ရှမ်းပြည်နယ်ဝန်ကြီးချုပ် အခမ်းအနားတက်ရောက်ခဲ့သည့် တာချီလိတ်မြို့ရှိ ခန်းမ လက်ပစ် ဗုံးဖြင့်ပစ်ခတ်ခံရ

0
120

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အခမ်းအနားတက်ရောက်ခဲ့သည့် တာချီလိတ်မြို့ရှိ ခန်းမ လက်ပစ် ဗုံးဖြင့်ပစ်ခတ်ခံရ

ရှမ်းပြည်၊တာချီလိတ်မြို့တွင် ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း တက်ရောက်ခဲ့သည့် အောင်မြတ်ခန်းမတွင် နံနက် ၁၁ နာရီခွဲကျော်က လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

လက်ပစ်ဗုံးပစ်ခတ်ခံရသည့်နေရာသည် ခန်းမအရှေ့ဖက်မဟုတ်ဘဲ ခန်းမအနောက်ဖက်ရှိ အ နောက်ပေါက် ရေအိမ်အနီးသို့ ကျရောက်ပေါက် ကွဲခဲ့ခြင်းဖြစ်သည်။

“အခမ်းအနားပြီးလို့ ၁၅ မိနစ်လောက်မှာဗုံးပေါက်တာ စစ်သားတွေသွားစစ်တော့ လက်ပစ်ဗုံးစနက် တံတွေ့တယ်လို့ပြောတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ ဆိုင်ကယ်တစ်စီးနှင့်ရေအိမ်မှာ အနည်းငယ်ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လမ်းမကြီးပေါ်၌ဖြတ်သန်းသွားလာနေသည့် ကားများနှင့်ဆိုင်ကယ်များအား တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

“အခမ်းအနားပြီးတော့ ဝန်ကြီးချုပ်ပြန်သွားပြီးတဲ့အချိန်မှာပေါက်ကွဲတာ အခမ်းအနားမလုပ်ခင်က လုံခြုံရေးတွေအများကြီးပဲ လမ်းတစ်လျှောက်မှာရှိတယ် အခုကတော့ ရဲတွေကမြို့ဝင်မြို့ထွက်ဂိတ်တွေကိုပိတ်ပြီးစစ်နေကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Photo- CJ

Zaw Gyi

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ အခမ္းအနားတက္ေရာက္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕ရွိ ခန္းမ လက္ပစ္ ဗုံးျဖင့္ပစ္ခတ္ခံရ

ရွမ္းျပည္၊တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီ ၉ ရက္နံနက္ပိုင္းက ပန္းခင္းစီမံခ်က္အရ မွတ္ပုံတင္ေပးအပ္ပြဲအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာေက်ာ္ထြန္း တက္ေရာက္ခဲ့သည့္ ေအာင္ျမတ္ခန္းမတြင္ နံနက္ ၁၁ နာရီခြဲေက်ာ္က လက္ပစ္ဗုံးျဖင့္ပစ္ခတ္ခံရမႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

လက္ပစ္ဗုံးပစ္ခတ္ခံရသည့္ေနရာသည္ ခန္းမအေရွ႕ဖက္မဟုတ္ဘဲ ခန္းမအေနာက္ဖက္ရွိ အ ေနာက္ေပါက္ ေရအိမ္အနီးသို႔ က်ေရာက္ေပါက္ ကြဲခဲ့ျခင္းျဖစ္သည္။

“အခမ္းအနားၿပီးလို႔ ၁၅ မိနစ္ေလာက္မွာဗုံးေပါက္တာ စစ္သားေတြသြားစစ္ေတာ့ လက္ပစ္ဗုံးစနက္ တံေတြ႕တယ္လို႔ေျပာတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ျဖစ္စဥ္ေၾကာင့္ လူမ်ားထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ဘဲ ဆိုင္ကယ္တစ္စီးႏွင့္ေရအိမ္မွာ အနည္းငယ္ပ်က္စီးဆုံးရႈံးသြားခဲ့သည္။

ျဖစ္စဥ္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လမ္းမႀကီးေပၚ၌ျဖတ္သန္းသြားလာေနသည့္ ကားမ်ားႏွင့္ဆိုင္ကယ္မ်ားအား တားဆီးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

“အခမ္းအနားၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ျပန္သြားၿပီးတဲ့အခ်ိန္မွာေပါက္ကြဲတာ အခမ္းအနားမလုပ္ခင္က လုံၿခဳံေရးေတြအမ်ားႀကီးပဲ လမ္းတစ္ေလွ်ာက္မွာရွိတယ္ အခုကေတာ့ ရဲေတြကၿမိဳ႕ဝင္ၿမိဳ႕ထြက္ဂိတ္ေတြကိုပိတ္ၿပီးစစ္ေနၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

Photo- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here