မန္တလေးတွင် ရထားသံလမ်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးထိခိုက်ဒဏ်ရာရရှိသွား

0
247

မန္တလေးတွင် ရထားသံလမ်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲတစ်ဦးထိခိုက်ဒဏ်ရာရရှိသွား

ဒီကနေ့ ဇန်နဝါရီ၉ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ပြည်ကြီးတံခွန် ၆၉လမ်းနဲ့ လမ်း၇၀ကြားက ရထားလမ်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ လုံခြုံရေးဆိုင်ရာအသိုင်းအဝိုင်းရဲ့ပြေပြချက်တွေအရသိရပါတယ်။

မိုင်းခွဲခံခဲ့ရတဲ့ ရထားလမ်းဟာ မန္တလေး-လားရှိုးသွား ရထားသံဖြစ်ပြီး မိုင်းခွဲခံခဲ့ရတဲ့ ရထားကတော့ ရှေ့ပြေးရထားတစ်စီးဖြစ်တယ်လို့ သိရပါတယ်။

“ ဗုံး​တွေ အုံးအုံးနဲ့ ပေါက်တာ။ ရှေ့ပြေးရထားပေါ်လိုက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် လည်ပင်းမှာ မိုင်းစထိမှန်လို့ဆိုပြီး လူမှုကယ်ရေးကားနဲ့ ခေါ်သွားတာတွေ့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရထားသံလမ်းပျက်စီးသွားတဲ့အပြင် ရထားစက်ခေါင်းလည်း လဲကျ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။

လက်ရှိမှာတော့ ၆၈လမ်းကနေ လမ်း၇၀ကြား မြဝတီမင်းကြီးလမ်းကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

Zaw Gyi

မႏၲေလးတြင္ ရထားသံလမ္း မိုင္းခြဲတိုက္ခိုက္ခံရၿပီး ရဲတစ္ဦးထိခိုက္ဒဏ္ရာရရွိသြား

ဒီကေန႔ ဇန္နဝါရီ၉ ရက္ေန႔ မနက္ပိုင္းက မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ ၆၉လမ္းနဲ႔ လမ္း၇၀ၾကားက ရထားလမ္း မိုင္းခြဲတိုက္ခိုက္ခံခဲ့ရတယ္လို႔ လုံၿခဳံေရးဆိုင္ရာအသိုင္းအဝိုင္းရဲ႕ေျပျပခ်က္ေတြအရသိရပါတယ္။

မိုင္းခြဲခံခဲ့ရတဲ့ ရထားလမ္းဟာ မႏၲေလး-လားရႈိးသြား ရထားသံျဖစ္ၿပီး မိုင္းခြဲခံခဲ့ရတဲ့ ရထားကေတာ့ ေရွ႕ေျပးရထားတစ္စီးျဖစ္တယ္လို႔ သိရပါတယ္။

“ ဗုံး​ေတြ အုံးအုံးနဲ႔ ေပါက္တာ။ ေရွ႕ေျပးရထားေပၚလိုက္လာတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ေယာက္ လည္ပင္းမွာ မိုင္းစထိမွန္လို႔ဆိုၿပီး လူမႈကယ္ေရးကားနဲ႔ ေခၚသြားတာေတြ႕တယ္”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ ရထားသံလမ္းပ်က္စီးသြားတဲ့အျပင္ ရထားစက္ေခါင္းလည္း လဲက် ပ်က္စီးသြားခဲ့တယ္လို႔ ေဒသခံေတြကေျပာျပၾကပါတယ္။

လက္ရွိမွာေတာ့ ၆၈လမ္းကေန လမ္း၇၀ၾကား ျမဝတီမင္းႀကီးလမ္းကို ပိတ္ဆို႔ၿပီး ရွာေဖြစစ္ေဆးတာေတြ လုပ္ေနတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here