ကမ္ဘာတစ်ဝှမ်း၌ အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူပေါင်း ငါးသိန်းခွဲကျော်နှင့်သေဆုံးသူ ၁၀၀ ကျော်ရှိဟု နစက ထုတ်ပြန်

0
148

ကမ္ဘာတစ်ဝှမ်း၌ အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူပေါင်း ငါးသိန်းခွဲကျော်နှင့်သေဆုံးသူ ၁၀၀ ကျော်ရှိဟု နစက ထုတ်ပြန်

ကမ္ဘာတစ်ဝှမ်းတွင် ဇန်နဝါရီ ၈ ရက်ညနေ ၅ နာရီအထိ ကိုဗစ်(၁၉)ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါကူးစက်ခံထားရသည့် အတည်ပြုလူနာပေါင်း ၅၅၂၁၉၁ ဦးရှိပြီဖြစ်ကာ ကမ္ဘာ့ဒေသအ သီးသီးရှိ နိုင်ငံနှင့်ဒေသ ၁၅၀ အထိကူးစက်ပျံ့နှံ့လျက်ရှိကြောင်း နစက ၏ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

ဥရောပ၊မြောက်အမေရိက၊တောင်အမေရိက၊အာဖရိက၊ဩစတြေးလျ၊အရှေ့တောင်အာရှအပါအ ဝင် အာရှဒေသနိုင်ငံများနှင့် ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံ/ဒေသပေါင်း(၁၅၀)ခု၌ အိုမီခရွန်ရောဂါပိုး ပျံ့နှံ့နေပြီး သေဆုံးသူ ၁၁၅ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်း၌ အိုမီခရွန်ရောဂါပိုးနှင့်ရောဂါဖြစ်ပွားမှုများအား အစဥ်စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

အလားတူ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊Quarantine Center များ၊ကုသရေးစင်တာများ၊အောက်စီဂျင်၊ဆေးနှင့်ဆေးပစ္စည်းများကြိုတင်ပြင်ဆင်ခြင်း၊နှီးနွှယ်ဝန်ကြီးဌာနများ၊ဒေသအဖွဲ့အစည်းများ၊အလှူရှင်များ၊စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ရေးသားထားသည်။

ထို့အတူ ပြည်သူများ စိုးရိမ်ခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအခြေခံ စည်းမျဉ်းစည်းကမ်းများကိုတိကျစွာလိုက်နာခြင်း၊သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ခြင်း၊အလှည့်ကျရရှိလာသည့် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ထိုးခြင်းနှင့်ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ် ဆေးထိုးနှံပေးနိုင်ရန် ကျန်းမာရေးဌာနသို့ဆက်သွယ်ပေးခြင်းတို့ကို ပြုလုပ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ရေးသားတိုက် တွန်းထားသည်။

Zaw Gyi

ကမာၻတစ္ဝွမ္း၌ အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံရသူေပါင္း ငါးသိန္းခြဲေက်ာ္ႏွင့္ေသဆုံးသူ ၁၀၀ ေက်ာ္ရွိဟု နစက ထုတ္ျပန္

ကမာၻတစ္ဝွမ္းတြင္ ဇန္နဝါရီ ၈ ရက္ညေန ၅ နာရီအထိ ကိုဗစ္(၁၉)ေရာဂါ ဗီဇေျပာင္းမ်ိဳးကြဲ အိုမီခ႐ြန္ေရာဂါကူးစက္ခံထားရသည့္ အတည္ျပဳလူနာေပါင္း ၅၅၂၁၉၁ ဦးရွိၿပီျဖစ္ကာ ကမာၻ႔ေဒသအ သီးသီးရွိ ႏိုင္ငံႏွင့္ေဒသ ၁၅၀ အထိကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိေၾကာင္း နစက ၏ က်န္းမာေရးဝန္ႀကီး ဌာနက ထုတ္ျပန္ခဲ့သည္။

ဥေရာပ၊ေျမာက္အေမရိက၊ေတာင္အေမရိက၊အာဖရိက၊ဩစေၾတးလ်၊အေရွ႕ေတာင္အာရွအပါအ ဝင္ အာရွေဒသႏိုင္ငံမ်ားႏွင့္ ကမာၻ႔ေဒသအသီးသီးရွိ ႏိုင္ငံ/ေဒသေပါင္း(၁၅၀)ခု၌ အိုမီခ႐ြန္ေရာဂါပိုး ပ်ံ႕ႏွံ႔ေနၿပီး ေသဆုံးသူ ၁၁၅ ဦးရွိေၾကာင္း ထုတ္ျပန္ခဲ့သည္။

ထို႔ေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ျမန္မာႏိုင္ငံအတြင္း၌ အိုမီခ႐ြန္ေရာဂါပိုးႏွင့္ေရာဂါျဖစ္ပြားမႈမ်ားအား အစဥ္ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိသည္။

အလားတူ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ျခင္း၊Quarantine Center မ်ား၊ကုသေရးစင္တာမ်ား၊ေအာက္စီဂ်င္၊ေဆးႏွင့္ေဆးပစၥည္းမ်ားႀကိဳတင္ျပင္ဆင္ျခင္း၊ႏွီးႏႊယ္ဝန္ႀကီးဌာနမ်ား၊ေဒသအဖြဲ႕အစည္းမ်ား၊အလႉရွင္မ်ား၊ေစတနာ့ဝန္ထမ္းမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ေရးသားထားသည္။

ထို႔အတူ ျပည္သူမ်ား စိုးရိမ္ျခင္းမျပဳဘဲ တစ္ဦးခ်င္း ကိုဗစ္(၁၉)ေရာဂါကာကြယ္ေရးအေျခခံ စည္းမ်ဥ္းစည္းကမ္းမ်ားကိုတိက်စြာလိုက္နာျခင္း၊သံသယေရာဂါလကၡဏာရွိသူမ်ားအေနျဖင့္ နီးစပ္ရာက်န္းမာေရးဌာနသို႔ ခ်က္ခ်င္းသတင္းပို႔ျခင္း၊အလွည့္က်ရရွိလာသည့္ ကိုဗစ္(၁၉)ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈကို အႀကိမ္ျပည့္ထိုးျခင္းႏွင့္ကာကြယ္ေဆးထိုးရန္က်န္ရွိသူမ်ားကို ကာကြယ္ ေဆးထိုးႏွံေပးႏိုင္ရန္ က်န္းမာေရးဌာနသို႔ဆက္သြယ္ေပးျခင္းတို႔ကို ျပဳလုပ္ၾကရန္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္၌ေရးသားတိုက္ တြန္းထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here