မော်လမြိုင်တက္ကသိုလ်၌ နေ့သင်တန်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ကျောင်းသူ ၄၀၀ ဦးနီးပါးတက်ရောက်

0
139

မော်လမြိုင်တက္ကသိုလ်၌ နေ့သင်တန်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ကျောင်းသူ ၄၀၀ ဦးနီးပါးတက်ရောက်

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္က သိုလ်စတင်ဖွင့်လှစ်သင်ကြားသည့် ဇန်နဝါရီ ၆ ရက်နေ့ တွင် နေ့သင်တန်းများ၌ ကျောင်း သား၊ကျောင်းသူ ၃၆၈ ဦးတက်ရောက်ပညာသင်ကြားခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားရေးရာဌာန၏ စာရင်းများအရ သိရသည်။

စတုတ္ထနှစ် ဥပဒေပညာ(ဒုတိယနှစ်ဝက်)သင်တန်းတွင် ၁၅၂ ဦး၊ မဟာအရည်အချင်းစစ် သင်တန်းတွင် ၆၃ ဦး၊ တတိယနှစ် ဂုဏ်ထူးတန်းသင်တန်းတွင် ၄၁ ဦး၊ မဟာတန်း ပထမနှစ်(ဝိဇ္ဇာ၊ သိပ္ပံ)သင် တန်းတွင် ၇၉ ဦး၊ မဟာတန်း ဒုတိယနှစ်(ဝိဇ္ဇာ၊သိ ပ္ပံ)သင်တန်းတွင် ၃၃ ဦး(စုစုပေါင်း ၃၆၈ ဦး)တက်ရောက်ခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပ ညာသင်နှစ်တို့အတွက် နေ့သင်တန်းများကို ပညာ ရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနမှ တ က္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်များအား ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျလာခြင်းနှင့်ကာကွာဆေးထိုးနှံမှာရာခိုင်နှုန်းများလာခြင်းတို့ကြောင့် ဇန်နဝါရီ ၆ ရက်တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ထိုသို့ တက်ရောက်ပညာသင်ကြားရာတွင် ကျန်း မာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ် (၁၉)ရောဂါစည်းမျဥ်းစည်းကမ်းများနှင့်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here