မြောက်ဥက္ကလာပ (၂)ရပ်ကွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဗုံးနှစ်လုံးပေါက်ကွဲ

0
74

(Unicode)

မြောက်ဥက္ကလာပ (၂)ရပ်ကွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဗုံးနှစ်လုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြိုနယ်၊အမှတ် (၂)ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွင် ယ နေ့နံနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ရပ် ကွက်နေသူများထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ နံနက် ၆ နာရီခန့်၌ ဗုံးတစ် လုံးစတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“အုပ်ချုပ်ရေးရုံးမှာ ဗုံးပေါက်တာ စစ်သားတွေကော ရဲတွေကော ရပ်ကျေး ဥက္ကဋ္ဌကော အကုန်ရောက်လာကြတယ် အဲဒီအချိန် မနက် ၇ နာရီလောက်မှာ နောက်တစ်လုံးထပ်ပေါက်တယ်”ဟုအမှတ်(၂)ရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူရှိ မရှိအား သိရှိရခြင်းမရှိသေးကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“ရုံးဖွင့်တဲ့အချိန်မဟုတ်သေးတော့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး ရုံးကတော့ပျက်စီးမှု ရှိတယ်၊ ဒုတိယအလုံးပေါက်တဲ့အချိန်မှာလည်း ထိခိုက်တာမရှိတဲ့အနေအထားတော့တွေ့တာပဲ”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပြီး ခဲ့ သည့် တနင်္ဂနွေနေ့ ညနေပိုင်း တွင်လည်း ယင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး လန့်မှု ဖြစ်ပွားခဲ့ သေးသည်။

(Zawgyi)

ေျမာက္ဥကၠလာပ (၂)ရပ္ကြက္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ယေန႔ ဗုံးႏွစ္လုံးေပါက္ကြဲ

ရန္ကုန္တိုင္း၊ေျမာက္ဥကၠလာပၿမိဳနယ္၊အမွတ္ (၂)ရပ္ကြက္၏ ရပ္ေက်းအုပ္ခ်ဳပ္ေရး႐ုံးတြင္ ယ ေန႔နံနက္ပိုင္းက ဗုံးႏွစ္လုံးေပါက္ကြဲခဲ့ေၾကာင္း ရပ္ ကြက္ေနသူမ်ားထံမွ သိရသည္။

အဆိုပါ ေပါက္ကြဲမႈမွာ နံနက္ ၆ နာရီခန္႔၌ ဗုံးတစ္ လုံးစတင္ေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

“အုပ္ခ်ဳပ္ေရး႐ုံးမွာ ဗုံးေပါက္တာ စစ္သားေတြေကာ ရဲေတြေကာ ရပ္ေက်း ဥကၠ႒ေကာ အကုန္ေရာက္လာၾကတယ္ အဲဒီအခ်ိန္ မနက္ ၇ နာရီေလာက္မွာ ေနာက္တစ္လုံးထပ္ေပါက္တယ္”ဟုအမွတ္(၂)ရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူရွိ မရွိအား သိရွိရျခင္းမရွိေသးေၾကာင္း ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

“႐ုံးဖြင့္တဲ့အခ်ိန္မဟုတ္ေသးေတာ့ ထိခိုက္ဒဏ္ရာရတာေတာ့ မရွိဘူး ႐ုံးကေတာ့ပ်က္စီးမႈ ရွိတယ္၊ ဒုတိယအလုံးေပါက္တဲ့အခ်ိန္မွာလည္း ထိခိုက္တာမရွိတဲ့အေနအထားေတာ့ေတြ႕တာပဲ”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ၿပီး ခဲ့ သည့္ တနဂၤေႏြ​ေန႔ ညေနပိုင္း တြင္လည္း ယင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ဗုံး လန႔္မႈ ျဖစ္ပြားခဲ့ ေသးသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here