ဦးတီခွန်မြတ် မူလရာထူးအတိုင်းဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိ

0
167

(Unicode)

ဦးတီခွန်မြတ် မူလရာထူးအတိုင်းဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်များအား ထမ်းဆောင်ခဲ့သည့် ဦးတီခွန်မြတ်သည် မူလရာထူးအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိနေသည်ဟု ယခုရက်ထဲ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံပြန်တမ်းပါ အမိန့်ကြော်ငြာစာတစ်ရပ်အရသိရသည်။

ပြည်ထောင်စုလွှတ်တော်ရုံး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကိုယ်တိုင်၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၇ရက်က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ် (၁၃၇/၂၀၂၁)တွင် ပြည်ထောင်စုလွှတ်တော်ရုံးမှ အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ၏ သက်ပြည့် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄) လ လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၂၊ နည်းဥပဒေ ၈၁ နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ခွင့်ပြုချက်တို့အရ တောင်းခံသည့် ခွင့်ကာလကို ငြင်းပယ်လိုက်ခဲ့မှုက ဦးတီခွန်မြတ် လွှတ်တော်တာဝန်များအား ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းက ထင်ရှားလျှက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲဖြစ်ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ အဖမ်းမခံရကြောင်း ၂၀၂၁ စက်တင်ဘာလအတွင်းက နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် ပြောဆိုထားခဲ့ပြီးဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ပုဒ်မ ၁၁၃(က)အရ နောက်တစ်ကြိမ်ပြည်သူ့လွှတ်တော်သက်တမ်း ပထမအစည်းအဝေးစတင်မကျင်းပမီအချိန်အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်ဆိုသော အချက်အရ ဦးတီးခွတ်မြတ်မူလရာထူးအတိုင်း ဆက်လက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

(Zawgyi)

ဦးတီခြန္ျမတ္ မူလရာထူးအတိုင္းဆက္လက္တာဝန္ထမ္းေဆာင္လွ်က္ရွိ

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကတာဝန္၊ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒တာဝန္မ်ားအား ထမ္းေဆာင္ခဲ့သည့္ ဦးတီခြန္ျမတ္သည္ မူလရာထူးအတိုင္း ဆက္လက္တာဝန္ထမ္းေဆာင္လွ်က္ရွိေနသည္ဟု ယခုရက္ထဲ ထုတ္ျပန္လိုက္ေသာ ျမန္မာႏိုင္ငံျပန္တမ္းပါ အမိန႔္ေၾကာ္ျငာစာတစ္ရပ္အရသိရသည္။

ျပည္ေထာင္စုလႊတ္ေတာ္႐ုံး ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ ကိုယ္တိုင္၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၇ရက္က ထုတ္ျပန္ခဲ့ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံး အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၃၇/၂၀၂၁)တြင္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံးမွ အၿမဲတမ္းအတြင္းဝန္/ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္စိုး ၏ သက္ျပည့္ အၿငိမ္းစားယူရန္ ႀကိဳတင္ျပင္ဆင္ခြင့္ (၄) လ ေလွ်ာက္ထားလာျခင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံ့ဝန္ထမ္းဥပေဒပုဒ္မ ၂၂၊ နည္းဥပေဒ ၈၁ ႏွင့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၏ခြင့္ျပဳခ်က္တို႔အရ ေတာင္းခံသည့္ ခြင့္ကာလကို ျငင္းပယ္လိုက္ခဲ့မႈက ဦးတီခြန္ျမတ္ လႊတ္ေတာ္တာဝန္မ်ားအား ဆက္လက္တာဝန္ထမ္းေဆာင္ေနျခင္းက ထင္ရွားလွ်က္ရွိေနသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ေန႔ ႏိုင္ငံေရးအခင္းအက်င္းအေျပာင္းအလဲျဖစ္ၿပီးေနာက္ လႊတ္ေတာ္ဥကၠ႒ဦးတီခြန္ျမတ္ႏွင့္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူတို႔ အဖမ္းမခံရေၾကာင္း ၂၀၂၁ စက္တင္ဘာလအတြင္းက နစကျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကိုယ္တိုင္ ေျပာဆိုထားခဲ့ၿပီးျဖစ္သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ပုဒ္မ ၁၁၃(က)အရ ေနာက္တစ္ႀကိမ္ျပည္သူ႔လႊတ္ေတာ္သက္တမ္း ပထမအစည္းအေဝးစတင္မက်င္းပမီအခ်ိန္အထိ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒တာဝန္ကို ထမ္းေဆာင္ရမည္ဆိုေသာ အခ်က္အရ ဦးတီးခြတ္ျမတ္မူလရာထူးအတိုင္း ဆက္လက္ တာဝန္ထမ္းေဆာင္ေနျခင္းျဖစ္သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here