မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဆရာမတစ်ဦးအ ပါအဝင် လူ ၁၀ ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိ

0
451

(Unicode)

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ဆရာမတစ်ဦးအ ပါအဝင် လူ ၁၀ ဦး၌ ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိ

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကျားဘိုကျေးရွာရှိ အထကကျောင်း(ခွဲ)တွင် ဇန်နဝါရီ ၁၁ ရက်က ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိကို ကျန်းမာ ရေးဝန်ထမ်းများကစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ အထက်တန်းပြကျောင်းဆရာမတစ်ဦး ၎င်းနှင့်အတူနေသည့် မိသားစုဝင်ငါးဦးနှင့် ကျောင်းသား၊ကျောင်းသူလေးဦးတို့၌ ကိုဗစ်(၁၉) ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ဆရာမကနေမကောင်းဖြစ်နေတယ်ဆိုတာနဲ့ အာ ခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်ယူပြီးစစ်တဲ့အချိန်မှာတွေ့တာ အဲဒါနဲ့ကျောင်းမှာထပ်စစ်တော့ ကျောင်းသား၊ကျောင်းသူ လေးယောက်ဆီမှာတွေ့တယ် သူတို့နဲ့အတူနေ မိသားစုဝင်တွေ ထိတွေ့ဆက်ဆံတဲ့သူတွေကိုပါထပ်စစ်လိုက်တာကျောင်း သား၊ကျောင်းသူတွေရဲ့မိသားစုဝင်တွေ ထိတွေ့မိတဲ့လူတွေမှာမတွေ့ရဘူး ဆရာမနဲ့အတူနေတဲ့မိ သားစုဝင်တွေမှာတွေ့တာ”ဟုဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့သူ ၁၀ ဦးအား သီးသန့်ခွဲထားကာ လိုအပ်သည့် ကျန်းမာရေးကုသစောင့်ရှောက်မှုများလုပ်ဆောင်ပေးလျက်ရှိသည်။

“ထပ်စစ်ဖို့ကျန်သေးတယ် လတ်တလောမှာ ၁၀ ယောက်တွေ့ထားတော့ တစ်ချို့လည်းတော်တော်စိတ်ပူနေကြတယ် အိုမီခရွန် ဖြစ်နေမလားဆိုပြီး စစ်တဲ့နေ့ကတော့ ကျောင်းသား၊ကျောင်းသူနဲ့ထိတွေဆက်စပ်မိသူတွေအားလုံးပေါင်း အယောက် ၆၀ လောက်ကိုစစ်ထားတယ်”ဟုကျန်းမာရေးဝန်ထမ်းကဆက်ပြောသည်။

Photo – CJ

(Zawgyi)

မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္တြင္ ဆရာမတစ္ဦးအ ပါအဝင္ လူ ၁၀ ဦး၌ ကိုဗစ္(၁၉)ေရာဂါပိုးစစ္ေဆးေတြ႕ရွိ

မြန္ျပည္နယ္၊ေပါင္ၿမိဳ႕နယ္၊က်ားဘိုေက်း႐ြာရွိ အထကေက်ာင္း(ခြဲ)တြင္ ဇန္နဝါရီ ၁၁ ရက္က ဆရာ၊ဆရာမမ်ားႏွင့္ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိကို က်န္းမာ ေရးဝန္ထမ္းမ်ားကစစ္ေဆးခဲ့ၾကသည္။

ထိုသို႔ စစ္ေဆးရာ အထက္တန္းျပေက်ာင္းဆရာမတစ္ဦး ၎ႏွင့္အတူေနသည့္ မိသားစုဝင္ငါးဦးႏွင့္ ေက်ာင္းသား၊ေက်ာင္းသူေလးဦးတို႔၌ ကိုဗစ္(၁၉) ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

“ဆရာမကေနမေကာင္းျဖစ္ေနတယ္ဆိုတာနဲ႔ အာ ေခါင္တို႔ဖတ္၊ႏွာေခါင္းတို႔ဖတ္ယူၿပီးစစ္တဲ့အခ်ိန္မွာေတြ႕တာ အဲဒါနဲ႔ေက်ာင္းမွာထပ္စစ္ေတာ့ ေက်ာင္းသား၊ေက်ာင္းသူ ေလးေယာက္ဆီမွာေတြ႕တယ္ သူတို႔နဲ႔အတူေန မိသားစုဝင္ေတြ ထိေတြ႕ဆက္ဆံတဲ့သူေတြကိုပါထပ္စစ္လိုက္တာေက်ာင္း သား၊ေက်ာင္းသူေတြရဲ႕မိသားစုဝင္ေတြ ထိေတြ႕မိတဲ့လူေတြမွာမေတြ႕ရဘူး ဆရာမနဲ႔အတူေနတဲ့မိ သားစုဝင္ေတြမွာေတြ႕တာ”ဟုေဒသခံက်န္းမာေရးဝန္ထမ္းတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့သူ ၁၀ ဦးအား သီးသန္႔ခြဲထားကာ လိုအပ္သည့္ က်န္းမာေရးကုသေစာင့္ေရွာက္မႈမ်ားလုပ္ေဆာင္ေပးလ်က္ရွိသည္။

“ထပ္စစ္ဖို႔က်န္ေသးတယ္ လတ္တေလာမွာ ၁၀ ေယာက္ေတြ႕ထားေတာ့ တစ္ခ်ိဳ႕လည္းေတာ္ေတာ္စိတ္ပူေနၾကတယ္ အိုမီခ႐ြန္ ျဖစ္ေနမလားဆိုၿပီး စစ္တဲ့ေန႔ကေတာ့ ေက်ာင္းသား၊ေက်ာင္းသူနဲ႔ထိေတြဆက္စပ္မိသူေတြအားလုံးေပါင္း အေယာက္ ၆၀ ေလာက္ကိုစစ္ထားတယ္”ဟုက်န္းမာေရးဝန္ထမ္းကဆက္ေျပာသည္။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here