ပုံတူရုပ်တု အပေါ် ဦးကျော်သူ ရဲ့အမြင်

0
165

kyaw-thu-1မြောက်ဒဂုံ မြို့နယ်က နာရေးကူညီမှု အသင်း (ရန်ကုန်) ရုံးချုပ်မှာ ရောက် ရှိနေတဲ့ လက်အုပ်ချီ ပုံစံ ဦးကျော်သူ ပုံတူ ရုပ်တု ကတော့ ပြည်မြို့တစ်ဖက်ကမ်း ရှိ မဟာပဏီတ ပရဟိတ စေတီမှာ ထားရှိဖို့ အတွက် ကိုအောင်ကျော်ထွန်း က လှူဒါန်း တာ လို့ ဦးကျော်သူ က ပြောပါတယ်။

“အခုတော့ နာရေး အသင်းမှာ ခဏယာယီ ထားထားတာပေါ့လေ။ နာရေးအသင်း အတွက် နောက်ထပ် တစ်ရုပ် ထပ်မှာထားတယ်။ ဒါက တော့ ပရဟိတစေတီ အတွက် ကိုအောင် ကျော်ထွန်းက လှူတာပါ။ ကိုအောင်ကျော်ထွန်း ကိုလည်း သာဓု ခေါ်တယ်။ တူအောင် လုပ်ပေးတဲ့ အတွက်ပါ။ နောက်တစ်ချက် က ကျွန်တော်က ခရီးတောက်လျှောက် သွားနေရတဲ့ အချိန်မှာ အလှူရှင်တွေ က လာလှူလို့ ရှိရင် ကျွန်တော် နဲ့ ဓာတ်ပုံ ရိုက်ချင်တဲ့အခါ ကျတော့ အရင်တုန်း က တော့ ဓာတ်ပုံ ကားချပ်ကြီး နဲ့ပဲ ရိုက်ရတယ်။ အခုဆို တကယ့် ပုံစံ ရုပ်တု နဲ့ ရိုက်ရတာပေါ့။ အလှူရှင် တွေ အတွက်လည်း ကျွန်တော် ပီတိ ဖြစ်တယ်ပေါ့လေ။ အမေရိကမှာ ရှိတဲ့ မဒမ်တူး ဆော့ပြတိုက်က အရုပ်တွေ လိုပေါ့လေ။ အ  မှတ်တရလေး တွေလည်းဖြစ်တာပေါ့” လို့ ဦးကျော်သူက သူ့ရဲ့ ပီတိကို ပြောပြပါ တယ်။ ဘဘဦးသုခ ရုပ်တု ကိုလည်း လုပ်ချင်တဲ့ ဆန္ဒ ရှိတယ်လို့ ဦးကျော်သူက ဆက်လက် ပြောပါတယ်။ ဦးမောင်တို့ သရုပ်ဆောင် ထား တဲ့ Feed Back ဇာတ်လမ်းတိုလေး လည်း ပေါက် တယ်နော် လို့ ဆိုတဲ့အခါ..

“သင်ခန်းစာပေးတဲ့ ဇာတ်ကားလေး တွေကို ရိုက်ကူးတယ်ဆိုတော့ အလားအလာ ကောင်းတာပေါ့။ G.Fatt ကိုအားပေးလို့ ကြည့်ချင် တာ ပဲဖြစ်ဖြစ် ကြည့်ကြတဲ့ အတွက် ကျွန်တော်ကတော့ ပီတိဖြစ်တယ်”လို့ ဦးကျော်သူက ပြောပြပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here