မွေးနေ့အလှုအဖြစ် ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာ အတွက် အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ရဲ​လေး

0
163

မွေးနေ့အလှုအဖြစ်ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံဂေဟာအတွက်အလှူငွေများလှူဒါန်းပေးခဲ့တဲ့ ရဲ​လေး

သရုပ်ဆောင်အဆိုတော်ရဲလေးက မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာကျရောက် မွေးနေ့အလှူအဖြစ် ခိုင်းနှင်းဝေရင်ခွင်ရိပ်မြုံဂေဟာက ကလေးများအတွက် အလှူငွေများလှူဒါန်းခဲ့တာဖြစ်ပါတယ်။

” ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံ ဂေဟာသို့သရုပ်ဆောင်အဆိုတော် ကိုရဲလေး မှ မွေးနေ့အလှုအဖြစ် ကလေးများအတွက် အလှုငွေတစ်သိန်းငါးသောင်းကျပ်လှုဒါန်းတာလက်ခံရရှိပါတယ်။” လို့ မခိုင်နှင်းဝေက သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ရဲလေးက အဆိုတော်အနေနဲ့သီချင်းပေါင်းများစွာ ကိုဖန်တီးနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကိုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here