႔ အလုပ္သေဘာ လာေရာက္လည္ပါတ္ရန္ရွိေနသည္။

ဝန္ႀကီးခ်ဴပ္ဟြန္ဆင္နည္းတူ နစကဥကၠ႒ထံသို႔ ကေမာၻဒီးယားႏိုင္ငံ ဘုရင္မင္းျမတ္ပရယ္ဘတ္ဆမ္ဒက္ ဝရယ္ဘို႐ိုႏွစ္ ႏို႐ိုဒြန္ သီဟာမိုနီကလည္း (၇၄)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အတြက္ ဝမ္းေျမာက္ေၾကာင္း သဝဏ္လႊာေပးပို႔ရာတြင္ အာဆီယံ ေဒသတြင္းဖိုရမ္မွတစ္ဆင့္ ျမန္မာႏိုင္ငံႏွင့္ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ မႈကို မ်ားစြာတန္ဖိုးထားရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းစြာဖြံၿဖိဳးတိုးတက္ရန္အတြက္ ကေမာၻဒီးယားႏိုင္ငံက ဆက္လက္၍ ကတိကဝတ္ျပဳပါေၾကာင္း သဝဏ္လႊာတြင္ေျပာဆိုထားသည္။

ယေန႔က်ေရာက္သည့္ (၇၄)ႏွစ္ေျမာက္ ျမန္မာ့လြတ္လပ္ေရးေန႔အတြက္ နစကႏိုင္ငံျခားေရးဝန္ႀကီးဦးဝဏၰေမာင္လြင္ထံ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာေပးပို႔ခဲ့ေသာ ကေမာၻဒီးယားႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မစၥတာ ပရက္ဆုတ္ခ္ခြန္းက ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ သာယာဝေျပာေစေရးကို ထိန္းသိမ္းေစာင့္ေရွာက္ရန္အတြက္ မိမိတို႔၏ အေျခခံမူမ်ားကို ထိန္းသိမ္းျခင္းႏွင့္ ျမန္မာႏိုင္ငံ၏ အေျခအေနကို ပိုမိုတိုးတက္ေကာင္းမြန္ေရးအတြက္ အကူအညီေပး သြားရန္ ျမန္မာႏိုင္ငံအပါအဝင္ အျခားအာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား ႏွင့္ အတူတကြ လက္တြဲေဆာင္႐ြက္သြားမည္ဟုထပ္ေလာင္းအတည္ျပဳခဲ့သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here