ပူတာအိုဒေသတွင် ဖျားနာလူနာများ များပြား​နေဟုဆို

0
211

(Unicode)

ပူတာအိုဒေသတွင် ဖျားနာလူနာများ များပြား​နေဟုဆို

ကချင်ပြည်နယ်၊ ပူတာအို​ဒေသရှိ ​ဝေးလံ​ခေါင်ဖျား​ကျေးရွာအချို့တွင် ဖျားနာလူနာများ များပြား​နေတယ်လို့ ပူတာအိုမြို့​နေ ဒေသခံများထံမှ သိရပါတယ်။

ယင်းကဲ့သို့ ဖျားနာလူနာ​​တွေ များပြား​နေရတာဟာ ရာသီဥတု အ​​အေးဒဏ်​ကြောင့်ဖြစ်ပြီး လူကြီးပိုင်းအများစုတွင် ဖျားနာမှု​တွေဖြစ်ပွားနေ​ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သို့​သော်လည်း ကိုဗစ် ၁၉ Positive လူနာ​တွေ့ ရှိမှုက​တော့ လက်ရှိကာလမှာ မရှိသ​လောက်နည်းပါး​နေပြီး တစ်ဦးစ၊ နှစ်ဦးစတွင်သာ ​ရောဂါလက္ခဏာများ​တွေ့ ရှိ​နေတယ်လို့ ပူတာအိုမြို့ အ​ခြေစိုက် လူမှုကူညီ​ရေးအသင်းများထံမှ သိရပါတယ်။

“မြို့နဲ့ နည်းနည်း​ဝေးတဲ့​ကျေးရွာ​တွေမှာ ကိုဗစ်​တော့ မဟုတ်ဘူး။ ရာသီတုပ်​ကွေးဖျားနာတဲ့ လူနာ​တွေက များ​နေတယ်။ ရွာတိုင်းလိုလိုမှာ လူကြီးပိုင်း​တွေ ဖျား​နေကြတယ်၊ Positive လူနာ​တော့ မဟုတ်ဘူး​ပေါ့။ အဲ့လိုမျိုး​ပေါ့၊ ​ဖျားနာလူနာများတာ ရာသီ​ဥတုကြောင့်ပါ၊ကိုဗစ်​တွေ့တာက ပုံမှန်ပါဘဲ တစ်​ယောက်စ၊ နှစ်​​ယောက်စ ​လောက်ဘဲရှိတယ်။ ကိုဗစ်က​တော့ ကျ​နေပြီ အခုကာလမှာ နယ်လှည့်​ပြီး ကုသပေး​မှုတွေကိုလည်း လုပ်​ဆောင်​ပေး​နေပါတယ်။ ပုံမှန်လုပ်​နေပါတယ်။
လာမယ့် စ​နေ​နေ့ အပတ်မှာလည်း ​ကျေးရွာ​တွေဘက်ကိုနယ်လှည့်ကွင်းဆင်းပြီး သွား​ရောက်ဖို့ စစ်​ဆေး​ပေးဖို့ရှိပါတယ်။”လို့ ပူတာအိုမြို့ ​ဒေသခံ ပရဟိတသမားတစ်ဦးဖြစ်သူ ကိုဒီတန်းက ​ပြောပြခဲ့ပါတယ်။

လက်ရှိကာလတွင် ပူတာအို​ဒေသမှာ ကိုဗစ် ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်​သော်လည်း ​ရောဂါဖြစ်ပွားသူ​တွေက အနည်းငယ်ကျန်ရှိ​နေ​သေးတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ​ရောဂါလက္ခဏာပြင်းထန်သူ​အချို့ အ​နေနဲ့ ​ရောဂါအခံနှင့် ရာသီဥတုဒဏ်​ကြောင့် ​သေဆုံးသူ​တွေလည်းရှိ​နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေ အတွင်းက အဆိုပါ ပူတာအိုဒေသမှာ ရာသီတုပ်ကွေးဖျားနာလူနာတွေ များပြားလာခဲ့ခြင်းဖြစ်ပြီး ရာသီတုပ်ကွေးနှင့်တွဲ၍ ကိုဗစ် ၁၉ Positive လူနာအများအပြားကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့​ကြောင့်လည်း ပူတာအိုဒေသတွင် ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနဲ့ ပတ်သက်သည့် လုပ်ငန်းစဉ်တွေကို ခရိုင်၊မြို့နယ်အဆင့် ကျန်းမာရေးဌာနများနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ထို့အပြင် ပူတာအို​​ဒေသရှိ ​ဝေးလံ​ခေါင်ဖျား​ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း သွား​ရောက်၍ ကျန်းမာရေး ​စောင့်​ရှောက်မှုများကိုလည်း ပြုလုပ်​ပေး​နေတယ်လို့ ပူတာအိုမြို့ အ​ခြေစိုက် လူမှုကူညီ​ရေးအသင်းများထံမှ သိရပါတယ်။

(Zawgyi)

ပူတာအိုေဒသတြင္ ဖ်ားနာလူနာမ်ား မ်ားျပား​ေနဟုဆို

ကခ်င္ျပည္နယ္၊ ပူတာအို​ေဒသရွိ ​ေဝးလံ​ေခါင္ဖ်ား​ေက်း႐ြာအခ်ိဳ႕တြင္ ဖ်ားနာလူနာမ်ား မ်ားျပား​ေနတယ္လို႔ ပူတာအိုၿမိဳ႕​ေန ေဒသခံမ်ားထံမွ သိရပါတယ္။

