ဘားအံမြို့ရှိ ပြည်နယ်စည်ပင်ရုံးရှေ့ဗုံးပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦးသေဆုံး

0
153

(Unicode)

ဘားအံမြို့ရှိ ပြည်နယ်စည်ပင်ရုံးရှေ့ဗုံးပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့ရှိ ပြည်နယ်စည်ပင်ရုံးရှေ့တွင် ဇန်နဝါရီ ၁၀ ရက်မွန်းလွဲ ၂ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးရပ်ထားသည့် ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးတို့ ပျက်စီးသွားကာ အမျိုးသားတစ်ဦးတွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

“ဗုံးပေါက်တော့ သေသွားတဲ့လူကအော်ပြီးလဲကျသွားတာပဲ ကားနဲ့ဆိုင်ကယ်ကတော့အတော်ပျက် စီးသွားသလို စည်ပင်ရုံးက ပြတင်းပေါက်မှန်တွေလည်းကွဲထွက်ကုန်တယ် ရုံးထဲမှာ ဒဏ်ရာရတဲ့လူတော့မရှိလောက်ဘူး”ဟုဒေသခံတစ်ဦးကပြော သည်။

အခင်းဖြစ်ပြီးနောက် ဘားအံမြို့တွင်း၌ စစ်ဆေးမှုများကို လုံခြုံရေးအဖွဲ့ဝင်များက တင်းတင်းကျပ်ကျပ်ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“လက်ရှိအချိန်အထိကတော့ သေသွားတဲ့လူကဘယ်သူမှန်းမသိရသေးဘူး ဆေးရုံကိုကားနဲ့တင်သွားတာတွေ့တယ်”ဟုဒေသခံတစ်ဦးကပြော သည်။

(Zawgyi)

ဘားအံၿမိဳ႕ရွိ ျပည္နယ္စည္ပင္႐ုံးေရွ႕ဗုံးေပါက္ကြဲမႈျဖစ္ အမ်ိဳးသားတစ္ဦးေသဆုံး

ကရင္ျပည္နယ္၊ဘားအံၿမိဳ႕ရွိ ျပည္နယ္စည္ပင္႐ုံးေရွ႕တြင္ ဇန္နဝါရီ ၁၀ ရက္မြန္းလြဲ ၂ နာရီခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ အခင္းျဖစ္ေနရာအနီးရပ္ထားသည့္ ကားတစ္စီးႏွင့္ဆိုင္ကယ္တစ္စီးတို႔ ပ်က္စီးသြားကာ အမ်ိဳးသားတစ္ဦးတြင္လည္း မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့သည္။

“ဗုံးေပါက္ေတာ့ ေသသြားတဲ့လူကေအာ္ၿပီးလဲက်သြားတာပဲ ကားနဲ႔ဆိုင္ကယ္ကေတာ့အေတာ္ပ်က္ စီးသြားသလို စည္ပင္႐ုံးက ျပတင္းေပါက္မွန္ေတြလည္းကြဲထြက္ကုန္တယ္ ႐ုံးထဲမွာ ဒဏ္ရာရတဲ့လူေတာ့မရွိေလာက္ဘူး”ဟုေဒသခံတစ္ဦးကေျပာ သည္။

အခင္းျဖစ္ၿပီးေနာက္ ဘားအံၿမိဳ႕တြင္း၌ စစ္ေဆးမႈမ်ားကို လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက တင္းတင္းက်ပ္က်ပ္ေဆာင္႐ြက္လ်က္ရွိသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“လက္ရွိအခ်ိန္အထိကေတာ့ ေသသြားတဲ့လူကဘယ္သူမွန္းမသိရေသးဘူး ေဆး႐ုံကိုကားနဲ႔တင္သြားတာေတြ႕တယ္”ဟုေဒသခံတစ္ဦးကေျပာ သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here