“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူ ညီသော စိတ်ဆန္ဒများရှိရန် လိုအပ်”ဟု နစက ဥက္ကဋ္ဌပြော

0
199

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူ ညီသော စိတ်ဆန္ဒများရှိရန် လိုအပ်”ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌက(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အ ထက်ပါအတိုင်းရေးသားထားသည်။

နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန်တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါသည်။တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့်ပါဝင်သက်ဆိုင်သူအားလုံးက အကြမ်းဖက်လုပ်ရပ်များ၊အဖျက်အ မှောင့်လုပ်ရပ်များ၊ပြည်တွင်းပြည်ပ ပယောဂများ၊မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှသွေဖည်မသွားကြစေရေးကို အ မျိုးသားရေးစိတ်ဓာတ်ဖြင့်သတိရှိရှိဆောင်ရွက်ပေးရန် သဝဏ်လွှာတွင်ရေးသားထားသည်။

ကချင်ပြည်နယ်သည် သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်ဖြစ်သော်လည်း လက် နက်ကိုင်ပဋိပက္ခများ အပြီးတိုင်မချုပ်ငြိမ်းနိုင်သေးသော၍ သဘာဝအလှအပများကို အပြည့်အဝ မခံစားနိုင်သေးသဘဲ သဘာဝသယံဇာတများအား ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက်အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရသည်ဟု သဝဏ်လွှာ၌ရေးသားထား သည်။

“ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက သဝဏ်လွှာ၌ပြောသည်။

ငြိမ်းချမ်းရေး၏အရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သည့် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ပါသည်။နိုင်ငံ တော်အနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အ ခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအားကောင်းလာစေရန်နှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊နိုင်ငံတော်တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းရေးတို့ပင်ဖြစ်သည်။ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ် စဉ်များဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်တိုင်းရင်း သားညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ရေးကို အ လေးထားဆောင်ရွက်ပေးလျက်ရှိသည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။

နိုင်ငံအား ငြိမ်းချမ်းသာယာရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒီမိုကရေစီစနစ်ကို တည်ဆောက်လျက်ရှိတဲ့အချိန်မှာ အမျိုးသားရေးစိတ်ဓာတ်ရှိကြဖို့ အ လွန်အရေးကြီးသောကာလဖြစ်သည်ဟုပြော သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊အကျပ်အတည်း၊စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်း သားများ၏ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်အားအခြေခံသော မျိုးချစ်စိတ်ဓာတ်ဖြင့် အခိုင်အ မာရင်ဆိုင်ကျော်လွှားနိုင်မည်ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

နိုင်ငံကောင်းကျိုးအား ဆောင်ရွက်ရာတွင် တစ်ဦးကောင်း၊တစ်ဖွဲ့ကောင်းဖြင့်ဆောင်ရွက်၍ မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန်လိုအပ်သည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here