ထီးချိုင့်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်သုံးတိုင် ဖောက်ခွဲဖျက်ဆီးခံရ ဟု နစက ထုတ်ပြန်

0
279

ထီးချိုင့်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင်သုံးတိုင်ဖောက်ခွဲဖျက်ဆီးခံရ ဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်ရှိ ၂၂၀ ကေဗွီလျှပ် စစ်ဓာတ်အားလိုင်း တာဝါတိုင်သုံးတိုင်သည် ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက် ဆီးခံခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံ အရှေ့ဘက်တွင် ပေါက်ကွဲသံကြားခဲ့ရပြီး လျှပ်စစ်မီးလိုင်းများပြတ်တောက်သွားသည့် သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက စက်ရုံအားစစ်ဆေးရာ စက်ရုံအနီးတစ်ဝိုက်တွင် ပေါက်ကွဲပျက်စီးမှု မတွေ့ရှိရကြောင်း စစ်ဆေးသိရှိခဲ့သည်။

ထို့ကြောင့် ဇန်နဝါရီ ၈ ရက်နေ့လည် ၃ နာရီခန့်၌ ၂၂၀ ကေဗွီဒါတ်အားလိုင်းတစ်လျှောက်ရှိ တာဝါတိုင်များအား ဆက်လက်စစ်ဆေးခဲ့ရာ မိုင်းခွဲ ဖျက်ဆီးခံထားရသည့် တိုင်အမှတ် T-၂၄၅ နှင့် T-၂၄၄ တို့မှာ အောက်ခြေမှကျိုး၍ လဲကျနေပြီး တိုင်အမှတ် T-၂၄၃ တွင် အောက်ခြေတိုင်များ တိမ်းစောင်းပြတ်ထွက်ပျက်စီးနေကြောင်း စစ် ဆေးတွေ့ရှိခဲ့ရသည်။

“နီကယ်စက်ရုံမှာ အလုပ်သမားတွေအများကြီးရှိတယ် အခုတာဝါတိုင်တွေဖောက်ခွဲခံရတော့ အလုပ်မသွားရတော့ဘူးလေ ထပ်ဖြစ်လို့စက်ရုံသာပိတ်သွားရင် အလုပ်လက်မဲ့ဖြစ်သွားမယ့်သူတွေအများကြီးပဲ ပေါက်ကွဲသံတွေကလည်းအကျယ်ကြီးပဲ အခုတော့တာဝါတိုင်တွေကိုပြန်ပြင်ဖို့လုပ်နေကြတယ်”ဟုဒေသခံတစ်ဦးကပြော သည်။

စက်ရုံလည်ပတ်မှုမရပ်တန့်စေရန်နှင့်လျှပ်စစ်မီးလိုင်းများပြန်လည်ကောင်းမွန်စေရန် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

Zaw Gyi

ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ လွ်ပ္စစ္တာဝါတိုင္သုံးတိုင္ေဖာက္ခြဲဖ်က္ဆီးခံရ ဟု နစက ထုတ္ျပန္

စစ္ကိုင္းတိုင္း၊ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ ၂၂၀ ေကဗြီလွ်ပ္ စစ္ဓာတ္အားလိုင္း တာဝါတိုင္သုံးတိုင္သည္ ဇန္နဝါရီ ၇ ရက္နံနက္ပိုင္းက မိုင္းေထာင္ေဖာက္ခြဲဖ်က္ ဆီးခံခဲ့ရသျဖင့္ ပ်က္စီးဆုံးရႈံးခဲ့သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ တေကာင္းနီကယ္စက္႐ုံ အေရွ႕ဘက္တြင္ ေပါက္ကြဲသံၾကားခဲ့ရၿပီး လွ်ပ္စစ္မီးလိုင္းမ်ားျပတ္ေတာက္သြားသည့္ သတင္းအရ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စက္႐ုံအားစစ္ေဆးရာ စက္႐ုံအနီးတစ္ဝိုက္တြင္ ေပါက္ကြဲပ်က္စီးမႈ မေတြ႕ရွိရေၾကာင္း စစ္ေဆးသိရွိခဲ့သည္။

ထို႔ေၾကာင့္ ဇန္နဝါရီ ၈ ရက္ေန႔လည္ ၃ နာရီခန္႔၌ ၂၂၀ ေကဗြီဒါတ္အားလိုင္းတစ္ေလွ်ာက္ရွိ တာဝါတိုင္မ်ားအား ဆက္လက္စစ္ေဆးခဲ့ရာ မိုင္းခြဲ ဖ်က္ဆီးခံထားရသည့္ တိုင္အမွတ္ T-၂၄၅ ႏွင့္ T-၂၄၄ တို႔မွာ ေအာက္ေျခမွက်ိဳး၍ လဲက်ေနၿပီး တိုင္အမွတ္ T-၂၄၃ တြင္ ေအာက္ေျခတိုင္မ်ား တိမ္းေစာင္းျပတ္ထြက္ပ်က္စီးေနေၾကာင္း စစ္ ေဆးေတြ႕ရွိခဲ့ရသည္။

“နီကယ္စက္႐ုံမွာ အလုပ္သမားေတြအမ်ားႀကီးရွိတယ္ အခုတာဝါတိုင္ေတြေဖာက္ခြဲခံရေတာ့ အလုပ္မသြားရေတာ့ဘူးေလ ထပ္ျဖစ္လို႔စက္႐ုံသာပိတ္သြားရင္ အလုပ္လက္မဲ့ျဖစ္သြားမယ့္သူေတြအမ်ားႀကီးပဲ ေပါက္ကြဲသံေတြကလည္းအက်ယ္ႀကီးပဲ အခုေတာ့တာဝါတိုင္ေတြကိုျပန္ျပင္ဖို႔လုပ္ေနၾကတယ္”ဟုေဒသခံတစ္ဦးကေျပာ သည္။

စက္႐ုံလည္ပတ္မႈမရပ္တန႔္ေစရန္ႏွင့္လွ်ပ္စစ္မီးလိုင္းမ်ားျပန္လည္ေကာင္းမြန္ေစရန္ တာဝန္ရွိသူမ်ားက ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here