ယခုပညာသင်နှစ်အတွက် ကျောင်းတက်နေသူ အရေအတွက် (၄၁)သိန်းခန့်ရှိဟုဆို

0
180

ယခုပညာသင်နှစ်အတွက် ကျောင်းတက်နေသူ အရေအတွက် (၄၁)သိန်းခန့်ရှိဟုဆို

နေပြည်တော် ဇန်နဝါရီ ၈

ယခု (၂၀၂၂)ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအပါအဝင် ကို‌ဗစ်(၁၉)ရောဂါကို ထိန်းချုပ်နိုင်သည့်ဒေသများတွင့်ဖွင့်လှစ်နေသော ကျောင်းအားလုံး၌ တက်ရောက်သင်ကြားနေသူအရေအတွက် (၄၁)သိန်းခန့်ရှိနေတယ် လို့ နစက ကသတင်းထုတ်ပြန်လိုက်ပါတယ်။

အခုအရေအတွက်ဟာ ဇန်နဝါရီလ (၅)ရက်နေ့ကစတင်ပြီး ပထမနှစ်ဝက်ဖြေဆိုနေသူ ကျောင်းသားကျောင်းသူ အရေအတွက်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူထားတာလို့သိရပါတယ်။

အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနဲ့ ကိုယ်ပိုင်ကျောင်းများမှာ ပထမနှစ်ဝက်စာမေးပွဲတွေကို ကျင်းပပေးနေတာဖြစ်ပါတယ်။

မူလတန်းအဆင့်(၂၅)သိန်း၊အလယ်တန်းအဆင့်(၁၂)သိန်းနဲ့အထက်တန်းအဆင့်(၃)သိန်းနီးပါးလောက် ဝင်ရောက်ဖြေဆိုနေကြတယ်လို့ သိရပါတယ်။

နစကအစိုးရအနေနဲ့ အခြေခံပညာကျောင်းတွေမှာ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ အသက်(၁၂)နှစ်အထက်ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ကျောင်းများကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

Zaw Gyi

ယခုပညာသင္ႏွစ္အတြက္ ေက်ာင္းတက္ေနသူ အေရအတြက္ (၄၁)သိန္းခန္႔ရွိဟုဆို

ေနျပည္ေတာ္ ဇန္နဝါရီ ၈

ယခု (၂၀၂၂)ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ားအပါအဝင္ ကို‌ဗစ္(၁၉)ေရာဂါကို ထိန္းခ်ဳပ္ႏိုင္သည့္ေဒသမ်ားတြင့္ဖြင့္လွစ္ေနေသာ ေက်ာင္းအားလုံး၌ တက္ေရာက္သင္ၾကားေနသူအေရအတြက္ (၄၁)သိန္းခန႔္ရွိေနတယ္ လို႔ နစက ကသတင္းထုတ္ျပန္လိုက္ပါတယ္။

အခုအေရအတြက္ဟာ ဇန္နဝါရီလ (၅)ရက္ေန႔ကစတင္ၿပီး ပထမႏွစ္ဝက္ေျဖဆိုေနသူ ေက်ာင္းသားေက်ာင္းသူ အေရအတြက္ျဖစ္ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေကာက္ယူထားတာလို႔သိရပါတယ္။

အေျခခံပညာေက်ာင္းမ်ား၊ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားနဲ႔ ကိုယ္ပိုင္ေက်ာင္းမ်ားမွာ ပထမႏွစ္ဝက္စာေမးပြဲေတြကို က်င္းပေပးေနတာျဖစ္ပါတယ္။

မူလတန္းအဆင့္(၂၅)သိန္း၊အလယ္တန္းအဆင့္(၁၂)သိန္းနဲ႔အထက္တန္းအဆင့္(၃)သိန္းနီးပါးေလာက္ ဝင္ေရာက္ေျဖဆိုေနၾကတယ္လို႔ သိရပါတယ္။

နစကအစိုးရအေနနဲ႔ အေျခခံပညာေက်ာင္းေတြမွာ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္နဲ႔ အသက္(၁၂)ႏွစ္အထက္ကေလးေတြကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးမႈေတြ ဆက္လက္ျပဳလုပ္ေနၿပီး ေက်ာင္းမ်ားကို ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here