G Bank ၏ဘဏ်ခွဲတိုင်းတွင် တိုကင်ယူရန်မလိုဘဲ တစ်ပတ် ငွေကျပ် ၅ သိန်းထုတ်ယူနိုင်

0
152

G Bank ၏ဘဏ်ခွဲတိုင်းတွင် တိုကင်ယူရန်မလိုဘဲ တစ်ပတ် ငွေကျပ် ၅ သိန်းထုတ်ယူနိုင်

G Bank ၏ရန်ကုန်တိုင်းအပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခုရှိ ဘဏ်ခွဲတိုင်းတွင် တိုကင်ယူရန်မလိုအပ်ဘဲ တစ်ပတ်လျင် ငွေကျပ် ၅ သိန်းနှုန်းဖြင့်အပတ်စဥ်ထုတ်ယူရရှိနိုင်ကြောင်း အဆို ပါ ဘဏ်မှသိရသည်။

G Bank ၏ Personal Account များ၌ အပ်နှံထားသည့်ငွေများအား တိုကင်ယူရန်နှင့်စောင့်ဆိုင်းရန်မလိုအပ်ဘဲ ဘဏ်ခွဲတိုင်း၌လွယ်ကူစွာထုတ်ယူနိုင်မည်ဖြစ်သည်။

“ဘဏ်ခွဲတိုင်းမှာ တစ်ပတ်ကို ၅ သိန်းနှုန်းနဲ့တစ်လကိုသိန်း ၂၀ ထုတ်ခွင့်ပေးထားပါတယ် တိုကင်ယူဖို့မလိုပါဘူး အစထဲကလည်း ကျွန်မတို့ဘဏ်ကတိုကင်ယူပြီးမထုတ်ခိုင်းထားပါဘူး”ဟု G Bank မှတာဝန်ရှိသူတစ်ဦးကပြောသည်။

G Bank ၏ရန်ကုန်တိုင်းအတွင်းရှိ ဘဏ်ခွဲခြောက်ခု၊မန္တလေးတိုင်းရှိ ဘဏ်ခွဲလေးခု၊စစ်ကိုင်းတိုင်းရှိ ဘဏ်ခွဲလေးခု၊ရှမ်းပြည်နယ်ရှိ ဘဏ်ခွဲသုံးခုနှင့်ကရင်ပြည်နယ်ရှိ ဘဏ်ခွဲတစ်ခု(စုစုပေါင်း ဘဏ်ခွဲ ၁၈ ခု)၌ထုတ်ယူနိုင်မည်ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here