လွိုင်ကော်မှ နေရပ်စွန့်ခွာထွက်ပြေးလာသူများအား ကြက်ခြေနီအဖွဲ့များမှ ဝိုင်းဝန်းကူညီ

0
96

(Unicode)

လွိုင်ကော်မှ နေရပ်စွန့်ခွာထွက်ပြေးလာသူများအား ကြက်ခြေနီအဖွဲ့များမှ ဝိုင်းဝန်းကူညီ

ဇန်နဝါရီလ အစောပိုင်းရက်များကစပြီး တစ်စတစ်စပြင်းထန်လာနေတဲ့ ကယားပြည်နယ်တိုက်ပွဲများကြောင့် မြို့တော်လွိုင်ကော်ကနေ ဘေးလွတ်ရာ တစ်ခြားနေရာကို ဒေသခံအများအပြားတိမ်းရှောင်နေကြရတာရှိပါတယ်။

ဒီလိုရှောင်တိမ်းနေကြရတာကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့အတူ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီ နေကြတာရှိပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က နေရပ်စွန့်ခွါပြည်သူတွေကို ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့က စတင်ပြီး လူမှုကရုဏာအကူအညီတွေ ပေးအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဓါတ်ပုံ-မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here