CB ဘဏ်၏ တိုကင်ယူရန်မလိုဘဲ ငွေသားထုတ် ယူနိုင်မည့် ဘဏ်ခွဲများထပ်တိုး

0
290

(Unicode)

CB ဘဏ်၏ တိုကင်ယူရန်မလိုဘဲ ငွေသားထုတ် ယူနိုင်မည့် ဘဏ်ခွဲများထပ်တိုး

CB ဘဏ်တွင် ငွေသားထုတ်ယူရာ၌အဆင်ပြေစေရေးအတွက် တိုကင်ယူရန်မလိုဘဲ ငွေသားထုတ် ယူနိုင်သည့် နယ်ဘဏ်ခွဲများအား ယနေ့မှစတင်ကာ ထပ်တိုးပေးခဲ့ကြောင်း CB ဘဏ်မှကြေညာ သည်။

မန္တလေးတိုင်းမှ ကျောက်ဆည်ဘဏ်ခွဲ၊ ပဲခူးတိုင်းမှ နတ်တလင်းဘဏ်ခွဲ၊ ဧရာဝတီတိုင်းမှ ဖျာပုံဘဏ်ခွဲနှင့် ကချင်ပြည်နယ်မှ မိုးကောင်းဘဏ်ခွဲတို့တွင် Individual Account ဖွင့်ထားသူများသည် တိုကင်မလိုဘဲ သတ်မှတ်ငွေပမာဏအား ထုတ်ယူနိုင်မည်ဖြစ်သည်။

CB ဘဏ်၏ Old Account များမှငွေသားထုတ်ရာတွင် အဆင်ပြေစေရန် တိုကင်ယူရန်မလိုဘဲ ထုတ်ယူနိုင်ရေးအတွက် နယ်ဘဏ်ခွဲတစ်ချို့၌ စတင်ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

CB ဘဏ်မှ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၃၀ ရက်မှစတင်၍ တိုကင်ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲ ၇ ဘဏ်ဖြင့် စတင်ဝန်ဆောင်မှုပေးခဲ့သည်။

ထို့အတူ ဒီဇင်ဘာ ၅ ရက်တွင် ၁၀ ဘဏ်၊ ၁၉ ရက်တွင် ၁၃ ဘဏ်၊ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂ ရက်တွင် ၁၆ ဘဏ်နှင့် ဇန်နဝါရီ ၁၀ ရက်(ယနေ့)တွင် ဘဏ်ခွဲ ၂၀ ဘဏ်တို့ဖြင့်ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုများပေးလျက်ရှိသည်။

“ရန်ကုန်ကဘဏ်ခွဲတွေမှာလည်း တိုကင်မလိုဘဲငွေထုတ်နိုင်တဲ့ ဝန်ဆောင်မှုရချင်တယ် အခုငွေလိုတဲ့အချိန်ဆိုရင် ဘဏ်မှာတိုကင်တင်ပြီးစောင့်နေရတော့ အဆင်မပြေဖြစ်ရတာတွေများတယ်”ဟု CB ဘဏ်၌ငွေထုတ်ယူလေ့ရှိသည့် ကိုအောင်မျိုးကပြောသည်။

အခြား CB ဘဏ်ခွဲများ၌ ငွေသားထုတ်ယူပါက တိုကင်ကြိုတင်ရယူပြီးမှသာ ငွေသားထုတ်ယူနိုင်မည်ဖြစ်သည်။

(Zawgyi)

CB ဘဏ္၏ တိုကင္ယူရန္မလိုဘဲ ေငြသားထုတ္ ယူႏိုင္မည့္ ဘဏ္ခြဲမ်ားထပ္တိုး

CB ဘဏ္တြင္ ေငြသားထုတ္ယူရာ၌အဆင္ေျပေစေရးအတြက္ တိုကင္ယူရန္မလိုဘဲ ေငြသားထုတ္ ယူႏိုင္သည့္ နယ္ဘဏ္ခြဲမ်ားအား ယေန႔မွစတင္ကာ ထပ္တိုးေပးခဲ့ေၾကာင္း CB ဘဏ္မွေၾကညာ သည္။

မႏၲေလးတိုင္းမွ ေက်ာက္ဆည္ဘဏ္ခြဲ၊ ပဲခူးတိုင္းမွ နတ္တလင္းဘဏ္ခြဲ၊ ဧရာဝတီတိုင္းမွ ဖ်ာပုံဘဏ္ခြဲႏွင့္ ကခ်င္ျပည္နယ္မွ မိုးေကာင္းဘဏ္ခြဲတို႔တြင္ Individual Account ဖြင့္ထားသူမ်ားသည္ တိုကင္မလိုဘဲ သတ္မွတ္ေငြပမာဏအား ထုတ္ယူႏိုင္မည္ျဖစ္သည္။

CB ဘဏ္၏ Old Account မ်ားမွေငြသားထုတ္ရာတြင္ အဆင္ေျပေစရန္ တိုကင္ယူရန္မလိုဘဲ ထုတ္ယူႏိုင္ေရးအတြက္ နယ္ဘဏ္ခြဲတစ္ခ်ိဳ႕၌ စတင္ဝန္ေဆာင္မႈေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

CB ဘဏ္မွ ၂၀၂၁ ခုႏွစ္၊ႏိုဝင္ဘာ ၃၀ ရက္မွစတင္၍ တိုကင္ယူရန္မလိုဘဲ ေငြသားထုတ္ယူႏိုင္မည့္ ဘဏ္ခြဲ ၇ ဘဏ္ျဖင့္ စတင္ဝန္ေဆာင္မႈေပးခဲ့သည္။

ထို႔အတူ ဒီဇင္ဘာ ၅ ရက္တြင္ ၁၀ ဘဏ္၊ ၁၉ ရက္တြင္ ၁၃ ဘဏ္၊ ၂၀၂၂ ခုႏွစ္၊ဇန္နဝါရီ ၂ ရက္တြင္ ၁၆ ဘဏ္ႏွင့္ ဇန္နဝါရီ ၁၀ ရက္(ယေန႔)တြင္ ဘဏ္ခြဲ ၂၀ ဘဏ္တို႔ျဖင့္ထပ္မံတိုးခ်ဲ႕၍ ဝန္ေဆာင္မႈမ်ားေပးလ်က္ရွိသည္။

“ရန္ကုန္ကဘဏ္ခြဲေတြမွာလည္း တိုကင္မလိုဘဲေငြထုတ္ႏိုင္တဲ့ ဝန္ေဆာင္မႈရခ်င္တယ္ အခုေငြလိုတဲ့အခ်ိန္ဆိုရင္ ဘဏ္မွာတိုကင္တင္ၿပီးေစာင့္ေနရေတာ့ အဆင္မေျပျဖစ္ရတာေတြမ်ားတယ္”ဟု CB ဘဏ္၌ေငြထုတ္ယူေလ့ရွိသည့္ ကိုေအာင္မ်ိဳးကေျပာသည္။

အျခား CB ဘဏ္ခြဲမ်ား၌ ေငြသားထုတ္ယူပါက တိုကင္ႀကိဳတင္ရယူၿပီးမွသာ ေငြသားထုတ္ယူႏိုင္မည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here