ချမ်းအေးသာစံမြို့နယ် မြဝတီဘဏ်ရှေ့ ပေါက်ကွဲမှုဖြစ်

0
172

ချမ်းအေးသာစံမြို့နယ် မြဝတီဘဏ်ရှေ့ ပေါက်ကွဲမှုဖြစ်

ယနေ့ ဇန်နဝါရီလ ၇ရက်နေ့ မနက်၉ နာရီကျော် အချိန်ခန့်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၁လမ်း၊ ၂၆-၂၇ လမ်းကြားရှိ မြဝတီဘဏ်ရှေ့ တွင် ဗုံးပေါက်ကွဲခဲ့သည်။

“ဘဏ်ဝန်ထမ်းတွေ ဒဏ်ရာရသွားတယ်လို့ ကြားတယ်၊လုံခြုံရေးတွေတော့ တော်တော်လေး တင်းကြပ်ပြီး စစ်တာဆေးတာတွေ လုပ်နေတယ် ”ဟု မြို့ခံတစ်ဦးကပြောသည်။

လုံခြုံရေးဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူ၏ ပြောပြချက်အရ ၈၁လမ်းအတိုင်းမောင်းနှင်လာသော အမျိုးသား၂ဦး စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် မြဝတီဘဏ်ရှေ့အရောက် နောက်မှ စီးနင်းလာသူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ရာမှတဆင့် ပေါက်ကွဲခြင်းဖြစ်သည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦး၊ဘဏ်မှ ငွေလာထုတ်သူတစ်ဦး၊ဘဏ်ဝန်ထမ်းတစ်ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ များရရှိခဲ့သည်ဟုသိရသည်။

“ပေါက်ကွဲတာက တော်တော်လေးပြင်းတယ်လို့ သိရတယ်။ဘဏ်ရှေ့ရပ်ထားတဲ့ ကားတစ်စီးလည်း ထိသွားတယ်ကြားတယ်”ဟု မြို့ခံတစ်ဦးကလည်းပြောပြသည်။

ပေါက်ကွဲစများ ထိမှန်မှုကြောင့် ဘဏ်ဝင်ပေါက် သံဘာဂျာတံခါး၊ဝင်ပေါက် ညာဘက်အုတ်နံရံ၊ရပ်တန့်ထားသော မော်တော်ယာဉ်၏ လေကာမှန်၊ယာဉ်ရှေ့ဘီး တစ်လုံး ပေါက်ကွဲ ထိခိုက်ပျက်စီးခဲ့သည်ဟု လုံခြုံရေးအသိုင်းအဝိုင်းမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here