မန္တလေး ပြည်ကြီးတံခွန်မြို့မရဲစခန်း မီးလောင်မှုဖြစ်ပွား

0
262

(Unicode)

မန္တလေး ပြည်ကြီးတံခွန်မြို့မရဲစခန်း မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် (၆၂) လမ်း၊ (၁၁၃)လမ်းနဲ့ (၁၁၅)လမ်းကြားမှာရှိတဲ့ ပြည်ကြီးတံခွန် မြို့မရဲစခန်း အတွင်း ဒီကနေ့ မနက် ၅နာရီခွဲလောက်မှာ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကနေ သိရပါတာ်။

ရဲစခန်း မြေညီထပ်မှာရှိတဲ့ နယ်ထိန်း ခေါင်းဆောင်ရုံးခန်းကနေ မီးလောင်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေအရ Computer System ပုံးကနေ ဝါယာရှော့ဖြစ်ခဲ့တာလို့ သိရပါတယ်။

“မနက်ကတော့ မီးသတ်ကားတွေရဲစခန်းထဲ ဝင်သွားတာတွေ့တယ်။ ရဲစခန်းမီးလောင်လို့ ဆိုပြီး ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ကွန်ပျုတာတစ်လုံး၊ စာရွက်စာတမ်းတွေနဲ့ ရုံးခန်း ပြတင်းပေါက်တွေ မီးလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရုံးခန်းတာဝန်ကျ ရဲတပ်သား တစ်ဦးကို ရဲစည်းကမ်းဥပဒေနဲ့ ကနဦးအရေးယူထားပြီး ဆက်လက်စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here