မန္တလေး ပုသိမ်ကြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်

0
121

(Unicode)

မန္တလေး ပုသိမ်ကြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်

မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းအောင်ရပ်မှာရှိတဲ့ ပုသိမ်ကြီးမြို့နယ် လဝကဦးစီးမှူးရုံးမှာ ယနေ့နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“ မနက် ၅နာရီခွဲကျော်ကျော်လောက်ရှိမယ်။ပေါက်ကွဲတာက အိမ်တောင်တုန်တယ်။ကားတွေ ထိခိုက်တယ်လို့ ကြားရတယ်။ လူသေတာတို့ဘာတို့တော့ မကြားမိဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဒေသသတင်းတွေအရတော့ လဝကရုံးထဲကကား ၂ စီးကြားထဲကို လက်လုပ်ဗုံးပစ်သွားတာလို့ သိရပါတယ်။

ကား၂စီးအနက် တစ်စီးက ထိခိုက်မှုများပြီး ပေါက်ကွဲမှုကြောင့် ရုံးပြတင်းပေါက်မှန်အချို့ ပျက်စီးကွဲအက်တာတွေ ရှိခဲ့တယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်လဝကဦးစီးမှူးရုံးဟာဆိုရင် အခုလိုမျိုးလက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတာ ၃ကြိမ်ရှိသွားပြီလို့ ဒေသခံတွေထံကနေသိရပါတယ်။

ဓါတ်ပုံ-CJ

(Zawgyi)

မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္ လဝကဦးစီးမႉး႐ုံးတြင္ ေပါက္ကြဲမႈျဖစ္

မႏၲေလးခ႐ိုင္၊ပုသိမ္ႀကီးၿမိဳ႕နယ္၊ရန္ကင္းေအာင္ရပ္မွာရွိတဲ့ ပုသိမ္ႀကီးၿမိဳ႕နယ္ လဝကဦးစီးမႉး႐ုံးမွာ ယေန႔နံနက္ အေစာပိုင္းက ေပါက္ကြဲမႈျဖစ္ခဲ့တယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

“ မနက္ ၅နာရီခြဲေက်ာ္ေက်ာ္ေလာက္ရွိမယ္။ေပါက္ကြဲတာက အိမ္ေတာင္တုန္တယ္။ကားေတြ ထိခိုက္တယ္လို႔ ၾကားရတယ္။ လူေသတာတို႔ဘာတို႔ေတာ့ မၾကားမိဘူး”လို႔ ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

ေဒသသတင္းေတြအရေတာ့ လဝက႐ုံးထဲကကား ၂ စီးၾကားထဲကို လက္လုပ္ဗုံးပစ္သြားတာလို႔ သိရပါတယ္။

ကား၂စီးအနက္ တစ္စီးက ထိခိုက္မႈမ်ားၿပီး ေပါက္ကြဲမႈေၾကာင့္ ႐ုံးျပတင္းေပါက္မွန္အခ်ိဳ႕ ပ်က္စီးကြဲအက္တာေတြ ရွိခဲ့တယ္လို႔ လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြဆီက သိရပါတယ္။

ပုသိမ္ႀကီးၿမိဳ႕နယ္လဝကဦးစီးမႉး႐ုံးဟာဆိုရင္ အခုလိုမ်ိဳးလက္ပစ္ဗုံးနဲ႔ တိုက္ခိုက္ခံရတာ ၃ႀကိမ္ရွိသြားၿပီလို႔ ေဒသခံေတြထံကေနသိရပါတယ္။

ဓါတ္ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here