ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်တစ်စီးထပ်မံတိမ်းမှောက်မှုဖြစ်ပွား

0
449

(Unicode)

ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်တစ်စီးထပ်မံတိမ်းမှောက်မှုဖြစ်ပွား

ဒလမြို့နယ်ဘက်ခြမ်းရှိ သမ္မတကမ်းခြေစက်တပ်သမ္ဗန်ကူးတို့ဆိပ် နှင့် ရန်ကုန်ဘက်ခြမ်းရှိ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတို့သို ပြေးဆွဲပေးနေသော ရေယာဉ်မောင်းသူအပါအဝင် အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၁ ဦး လိုက်ပါလာခဲ့သည့် စက်တပ်သမ္ဗန်တစ်စီး ယနေ့ ဇန်နဝါရီ ၁၂ရက် နံနက် ၇ နာရီ ၄၀ မိနစ်က နစ်မြှပ်မှုဖြစ်ပွားခဲ့သည်။

“မနက်က ဖြစ်တာ၊ မြစ်လယ်မှာ ငါးဖမ်းပိုက်နဲ့ စက်လှေ ပန်ကာ ငြိနေတာကို ရှင်းနေတဲ့အချိန်မှာ အရှိန်နဲ့မောင်းလာတဲ့တွဲသင်္ဘောက တိုက်မိတာ”ဟု ဒလမြို့နယ် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အဆိုပါ သမ္ဗန်သည် ရန်ကုန်မြစ်အလယ်သို့အရောက် ငါးဖမ်း မျှောပိုက် နှင့် ပန်ကာညှိသွားခဲ့ရာ ဖယ်ရှားရှင်းလင်းနေစဉ် အနောက်မှ အရှေ့သို့ မောင်းနှင်လာသော တွဲရေယာဉ် တစ်စီးက ပွတ်တိုက်သွား၍ နစ်မြှပ်သွားခဲ့ခြင်းဖြစ်သည်။

တိုက်သွားသည့် တွဲရေယာဉ်ကို ခရီးသည်များနှင့် သမ္ဗန်ရေယာဉ်မောင်းသူတို့မှ လက်ပြတားသော်လည်း အရှိန်များမှုနှင့် အချိန်မမီလိုက်မှုကြောင့် ပွတ်တိုက်မှုဖြစ်၍ သမ္ဗန်ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခရီးသည်အားလုံးနီးပါး တွဲရေယာဉ်အောက်သို့ ရောက်ရှိသွားသော်လည်း ဝိုင်းဝန်းကယ်ဆယ်နိုင်မှုကြောင့် ခရီးသည်များအားလုံး အသက်ရှင်လျက် အချိန်မီ ကယ်တင်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မှော်စက်စက်တပ်သမ္ဗန်ကူးတို့ဆိပ်နှင့် မော်တင်ဆိပ်ကမ်းဘက်သို့ ပြေးဆွဲသည့် စက်တပ် သမ္ဗန်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် တစ်ဦး နစ်မြုပ် သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

ပုံစာ ။ ။ ရန်ကုန် _ ဒလ ​​ပြေးဆွဲ​နေ​သော စက်တပ်သမ္ဗာန်များ ။

(Zawgyi)

ရန္ကုန္ျမစ္တြင္း စက္တပ္သမၺန္တစ္စီးထပ္မံတိမ္းေမွာက္မႈျဖစ္ပြား

ဒလၿမိဳ႕နယ္ဘက္ျခမ္းရွိ သမၼတကမ္းေျခစက္တပ္သမၺန္ကူးတို႔ဆိပ္ ႏွင့္ ရန္ကုန္ဘက္ျခမ္းရွိ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းတို႔သို ေျပးဆြဲေပးေနေသာ ေရယာဥ္ေမာင္းသူအပါအဝင္ အမ်ိဳးသား ၇ ဦး ႏွင့္ အမ်ိဳးသမီး ၄ ဦး၊ စုစုေပါင္း ၁၁ ဦး လိုက္ပါလာခဲ့သည့္ စက္တပ္သမၺန္တစ္စီး ယေန႔ ဇန္နဝါရီ ၁၂ရက္ နံနက္ ၇ နာရီ ၄၀ မိနစ္က နစ္ျမႇပ္မႈျဖစ္ပြားခဲ့သည္။

“မနက္က ျဖစ္တာ၊ ျမစ္လယ္မွာ ငါးဖမ္းပိုက္နဲ႔ စက္ေလွ ပန္ကာ ၿငိေနတာကို ရွင္းေနတဲ့အခ်ိန္မွာ အရွိန္နဲ႔ေမာင္းလာတဲ့တြဲသေဘၤာက တိုက္မိတာ”ဟု ဒလၿမိဳ႕နယ္ ျပန္ၾကားေရးတာဝန္ရွိသူက ေျပာသည္။

အဆိုပါ သမၺန္သည္ ရန္ကုန္ျမစ္အလယ္သို႔အေရာက္ ငါးဖမ္း ေမွ်ာပိုက္ ႏွင့္ ပန္ကာညႇိသြားခဲ့ရာ ဖယ္ရွားရွင္းလင္းေနစဥ္ အေနာက္မွ အေရွ႕သို႔ ေမာင္းႏွင္လာေသာ တြဲေရယာဥ္ တစ္စီးက ပြတ္တိုက္သြား၍ နစ္ျမႇပ္သြားခဲ့ျခင္းျဖစ္သည္။

တိုက္သြားသည့္ တြဲေရယာဥ္ကို ခရီးသည္မ်ားႏွင့္ သမၺန္ေရယာဥ္ေမာင္းသူတို႔မွ လက္ျပတားေသာ္လည္း အရွိန္မ်ားမႈႏွင့္ အခ်ိန္မမီလိုက္မႈေၾကာင့္ ပြတ္တိုက္မႈျဖစ္၍ သမၺန္ေရယာဥ္နစ္ျမဳပ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ခရီးသည္အားလုံးနီးပါး တြဲေရယာဥ္ေအာက္သို႔ ေရာက္ရွိသြားေသာ္လည္း ဝိုင္းဝန္းကယ္ဆယ္ႏိုင္မႈေၾကာင့္ ခရီးသည္မ်ားအားလုံး အသက္ရွင္လ်က္ အခ်ိန္မီ ကယ္တင္ႏိုင္ခဲ့သည္။

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔ကလည္း ေမွာ္စက္စက္တပ္သမၺန္ကူးတို႔ဆိပ္ႏွင့္ ေမာ္တင္ဆိပ္ကမ္းဘက္သို႔ ေျပးဆြဲသည့္ စက္တပ္ သမၺန္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္ တစ္ဦး နစ္ျမဳပ္ ေသဆုံးမႈျဖစ္ပြားခဲ့ေသးသည္။

ပုံစာ ။ ။ ရန္ကုန္ _ ဒလ ​​ေျပးဆြဲ​ေန​ေသာ စက္တပ္သမၺာန္မ်ား ။


LEAVE A REPLY

Please enter your comment!
Please enter your name here