စစ်ကိုင်းတွင် ခြောက်ဘီးကားနှင့်ကိုယ်ပိုင်ယာဥ်တိုက်မိ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

0
180

(Unicode)

စစ်ကိုင်းတွင် ခြောက်ဘီးကားနှင့်ကိုယ်ပိုင်ယာဥ်တိုက်မိ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ရွာထောင်ရပ်ကွက်၊ရွာထောင်လမ်းဆုံ၌ ယနေ့နံနက် ၉ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ သိရသည်။

“ရွာထောင်လမ်းဆုံမှာ CANTER ခြောက်ဘီးကားနဲ့ TOYOTA Vitz ကားလေးတိုက်မိတာပါ သတင်းရရခြင်းသွားပြီးကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်”ဟုစစ်ကိုင်းခရိုင်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ခြောက်ဘီးကားအောက်၌ ပိမိနေသည့်အမျိုးသမီးတစ်ဦးအား စစ်ကိုင်းခရိုင်မီးသတ်စခန်းနှင့်လူမှုကူညီကယ်ဆယ်ရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြသည်။

ဖြစ်စဥ်တွင် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်နှစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသဖြင့် သုခကာရီလူမှုကူညီရေးအသင်း၊ SERT လူမှုကူညီရေးအသင်းတို့မှ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ (စိုးရိမ်ရနှင့်မစိုးရိမ်ရ)လူနာများအဖြစ် တင်ပို့ခဲ့ကြသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here