ဒေါ်အောင်ဆန်းစုကြည် အမှုများအား ယနေ့ ဆက်လက်စစ်ဆေး

0
115

(Unicode)

ဒေါ်အောင်ဆန်းစုကြည် အမှုများအား ယနေ့ ဆက်လက်စစ်ဆေး

နေပြည်တော်ရှိအထူးတရားရုံးက ယနေ့ ဇန်နဝါရီလ ၇ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအားဆက်လက်စစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

စွဲဆိုထားသည့် အမှုများအနက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ်တရားစွဲထားသော အမှုများအနက်က အမှု ၃မှုကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်လည်း တရားခွင်ကိုတက်ရောက်ပါတယ်။ တရားလိုပြသက်သေနှစ်ဦးဖြစ်တဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူ နှစ်ဦးကို စစ်ဆေးခဲ့တာရှိပါတယ်။အမှုသုံးခုစလုံးအတွက် ကြားနာမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောပြသည်။

တရားသူကြီးက အမှုကို ဇန်နဝါရီလ ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်ဟု သိရသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ အမႈမ်ားအား ယေန႔ ဆက္လက္စစ္ေဆး

ေနျပည္ေတာ္ရွိအထူးတရား႐ုံးက ယေန႔ ဇန္နဝါရီလ ၇ရက္ေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ အမႈမ်ားအားဆက္လက္စစ္ေဆးခဲ့သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာသည္။

စြဲဆိုထားသည့္ အမႈမ်ားအနက္က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က တရားလိုလုပ္တရားစြဲထားေသာ အမႈမ်ားအနက္က အမႈ ၃မႈကို စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး တရားလိုျပသက္ေသႏွစ္ဦးကို စစ္ေဆးခဲ့သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာျပသည္။

“ေဒၚေအာင္ဆန္းစုၾကည္လည္း တရားခြင္ကိုတက္ေရာက္ပါတယ္။ တရားလိုျပသက္ေသႏွစ္ဦးျဖစ္တဲ့ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက တာဝန္ရွိသူ ႏွစ္ဦးကို စစ္ေဆးခဲ့တာရွိပါတယ္။အမႈသုံးခုစလုံးအတြက္ ၾကားနာမႈကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာျပသည္။

တရားသူႀကီးက အမႈကို ဇန္နဝါရီလ ၁၄ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here