ရန်ကုန်မြို့နယ် ကိုးမြို့နယ်တွင် မနက်ဖြန်ရေအားလျော့နည်းပြတ်တောက်မည်

0
178

(Unicode)

ရန်ကုန်မြို့နယ် ကိုးမြို့နယ်တွင် မနက်ဖြန်ရေအားလျော့နည်းပြတ်တောက်မည်

ဗဟန်း ၊မင်္ဂလာတောင်ညွန့်၊တာမွေ၊ဒဂုံ၊လသာ၊ပန်းဘဲတန်း၊ကျောက်တံတား၊ဗိုလ်တထောင်နှင့်ပုဇွန်တောင်မြို့နယ်တို့တွင် ဇန်နဝါရီ ၆ ရက်၌ ရေအားလျော့နည်းပြတ်တောက်မည်ဟု ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က အသိ‌ပေးကြေညာသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ၊အင်ဂျင်နီယာဌာ န(ရေနှင့်သန့်ရှင်းမှု)မှ ဇန်နဝါရီ ၆ ရက်နံနက် ၁၁ နာရီမှည ၆ နာရီအထိ(၇ နာရီကြာ)ရေဖိအားညီမျှစွာရရှိစေရန်နှင့်အချိန်ပိုင်း ရေပေးဝေရေးစနစ်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကုက္ကိုင်းကန်မှရေ ပေးဝေလျက်ရှိသည့် 42″0 MS ပိုင်းလိုင်းတွင် 36″0 Butterfly Valve တပ်ဆင်ခြင်းအား ဆောင် ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊အနောက်ပိုင်းခရိုင်နှင့်မြို့တွင်းမြို့နယ်များအား ကုက္ကိုင်းရေလှောင်ကန်မှ အဓိက ရေ ပေးဝေလျက်ရှိသည်။

ထို့ကြောင့် လုပ်ငန်းဆောင်ရွက်နေစဥ် ရေအားလျော့နည်းပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်၍ ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေကြိုတင်စု ဆောင်းထားနိုင်ရန်လည်း ကြိုတင်အသိပေး ကြေညာထားသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here