မစ္စတာရှောင်တာနယ်နှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်းတို့ကို စွဲဆိုထား​သော အမှုများအားဆက်လက်စစ်ဆေး

0
118

(Unicode)

မစ္စတာရှောင်တာနယ်နှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်းတို့ကို စွဲဆိုထား​သော အမှုများအားဆက်လက်စစ်ဆေး

လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ယခင်စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်းပါ အမှုနှင့် မစ္စတာရှောင်တာနယ်အပေါ် စွဲဆွဲထားသည့် အမှုများအနက်ကလူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှုတို့ကို ​နေပြည်တော်ရှိ အထူးတရားရုံးတွင် ယနေ့ (ဇန်နဝါရီ ၆ရက်) ဆက်လက်စစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူထံကသိရသည်။

လက်ရှိတွင် ဝန်ကြီးဟောင်းဦးစိုးဝင်းသည် အူမကြီးကင်ဆာဖြစ်နေ၍ ခွဲစိတ်ထားပြီး နေပြည်တော်ကုတင်၁၀၀၀ဆေးရုံတွင် တက်ရောက်ကုသနေရသည်။

ထို့အတွက်ကြောင့် ရုံးချိန်းများရွှေ့နေရသဖြင့် ဦးစိုးဝင်း၏ရှေ့နေများက ရုံးချိန်းများမရွှေ့တော့ဘဲ မျက်ကွယ်တွင် စစ်ဆေးရန် တင်ပြမှုကို ရုံးတော်က လက်ခံ၍ ဆက်လက်စစ်ဆေးပေးခြင်းဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲခံထားရသည့် အဆိုပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်၊ စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ စီမံဘဏ္ဍာ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့ ပူးတွဲစွဲဆိုခံထားရသည့် အမှုဖြစ်သည်။

“အမှုကို ဆက်လက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောပြသည်။

(Zawgyi)

မစၥတာေရွာင္တာနယ္ႏွင့္ စီမံဘ႑ာဝန္ႀကီးေဟာင္းတို႔ကို စြဲဆိုထား​ေသာ အမႈမ်ားအားဆက္လက္စစ္ေဆး

လွ်ိဳ႕ဝွက္အက္ဥပေဒျဖင့္ တရားစြဲဆိုခံထားရသည့္ ယခင္စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးစိုးဝင္းပါ အမႈႏွင့္ မစၥတာေရွာင္တာနယ္အေပၚ စြဲဆြဲထားသည့္ အမႈမ်ားအနက္ကလူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ စြဲဆိုထားသည့္ အမႈတို႔ကို ​ေနျပည္ေတာ္ရွိ အထူးတရား႐ုံးတြင္ ယေန႔ (ဇန္နဝါရီ ၆ရက္) ဆက္လက္စစ္ေဆးခဲ့သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္နီးစပ္သူထံကသိရသည္။

လက္ရွိတြင္ ဝန္ႀကီးေဟာင္းဦးစိုးဝင္းသည္ အူမႀကီးကင္ဆာျဖစ္ေန၍ ခြဲစိတ္ထားၿပီး ေနျပည္ေတာ္ကုတင္၁၀၀၀ေဆး႐ုံတြင္ တက္ေရာက္ကုသေနရသည္။

ထို႔အတြက္ေၾကာင့္ ႐ုံးခ်ိန္းမ်ားေ႐ႊ႕ေနရသျဖင့္ ဦးစိုးဝင္း၏ေရွ႕ေနမ်ားက ႐ုံးခ်ိန္းမ်ားမေ႐ႊ႕ေတာ့ဘဲ မ်က္ကြယ္တြင္ စစ္ေဆးရန္ တင္ျပမႈကို ႐ုံးေတာ္က လက္ခံ၍ ဆက္လက္စစ္ေဆးေပးျခင္းျဖစ္သည္ဟုသိရသည္။

ျမန္မာႏိုင္ငံလွ်ိဳ႕ဝွက္ဥပေဒပုဒ္မ ၃(၁)(ဂ)ျဖင့္ တရားစြဲခံထားရသည့္ အဆိုပါအမႈတြင္ ေဒၚေအာင္ဆန္းစုၾကည္၊ ၾသစေၾတးလ်ႏိုင္ငံသား ေရွာင္တာနယ္လ္၊ စီမံဘ႑ာ ဝန္ႀကီးေဟာင္း ဦးေက်ာ္ဝင္း၊ စီမံဘ႑ာ ဒုဝန္ႀကီးေဟာင္း ဦးဆက္ေအာင္တို႔ ပူးတြဲစြဲဆိုခံထားရသည့္ အမႈျဖစ္သည္။

“အမႈကို ဆက္လက္စစ္ေဆးတာေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးကေျပာျပသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here