ဖောက်ခွဲဖျက်ဆီးခံထားရသည့် မဟာဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်နေ၍ လျှပ်စစ်ဝန်အားထိန်းညှိမှုဆက်လက်လုပ်ဆောင်မည်

0
145

(Unicode)

ဖောက်ခွဲဖျက်ဆီးခံထားရသည့် မဟာဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်နေ၍ လျှပ်စစ်ဝန်အားထိန်းညှိမှုဆက်လက်လုပ်ဆောင်မည်

ဖောက်ခွဲဖျက်ဆီးခံထားရသဖြင့် နိုင်ငံတော်ဓာတ် အားစနစ်သို့ ပို့လွှတ်နေသည့် မဟာဓာတ်အားလိုင်းများမှ လျှပ်စစ်ဓာတ်အား ၁၄၇၀ မဂ္ဂါဝပ်ခန့်လျော့နည်းနေ၍ လျှပ်စစ်ဓာတ်အားအမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံကိန်းအသစ်များ ဆောင်ရွက်လျက်ရှိသည်ဟု နစက ၏လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရတနာကမ်းလွန်စီမံကိန်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီးဖြစ်၍ သဘာ ဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ ၅၄၀ မဂ္ဂါဝပ်ခန့် ပြန်လည်ထုတ်လုပ်နိုင်ခဲ့သည်။

ထိုသို့ ထုတ်လုပ်နိုင်ခဲ့သော်လည်း ဇန်နဝါရီ ၃ ရက်တွင် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)ရွှေမြို့ဓာတ် အားလိုင်းနှင့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂) တောင်ငူဓာတ်အားလိုင်းသည် ၂၀၂၁ ခုနှစ်၊ဒီဇင် ဘာ ၁၈ ရက်တွင် လေးကြိမ်မြောက်ဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်လျက်ရှိသည်။

ထို့ပြင် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)တီကျစ်ဓာတ်အားလိုင်းသည် ဇန်နဝါရီ ၉ ရက်ည ၉ နာရီခွဲခန့်က ၂ ကြိမ်မြောက်အဖြစ် တာဝါတိုင်များထပ် မံဖျက်ဆီးခံခဲ့ရသဖြင့် ဘီလူးချောင်းရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံမှ ၂၂၀ မဂ္ဂါဝပ်ခန့်ကို ပို့လွှတ်နိုင်ခြင်းမရှိ၍ ဓာတ်အားများပြတ်တောက်ခြင်းဖြစ်သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့အတူ ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်နေ၍ LNG ဓာတ်အားပေးစက်ရုံများရပ်နားထားရကာ ၇၅၀ မဂ္ဂါဝပ်ခန့်(စုစုပေါင်း ၉၇၀ မဂ္ဂါဝပ်)ခန့်လျော့နည်းနေသဖြင့် ဓာတ်အားသုံးစွဲမှုများသည့် နံနက် ၇ နာရီမှနံနက် ၁၁ နာရီအတွင်းနှင့်ညနေ ၅ နာရီမှည ၇ နာရီအထိ လျှပ်စစ်ဝန်အားထိန်းညှိခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဇန်နဝါရီ ၅ ရက်ကလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ၁၄၇၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေ၍ အချို့နေရာများတွင် လျှပ်စစ်ဝန်အားလျော့ချထိန်းညှိမှုလုပ်ဆောင်ရခြင်းအား ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

Photo Credit- YESC

(Zawgyi)








Photo Credit- YESC


LEAVE A REPLY

Please enter your comment!
Please enter your name here