ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ်ချီးကျူး

0
157

(Unicode)

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် တရုတ်ချီးကျူး

ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်နေ့နှင့် ၈ရက်နေ့များက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်နှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Wang Wenbin က မှတ်ချက်ပြုစကားကို ဇန်နဝါရီ ၁၀ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Mr. Wang Wenbin က တရုတ်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အင်တိုက်အားတိုက်ထောက်ခံအားပေး၍ မြန်မာနိုင်ငံဘက်အသီးသီးက နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းကာ ဆောလျင်စွာတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်းကိုပါ ထည့်သွင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက.မြန်မာနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့မှုနှင့် တိုးတက်မှုတို့အပေါ် တရုတ်ဘက်ကမည်ကဲ့သို့ ရှုမြင်ပါသနည်းဟု မေးမြန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Wang Wenbin က မြန်မာနိုင်ငံသည် အာဆီယံဟူသည့်မိသားစုကြီး၏အဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အာဆီယံသည် “အာဆီယံနည်းလမ်း” ဖြင့် မြန်မာအရေးကိစ္စဖြေရှင်းပြီး အာဆီယံမူဘောင်အောက်တွင် “သဘောတူညီချက် (၅) ချက်” အား အဆင်ပြေချောမွေ့စွာဖော်ဆောင်မှုကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏တာဝန်ထမ်းဆောင်မှုအတွက် အကျိုးရှိသည့်အခြေအနေ ဖန်တီးပေးပြီး မြန်မာနိုင်ငံ၏ “ရှေ့လုပ်ငန်းစဉ် (၅) ရပ်” နှင့် အာဆီယံ “သဘောတူညီချက် (၅) ချက်” ထိရောက်စွာချိတ်ဆက်ရေးကို မိမိတို့ကချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အင်တိုက်အားတိုက်ထောက်ခံအားပေး၍ မြန်မာနိုင်ငံဘက်အသီးသီးက နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းကာ ဆောလျင်စွာတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်ဟု သိရှိရသည်။

(Zawgyi)

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္၏ ျမန္မာခရီးစဥ္ တ႐ုတ္ခ်ီးက်ဴး

ၿပီးခဲ့သည့္ ဇန္နဝါရီ ၇ရက္ေန႔ႏွင့္ ၈ရက္ေန႔မ်ားက ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့သည့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ ခရီးစဥ္ႏွင့္ ပတ္သတ္ၿပီး တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာဆိုခြင့္ရပုဂၢိဳလ္ Mr. Wang Wenbin က မွတ္ခ်က္ျပဳစကားကို ဇန္နဝါရီ ၁၀ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Mr. Wang Wenbin က တ႐ုတ္ႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံသည္ အျပဳသေဘာေဆာင္သည့္ အခန္းက႑မွပါဝင္ရန္ အင္တိုက္အားတိုက္ေထာက္ခံအားေပး၍ ျမန္မာႏိုင္ငံဘက္အသီးသီးက ႏိုင္ငံေရးေဆြးေႏြးမႈမွတစ္ဆင့္ သေဘာထားကြဲလြဲမႈမ်ားကိုေျဖရွင္းကာ ေဆာလ်င္စြာတည္ၿငိမ္ေအးခ်မ္း၍ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေရးပါသည့္အက်ိဳးထမ္းေဆာင္ေပးမည္ျဖစ္ေၾကာင္းကိုပါ ထည့္သြင္း ေျပာၾကားခဲ့သည္။

ဇန္နဝါရီလ ၁၀ ရက္ေန႔တြင္ က်င္းပသည့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ပုံမွန္သတင္းစာရွင္းလင္းပြဲ၌ သတင္းေထာက္တစ္ဦးက.ျမန္မာႏိုင္ငံသို႔ ကေမာၻဒီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္လာေရာက္ခဲ့မႈႏွင့္ တိုးတက္မႈတို႔အေပၚ တ႐ုတ္ဘက္ကမည္ကဲ့သို႔ ရႈျမင္ပါသနည္းဟု ေမးျမန္းခဲ့သည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာဆိုခြင့္ရပုဂၢိဳလ္ Mr. Wang Wenbin က ျမန္မာႏိုင္ငံသည္ အာဆီယံဟူသည့္မိသားစုႀကီး၏အဖြဲ႕ဝင္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက အာဆီယံသည္ “အာဆီယံနည္းလမ္း” ျဖင့္ ျမန္မာအေရးကိစၥေျဖရွင္းၿပီး အာဆီယံမူေဘာင္ေအာက္တြင္ “သေဘာတူညီခ်က္ (၅) ခ်က္” အား အဆင္ေျပေခ်ာေမြ႕စြာေဖာ္ေဆာင္မႈကို ေထာက္ခံအားေပးေၾကာင္း၊ ျမန္မာႏိုင္ငံက ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္၏တာဝန္ထမ္းေဆာင္မႈအတြက္ အက်ိဳးရွိသည့္အေျခအေန ဖန္တီးေပးၿပီး ျမန္မာႏိုင္ငံ၏ “ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္” ႏွင့္ အာဆီယံ “သေဘာတူညီခ်က္ (၅) ခ်က္” ထိေရာက္စြာခ်ိတ္ဆက္ေရးကို မိမိတို႔ကခ်ီးက်ဴးပါေၾကာင္း၊ တ႐ုတ္ႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံသည္ အျပဳသေဘာေဆာင္သည့္ အခန္းက႑မွပါဝင္ရန္ အင္တိုက္အားတိုက္ေထာက္ခံအားေပး၍ ျမန္မာႏိုင္ငံဘက္အသီးသီးက ႏိုင္ငံေရးေဆြးေႏြးမႈမွတစ္ဆင့္ သေဘာထားကြဲလြဲမႈမ်ားကိုေျဖရွင္းကာ ေဆာလ်င္စြာတည္ၿငိမ္ေအးခ်မ္း၍ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေရးပါသည့္အက်ိဳးထမ္းေဆာင္ေပးမည္ျဖစ္ေၾကာင္း စသည္ျဖင့္ ေျဖၾကားခဲ့သည္ဟု သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here