ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စာချပ်များ၌ ရေး ထိုးမည့် ပိဋကသုံးပုံပါဠိတော်ကို Roman အက္ခရာဖြင့်ပြောင်းလဲရေးသားမှု စိစစ်တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

0
233

ဒက္ခိဏသီရိမြို့နယ်ရှိ ကျောက်စာချပ်များ၌ ရေး ထိုးမည့် ပိဋကသုံးပုံပါဠိတော်ကို Roman အက္ခရာဖြင့်ပြောင်းလဲရေးသားမှု စိစစ်တည်းဖြတ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မှဆရာတော်ကြီးများနှင့်သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူ များက ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စိစစ်တည်းဖြတ်နိုင်ရေးကော်မတီ နာယက အဖွဲ့ဦး ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ (သီတဂူ)ဆရာတော်ကြီး၏ သြဝါဒကိုခံယူ၍ ပြု လုပ်ခြင်းဖြစ်သည်။

ဆဋ္ဌသိင်္ဂီတိ ပိဋက ပါဠိတော် ကျမ်း ၅၃ ကျမ်း (အုပ်ရေ ၄၀)အား ပါဠိ၊ Roman နှစ်ဘာသာဖြင့် ကျောက်စာရေးထိုးနိုင်ရေး ပါဠိ၊ ပိဋကတ်နှင့် Romanization ကို ကျွမ်းကျင်ပိုင်နိုင်သည့် ဗုဒ္ဓတက္ကသိုလ်အသီးသီးရှိ ဆရာတော်ကြီးများမှ ဦးဆောင်၍ အဖွဲ့ငယ်အဆင့်ဆင့်ဖြင့် စိစစ်တည်း ဖြတ်တော်မူရေးအား တာဝန်အသီးသီးခွဲကာ လုပ် ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျမ်း ၅၃ ကျမ်းမှာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ပါမောက္ခ ချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ဆရာတော်ကြီး ဘာသာပြန်ဆိုထားတော်မူခဲ့သည့်ကျမ်းများဖြစ်သည်။

“Romanization ကျမ်း ၅၃ ကျမ်း(အုပ်ရေ ၄၀)ကို ဆဋ္ဌသင်္ဂါယနာမူနဲ့ကိုက်ညီစေဖို့အတွက် သီတဂူဆရာတော်ကြီးရဲ့ သြဝါဒကိုခံယူယူပြီး စိစစ်တည်းဖြတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ နာ ယကအဖွဲ့၊စိစစ်တည်းဖြတ်ရေးကော်မတီ၊လုပ် ငန်းကော်မတီတွေကို အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်”ဟုစိစစ်တည်းဖြတ်ရေးလုပ်ငန်းကော်မ တီ(အတွင်းရေးမှူး)သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးအေးထွန်းက ကြွရောက် လာသည့် ဆရာတော်ကြီးများအားလျှောက်ထားသည်။

စိစစ်တည်းဖြတ်ရေးကော်မတီအတွင်းရေးမှူးဆ ရာတော်ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက မန္တလေး ကုသိုလ်တော်ဘုရားရှိ မူလကျောက်စာချပ်ပုံစံများနှင့်နှိုင်းယှဉ်ကာ မာရဝိဇယထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းထားရှိမည့်ကျောက်စာချပ်ပုံစံ၊ အရွယ်အစားနှင့်ကျောက်စာတစ်ချပ်လျှင်ပါဠိအက္ခရာ၊Romanအက္ခရာတို့ဖြင့်ဝင်ဆံ့နိုင်မည့်စာမျက်နှာအရေအတွက်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်ကျွမ်းကျင်ပညာရှင်များက ပိဋကသုံးပုံ ပါဠိတော်ကို Roman အက္ခရာဖြင့်ပြောင်းလဲ ရေးသားထားမှုအား စိစစ်တည်းဖြတ်နိုင်ရေးအ တွက် ဝိနယပိဋက ၅ အုပ်၊သုတ္တန္တပိဋက ၂၃ အုပ်၊အဘိဓမ္မာပိဋက ၁၂ အုပ်(စုစုပေါင်း ၄၀ အုပ်)၏ ကျမ်းစာရင်းများအား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် စိစစ်တည်းဖြတ်ရန် ဆွေးနွေးခဲ့ကြသည်။

Zaw Gyi

ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ေက်ာက္စာခ်ပ္မ်ား၌ ေရး ထိုးမည့္ ပိဋကသုံးပုံပါဠိေတာ္ကို Roman အကၡရာျဖင့္ေျပာင္းလဲေရးသားမႈ စိစစ္တည္းျဖတ္ႏိုင္ေရး ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းစည္းေဝး

 

ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္) မွဆရာေတာ္ႀကီးမ်ားႏွင့္သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ဒု-ဝန္ႀကီးႏွင့္တာဝန္ရွိသူ မ်ားက ဇန္နဝါရီ ၈ ရက္တြင္ ရန္ကုန္ၿမိဳ႕၊မရမ္းကုန္းၿမိဳ႕နယ္ရွိ အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶ သာသနာျပဳတကၠသိုလ္၌ ျပဳလုပ္ခဲ့ျခင္းျဖစ္ သည္။

