အတက်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတဲ့ ရန်ကုန်ကားဈေးကွက်

0
403

(Unicode)

အတက်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတဲ့ ရန်ကုန်ကားဈေးကွက်

ရန်ကုန် ဇန်နဝါရီ ၆

အခုနှစ်ဆန်းပိုင်းကစလို့ ရန်ကုန်ကားဈေးကွက်အတွင်းမှာ အတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ကားဝယ်ရောင်း အကျိုးဆောင်တွေဆီက နေသိရပါတယ်။

ဂျပန်ညာမောင်း တစ်ပတ်ရစ် ကားတွေထဲက သိန်း(၂၀၀)ပတ်လည် အင်ဂျင်ပါဝါအသေးကားတွေ အရောင်းအဝယ်ဖြစ်နေကြပြီး ဇီရိုးကီလိုကားအသစ်တွေကိုလည်း ဘဏ်စနစ်နဲ့ အရောင်းအဝယ် လုပ်နေကြတယ်လို့ သိရပါတယ်။

ကားအရောင်းအဝယ်လုပ်တဲ့နေရာမှာ အက္ခရာထက် ကားကောင်းမကောင်းကို ဝယ်ယူသူတွေက ပိုမိုဦးစားပေးလာကြပြီး စက်သုံးဆီဈေးနှုန်းတွေကြောင့် အင်ဂျင်ပါဝါ (၂၀၀၀)စီစီအောက်ကားတွေက ပိုအရောင်းသွက်နေတယ်လို့ ဆိုကြပါတယ်။

ကားအသစ်တွေကိုလည်း ကုမ္ပဏီနဲ့အရောင်းပြခန်းတွေက ဘဏ်နဲ့ချိတ်ဆက်ပြီး ငါးနှစ်အထိ အရစ်ကျဝယ်ယူ နိုင်အောင် ပြန်လည်ပြုလုပ်ပေးလာတဲ့အတွက် စိတ်ဝင်စားမှုတွေ များပြားပြီး ကားဈေးကွက်က ပြန်လည်အသက်ဝင်လာနေတယ်လို့ သုံးသပ်ထားပါတယ်။

နယ်လိုင်စင်နံပါတ်နဲ့ကားတွေကိုလည်း ရန်ကုန်ဈေးကွက်မှာအတွေ့ရများလာပြီး ဝယ်ယူထားကြသူတွေလည်းရှိနေတာကြောင့် လာမယ့် သက်တမ်းကာလအထိ ကားဈေးကွက်က အရောင်းသွက်နေအုံးမယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။

(Zawgyi)

အတက္ေဈးနဲ႔အေရာင္းအဝယ္ျဖစ္ေနတဲ့ ရန္ကုန္ကားေဈးကြက္

ရန္ကုန္ ဇန္နဝါရီ ၆

အခုႏွစ္ဆန္းပိုင္းကစလို႔ ရန္ကုန္ကားေဈးကြက္အတြင္းမွာ အတက္ေဈးနဲ႔ အေရာင္းအဝယ္ျဖစ္ေနတယ္လို႔ ကားဝယ္ေရာင္း အက်ိဳးေဆာင္ေတြဆီက ေနသိရပါတယ္။

ဂ်ပန္ညာေမာင္း တစ္ပတ္ရစ္ ကားေတြထဲက သိန္း(၂၀၀)ပတ္လည္ အင္ဂ်င္ပါဝါအေသးကားေတြ အေရာင္းအဝယ္ျဖစ္ေနၾကၿပီး ဇီ႐ိုးကီလိုကားအသစ္ေတြကိုလည္း ဘဏ္စနစ္နဲ႔ အေရာင္းအဝယ္ လုပ္ေနၾကတယ္လို႔ သိရပါတယ္။

ကားအေရာင္းအဝယ္လုပ္တဲ့ေနရာမွာ အကၡရာထက္ ကားေကာင္းမေကာင္းကို ဝယ္ယူသူေတြက ပိုမိုဦးစားေပးလာၾကၿပီး စက္သုံးဆီေဈးႏႈန္းေတြေၾကာင့္ အင္ဂ်င္ပါဝါ (၂၀၀၀)စီစီေအာက္ကားေတြက ပိုအေရာင္းသြက္ေနတယ္လို႔ ဆိုၾကပါတယ္။

ကားအသစ္ေတြကိုလည္း ကုမၸဏီနဲ႔အေရာင္းျပခန္းေတြက ဘဏ္နဲ႔ခ်ိတ္ဆက္ၿပီး ငါးႏွစ္အထိ အရစ္က်ဝယ္ယူ ႏိုင္ေအာင္ ျပန္လည္ျပဳလုပ္ေပးလာတဲ့အတြက္ စိတ္ဝင္စားမႈေတြ မ်ားျပားၿပီး ကားေဈးကြက္က ျပန္လည္အသက္ဝင္လာေနတယ္လို႔ သုံးသပ္ထားပါတယ္။

နယ္လိုင္စင္နံပါတ္နဲ႔ကားေတြကိုလည္း ရန္ကုန္ေဈးကြက္မွာအေတြ႕ရမ်ားလာၿပီး ဝယ္ယူထားၾကသူေတြလည္းရွိေနတာေၾကာင့္ လာမယ့္ သက္တမ္းကာလအထိ ကားေဈးကြက္က အေရာင္းသြက္ေနအုံးမယ္လို႔ ခန႔္မွန္းသုံးသပ္ထားၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here