ဒေါ်အောင်ဆန်းစုကြည်အား အမှုသုံးမှုအတွက် ထောင်ဒဏ် ၄ နှစ်ကျခံစေရန် ယနေ့ အမိန့်ချမှတ်

0
168

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အား အမှုသုံးမှုအတွက် ထောင်ဒဏ် ၄ နှစ်ကျခံစေရန် ယနေ့ အမိန့်ချမှတ်

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုများအနက်မှ သဘာဝဘေးအန္တရာယ်ပုဒ်မ၊ဆက်သွယ်ရေးဥပဒေပုဒ်မနှင့်ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မများအတွက် ယနေ့တွင် နေပြည်တော်၊ဇဗ္ဗူသီရိမြိုနယ်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ အတွက် ထောင်ဒဏ် ၂ နှစ်၊ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ အတွက် ထောင်ဒဏ် ၂ နှစ်နှင့်ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ အတွက်ထောင်ဒဏ် ၁ နှစ်(စုစုပေါင်း ၅ နှစ်)အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

“ယနေ့ စီရင်ချက် သုံးခု ချမှတ်ခဲ့ပါတယ်။ပို့ကုန်-သွင်းကုန်ဥပဒေနဲ့က ထောင်ဒဏ် ၂ နှစ်၊ဆက်သွယ်ရေးဥပဒေနဲ့က ထောင်ဒဏ် ၁ နှစ်၊ ဒီအမှုနှစ်ခုကို တစ်ပေါင်းတည်းကျခံရမယ်။ဒီတော့ ၂နှစ်ပဲ။ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ အရ ကနှစ်နှစ်ချလိုက်တယ်လို့ သိရတယ်။ဒီတော့ အမှုသုံးခုအတွက် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ပဲ ကျခံရမှာလို့ သိရပါတယ်” ဟု ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးထံကသိရပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ အတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်က ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၂၇ ရက်ရုံး ချိန်းတွင် အွန်လိုင်းမှတဆင့်သက်သေထွက်ဆိုခဲ့ပြီးနောက် အပြီးသတ်လျှောက်လဲချက်များတင်ပြီး၍ ယနေ့တွင်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက အမှုပေါင်း ၅မှုကို စစ်ဆေးပြီး အပြီးသတ်အမိန့်တွေ ချမှတ်ပြီးပြီဖြစ်ပါတယ်။

ပထမ ၂မှုကို အမိန့်ချခဲ့တုန်းက ထောင်၄နှစ်ဆိုပေမယ့် ညတွင်းချင်းပင် နစကက လွတ်ငြိမ်းနဲ့ ထောင်၂နှစ် ကင်းလွတ်ခွင့်ပေးခဲ့ပြီး ကျန် ၂နှစ်ကို နေအိမ်ကပဲ ကျခံစေဖို့ ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အား အမႈသုံးမႈအတြက္ ေထာင္ဒဏ္ ၄ ႏွစ္က်ခံေစရန္ ယေန႔ အမိန႔္ခ်မွတ္

ေဒၚေအာင္ဆန္းစုၾကည္အား တရားစြဲဆိုထားသည့္အမႈမ်ားအနက္မွ သဘာဝေဘးအႏၲရာယ္ပုဒ္မ၊ဆက္သြယ္ေရးဥပေဒပုဒ္မႏွင့္ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မမ်ားအတြက္ ယေန႔တြင္ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳနယ္အထူးတရား႐ုံးက ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္ခဲ့သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွ သိရပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ အတြက္ ေထာင္ဒဏ္ ၂ ႏွစ္၊ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ-၈ အတြက္ ေထာင္ဒဏ္ ၂ ႏွစ္ႏွင့္ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၇ အတြက္ေထာင္ဒဏ္ ၁ ႏွစ္(စုစုေပါင္း ၅ ႏွစ္)အၿပီးသတ္အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။

“ယေန႔ စီရင္ခ်က္ သုံးခု ခ်မွတ္ခဲ့ပါတယ္။ပို႔ကုန္-သြင္းကုန္ဥပေဒနဲ႔က ေထာင္ဒဏ္ ၂ ႏွစ္၊ဆက္သြယ္ေရးဥပေဒနဲ႔က ေထာင္ဒဏ္ ၁ ႏွစ္၊ ဒီအမႈႏွစ္ခုကို တစ္ေပါင္းတည္းက်ခံရမယ္။ဒီေတာ့ ၂ႏွစ္ပဲ။ သဘာဝ ေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ အရ ကႏွစ္ႏွစ္ခ်လိုက္တယ္လို႔ သိရတယ္။ဒီေတာ့ အမႈသုံးခုအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ပဲ က်ခံရမွာလို႔ သိရပါတယ္” ဟု ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးထံကသိရပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ဖက္မွ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေဇာ္ျမင့္ေမာင္က ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၂၇ ရက္႐ုံး ခ်ိန္းတြင္ အြန္လိုင္းမွတဆင့္သက္ေသထြက္ဆိုခဲ့ၿပီးေနာက္ အၿပီးသတ္ေလွ်ာက္လဲခ်က္မ်ားတင္ၿပီး၍ ယေန႔တြင္အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက အမႈေပါင္း ၅မႈကို စစ္ေဆးၿပီး အၿပီးသတ္အမိန႔္ေတြ ခ်မွတ္ၿပီးၿပီျဖစ္ပါတယ္။

ပထမ ၂မႈကို အမိန႔္ခ်ခဲ့တုန္းက ေထာင္၄ႏွစ္ဆိုေပမယ့္ ညတြင္းခ်င္းပင္ နစကက လြတ္ၿငိမ္းနဲ႔ ေထာင္၂ႏွစ္ ကင္းလြတ္ခြင့္ေပးခဲ့ၿပီး က်န္ ၂ႏွစ္ကို ေနအိမ္ကပဲ က်ခံေစဖို႔ ေဆာင္႐ြက္ေပးခဲ့တာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here