အဆိုပါ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးအား စိစစ္တည္းျဖတ္ႏိုင္ေရးေကာ္မတီ နာယက အဖြဲ႕ဦး ေဆာင္ဆရာေတာ္ ေဒါက္တာဘဒၵႏၲဉာဏိႆရ (သီတဂူ)ဆရာေတာ္ႀကီး၏ ၾသဝါဒကိုခံယူ၍ ျပဳ လုပ္ျခင္းျဖစ္သည္။

ဆ႒သိဂႌတိ ပိဋက ပါဠိေတာ္ က်မ္း ၅၃ က်မ္း (အုပ္ေရ ၄၀)အား ပါဠိ၊ Roman ႏွစ္ဘာသာျဖင့္ ေက်ာက္စာေရးထိုးႏိုင္ေရး ပါဠိ၊ ပိဋကတ္ႏွင့္ Romanization ကို ကြၽမ္းက်င္ပိုင္ႏိုင္သည့္ ဗုဒၶတကၠသိုလ္အသီးသီးရွိ ဆရာေတာ္ႀကီးမ်ားမွ ဦးေဆာင္၍ အဖြဲ႕ငယ္အဆင့္ဆင့္ျဖင့္ စိစစ္တည္း ျဖတ္ေတာ္မူေရးအား တာဝန္အသီးသီးခြဲကာ လုပ္ ငန္းမ်ား စတင္ေဆာင္႐ြက္လ်က္ရွိသည္။

အဆိုပါ က်မ္း ၅၃ က်မ္းမွာ အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္၌ ပါေမာကၡ ခ်ဳပ္ဆရာေတာ္အျဖစ္ တာဝန္ထမ္းေဆာင္ေတာ္မူခဲ့သည့္ အဂၢမဟာပ႑ိတ ေဒါက္တာဘဒၵႏၲသီလာနႏၵာဘိဝံသ ဆရာေတာ္ႀကီး ဘာသာျပန္ဆိုထားေတာ္မူခဲ့သည့္က်မ္းမ်ားျဖစ္သည္။

“Romanization က်မ္း ၅၃ က်မ္း(အုပ္ေရ ၄၀)ကို ဆ႒သဂၤါယနာမူနဲ႔ကိုက္ညီေစဖို႔အတြက္ သီတဂူဆရာေတာ္ႀကီးရဲ႕ ၾသဝါဒကိုခံယူယူၿပီး စိစစ္တည္းျဖတ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔ နာ ယကအဖြဲ႕၊စိစစ္တည္းျဖတ္ေရးေကာ္မတီ၊လုပ္ ငန္းေကာ္မတီေတြကို အဆင့္ဆင့္ဖြဲ႕စည္းထားပါတယ္”ဟုစိစစ္တည္းျဖတ္ေရးလုပ္ငန္းေကာ္မ တီ(အတြင္းေရးမႉး)သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ဒု-ဝန္ႀကီးဦးေအးထြန္းက ႂကြေရာက္ လာသည့္ ဆရာေတာ္ႀကီးမ်ားအားေလွ်ာက္ထားသည္။

စိစစ္တည္းျဖတ္ေရးေကာ္မတီအတြင္းေရးမႉးဆ ရာေတာ္ေဒါက္တာဘဒၵႏၲေဆကိႏၵက မႏၲေလး ကုသိုလ္ေတာ္ဘုရားရွိ မူလေက်ာက္စာခ်ပ္ပုံစံမ်ားႏွင့္ႏႈိင္းယွဥ္ကာ မာရဝိဇယထိုင္ေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပရိဝုဏ္အတြင္းထားရွိမည့္ေက်ာက္စာခ်ပ္ပုံစံ၊ အ႐ြယ္အစားႏွင့္ေက်ာက္စာတစ္ခ်ပ္လွ်င္ပါဠိအကၡရာ၊Romanအကၡရာတို႔ျဖင့္ဝင္ဆံ့ႏိုင္မည့္စာမ်က္ႏွာအေရအတြက္မ်ားအား ရွင္းလင္းေဆြးေႏြးသည္။

ထို႔ေနာက္ ႂကြေရာက္လာၾကသည့္ ဆရာေတာ္ႀကီးမ်ားႏွင့္ကြၽမ္းက်င္ပညာရွင္မ်ားက ပိဋကသုံးပုံ ပါဠိေတာ္ကို Roman အကၡရာျဖင့္ေျပာင္းလဲ ေရးသားထားမႈအား စိစစ္တည္းျဖတ္ႏိုင္ေရးအ တြက္ ဝိနယပိဋက ၅ အုပ္၊သုတၱႏၲပိဋက ၂၃ အုပ္၊အဘိဓမၼာပိဋက ၁၂ အုပ္(စုစုေပါင္း ၄၀ အုပ္)၏ က်မ္းစာရင္းမ်ားအား သက္ဆိုင္ရာ တကၠသိုလ္အလိုက္ စိစစ္တည္းျဖတ္ရန္ ေဆြးေႏြးခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here