ယင္းကဲ့သို႔ ဖ်ားနာလူနာ​​ေတြ မ်ားျပား​ေနရတာဟာ ရာသီဥတု အ​​ေအးဒဏ္​ေၾကာင့္ျဖစ္ၿပီး လူႀကီးပိုင္းအမ်ားစုတြင္ ဖ်ားနာမႈ​ေတြျဖစ္ပြားေန​ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

သို႔​ေသာ္လည္း ကိုဗစ္ ၁၉ Positive လူနာ​ေတြ႕ ရွိမႈက​ေတာ့ လက္ရွိကာလမွာ မရွိသ​ေလာက္နည္းပါး​ေနၿပီး တစ္ဦးစ၊ ႏွစ္ဦးစတြင္သာ ​ေရာဂါလကၡဏာမ်ား​ေတြ႕ ရွိ​ေနတယ္လို႔ ပူတာအိုၿမိဳ႕ အ​ေျခစိုက္ လူမႈကူညီ​ေရးအသင္းမ်ားထံမွ သိရပါတယ္။

“ၿမိဳ႕နဲ႔ နည္းနည္း​ေဝးတဲ့​ေက်း႐ြာ​ေတြမွာ ကိုဗစ္​ေတာ့ မဟုတ္ဘူး။ ရာသီတုပ္​ေကြးဖ်ားနာတဲ့ လူနာ​ေတြက မ်ား​ေနတယ္။ ႐ြာတိုင္းလိုလိုမွာ လူႀကီးပိုင္း​ေတြ ဖ်ား​ေနၾကတယ္၊ Positive လူနာ​ေတာ့ မဟုတ္ဘူး​ေပါ့။ အဲ့လိုမ်ိဳး​ေပါ့၊ ​ဖ်ားနာလူနာမ်ားတာ ရာသီ​ဥတုေၾကာင့္ပါ၊ကိုဗစ္​ေတြ႕တာက ပုံမွန္ပါဘဲ တစ္​ေယာက္စ၊ ႏွစ္​​ေယာက္စ ​ေလာက္ဘဲရွိတယ္။ ကိုဗစ္က​ေတာ့ က်​ေနၿပီ အခုကာလမွာ နယ္လွည့္​ၿပီး ကုသေပး​မႈေတြကိုလည္း လုပ္​ေဆာင္​ေပး​ေနပါတယ္။ ပုံမွန္လုပ္​ေနပါတယ္။
လာမယ့္ စ​ေန​ေန႔ အပတ္မွာလည္း ​ေက်း႐ြာ​ေတြဘက္ကိုနယ္လွည့္ကြင္းဆင္းၿပီး သြား​ေရာက္ဖို႔ စစ္​ေဆး​ေပးဖို႔ရွိပါတယ္။”လို႔ ပူတာအိုၿမိဳ႕ ​ေဒသခံ ပရဟိတသမားတစ္ဦးျဖစ္သူ ကိုဒီတန္းက ​ေျပာျပခဲ့ပါတယ္။

လက္ရွိကာလတြင္ ပူတာအို​ေဒသမွာ ကိုဗစ္ ေရာဂါျဖစ္ပြားမႈႏႈန္းကို ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္​ေသာ္လည္း ​ေရာဂါျဖစ္ပြားသူ​ေတြက အနည္းငယ္က်န္ရွိ​ေန​ေသးတာျဖစ္ပါတယ္။ အဲ့ဒီထဲကမွ ​ေရာဂါလကၡဏာျပင္းထန္သူ​အခ်ိဳ႕ အ​ေနနဲ႔ ​ေရာဂါအခံႏွင့္ ရာသီဥတုဒဏ္​ေၾကာင့္ ​ေသဆုံးသူ​ေတြလည္းရွိ​ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြ အတြင္းက အဆိုပါ ပူတာအိုေဒသမွာ ရာသီတုပ္ေကြးဖ်ားနာလူနာေတြ မ်ားျပားလာခဲ့ျခင္းျဖစ္ၿပီး ရာသီတုပ္ေကြးႏွင့္တြဲ၍ ကိုဗစ္ ၁၉ Positive လူနာအမ်ားအျပားကို ေတြ႕ ရွိခဲ့ျခင္းျဖစ္ပါတယ္။

ဒါ့​ေၾကာင့္လည္း ပူတာအိုေဒသတြင္ ကိုဗစ္ေရာဂါ
ကာကြယ္၊ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္သည့္ လုပ္ငန္းစဥ္ေတြကို ခ႐ိုင္၊ၿမိဳ႕နယ္အဆင့္ က်န္းမာေရးဌာနမ်ားႏွင့္ ေဒသခံလူမႈေရးအသင္းအဖြဲ႕မ်ားက ပူးေပါင္း၍ ေဆာင္႐ြက္ေပးေနတယ္လို႔လည္း သိရပါတယ္။

ထို႔အျပင္ ပူတာအို​​ေဒသရွိ ​ေဝးလံ​ေခါင္ဖ်ား​ေက်း႐ြာမ်ားသို႔ နယ္လွည့္ကြင္းဆင္း သြား​ေရာက္၍ က်န္းမာေရး ​ေစာင့္​ေရွာက္မႈမ်ားကိုလည္း ျပဳလုပ္​ေပး​ေနတယ္လို႔ ပူတာအိုၿမိဳ႕ အ​ေျခစိုက္ လူမႈကူညီ​ေရးအသင္းမ်ားထံမွ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here