တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ကလေးတစ်ဦးနှင့်အမျိုးသမီးနှစ်ဦးဒဏ်ရာရ

0
235

(Unicode)

တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ကလေးတစ်ဦးနှင့်အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊မကာဟိုခမ်းရပ် ကွက်ရှိ လဝကရုံးတွင် ဇန်နဝါရီ ၁၀ ရက်ည ၇ နာ ရီ ၁၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“တာချီလိတ်မှာ ဒီတစ်ရက် နှစ်ရက်အတွင်း ဗုံးပေါက်တာတွေဆက်နေတော့ အရင်ကထက်ပိုပြီး ကင်းလှည့်နေတဲ့ကားတွေများတယ် အဲဒီကြားထဲကကိုညဖက်က လဝက ရုံးမှာပေါက်တာ အဲ့ရုံးနားမှာလည်း ကင်းစောင့်တာရှိတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် လဝက ရုံး၏ပြတင်းပေါက်မှန်များနှင့်ရုံးအဆောက်အဦးမှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဥ်အနီးရှိ ကလေးငယ်တစ်ဦးနှင့်အမျိုး သမီးနှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

“ဒဏ်ရာရတဲ့သူတွေက ပေါက်ကွဲတဲ့အချိန်မှာ လွင့်လာတဲ့ပြတင်းပေါက်ကမှန်တွေထိမိတာ ပေါက် ကွဲသံကြီးကြားပေမယ့် ထွက်မကြည့်ရဲဘူး ဒဏ် ရာရတဲ့သူတွေကိုတော့ လူနာတင်ကားနဲ့တင်ခေါ်သွားတဲ့အသံကြားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအားစစ်ဆေးကာ တာချီလိတ်မြို့ရှိ လမ်းမများပေါ်တွင် စစ်ဆေးမှုများနှင့်ရပ်ကွက်များအတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

တာခ်ီလိတ္ၿမိဳ႕ရွိ လူဝင္မႈႀကီးၾကပ္ေရး႐ုံး၌ ဗုံးေပါက္ကြဲမႈျဖစ္ပြား ကေလးတစ္ဦးႏွင့္အမ်ိဳးသမီးႏွစ္ဦးဒဏ္ရာရ

ရွမ္းျပည္နယ္၊တာခ်ီလိတ္ၿမိဳ႕၊မကာဟိုခမ္းရပ္ ကြက္ရွိ လဝက႐ုံးတြင္ ဇန္နဝါရီ ၁၀ ရက္ည ၇ နာ ရီ ၁၅ မိနစ္ခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“တာခ်ီလိတ္မွာ ဒီတစ္ရက္ ႏွစ္ရက္အတြင္း ဗုံးေပါက္တာေတြဆက္ေနေတာ့ အရင္ကထက္ပိုၿပီး ကင္းလွည့္ေနတဲ့ကားေတြမ်ားတယ္ အဲဒီၾကားထဲကကိုညဖက္က လဝက ႐ုံးမွာေပါက္တာ အဲ့႐ုံးနားမွာလည္း ကင္းေစာင့္တာရွိတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ လဝက ႐ုံး၏ျပတင္းေပါက္မွန္မ်ားႏွင့္႐ုံးအေဆာက္အဦးမွာ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ၿပီး ျဖစ္စဥ္အနီးရွိ ကေလးငယ္တစ္ဦးႏွင့္အမ်ိဳး သမီးႏွစ္ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည္ဟု သိရသည္။

“ဒဏ္ရာရတဲ့သူေတြက ေပါက္ကြဲတဲ့အခ်ိန္မွာ လြင့္လာတဲ့ျပတင္းေပါက္ကမွန္ေတြထိမိတာ ေပါက္ ကြဲသံႀကီးၾကားေပမယ့္ ထြက္မၾကည့္ရဲဘူး ဒဏ္ ရာရတဲ့သူေတြကိုေတာ့ လူနာတင္ကားနဲ႔တင္ေခၚသြားတဲ့အသံၾကားတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာအားစစ္ေဆးကာ တာခ်ီလိတ္ၿမိဳ႕ရွိ လမ္းမမ်ားေပၚတြင္ စစ္ေဆးမႈမ်ားႏွင့္ရပ္ကြက္မ်ားအတြင္းဝင္ေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here