ဖျာပုံမြို့၊အမှတ်(၁၆)ရပ်ကွက်၏ ရပ်ကျေးရုံးတွင် ဗုံးနှစ်လုံးပေါက်ကွဲ ဒဏ်ရာရသူမရှိ

0
372

(Unicode)

ဖျာပုံမြို့၊အမှတ်(၁၆)ရပ်ကွက်၏ ရပ်ကျေးရုံးတွင် ဗုံးနှစ်လုံးပေါက်ကွဲ ဒဏ်ရာရသူမရှိ

ဧရာဝတီတိုင်း၊ဖျာပုံမြို့၊အမှတ်(၁၆)ရပ်ကွက်၏ ရပ်ကျေးရုံးတွင် ဇန်နဝါရီ ၁၁ ရက်ည ၇ နာရီခွဲကျော်ခန့်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရုံးရှေ့နားမှာပေါက်တာ နှစ်လုံးကအချိန်သိပ်မကွာဘူး ရှေ့ဆင့်နောက်ဆင့်ပေါက်တာပါ ရုံးထဲမှလူတွေအများကြီးရှိတယ် အဲ့အချိန်က တော်သေးတယ်တစ်ယောက်မှထိခိုက်မိတဲ့သူမရှိလို့”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်ချိန်တွင် ရပ်ကျေးရုံးအတွင်း၌ ဧည့်စာရင်းလာတိုင်သူများ၊ထောက်ခံစာလာရောက်ပြုလုပ်သူများနှင့်ရပ်ကျေးအဖွဲ့ဝင်များရှိနေကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအား စစ်ဆေး၍ အမှတ်(၁၆)ရပ်ကွက်အတွင်းရှိနေအိမ်အချို့နှင့်လမ်းမများပေါ်တွင် ဖြတ်သန်းသွားလာသူများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

“ပေါက်ကွဲတဲ့အသံတော့ကြားတယ် ဒါပေမယ့် လူ နာတင်ကားဖြတ်သွားတဲ့အသံမကြားရတော့ ဒဏ် ရာရတဲ့သူမရှိအနေအထားပေါ့ သိရသလောက်ကတော့ရုံးထဲမှာပေါက်တာမဟုတ်ဘဲ ရုံးရှေ့မှာပေါက်တာလို့သိထားတယ် စစ်တာတွေကတော့သေသေချာချာကိုစစ်ကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

(Zawgyi)

ဖ်ာပုံၿမိဳ႕၊အမွတ္(၁၆)ရပ္ကြက္၏ ရပ္ေက်း႐ုံးတြင္ ဗုံးႏွစ္လုံးေပါက္ကြဲ ဒဏ္ရာရသူမရွိ

ဧရာဝတီတိုင္း၊ဖ်ာပုံၿမိဳ႕၊အမွတ္(၁၆)ရပ္ကြက္၏ ရပ္ေက်း႐ုံးတြင္ ဇန္နဝါရီ ၁၁ ရက္ည ၇ နာရီခြဲေက်ာ္ခန္႔က ဗုံးႏွစ္လုံးေပါက္ကြဲခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“႐ုံးေရွ႕နားမွာေပါက္တာ ႏွစ္လုံးကအခ်ိန္သိပ္မကြာဘူး ေရွ႕ဆင့္ေနာက္ဆင့္ေပါက္တာပါ ႐ုံးထဲမွလူေတြအမ်ားႀကီးရွိတယ္ အဲ့အခ်ိန္က ေတာ္ေသးတယ္တစ္ေယာက္မွထိခိုက္မိတဲ့သူမရွိလို႔”ဟုေဒသခံတစ္ဦးကေျပာသည္။

အခင္းျဖစ္ခ်ိန္တြင္ ရပ္ေက်း႐ုံးအတြင္း၌ ဧည့္စာရင္းလာတိုင္သူမ်ား၊ေထာက္ခံစာလာေရာက္ျပဳလုပ္သူမ်ားႏွင့္ရပ္ေက်းအဖြဲ႕ဝင္မ်ားရွိေနေၾကာင္း သိရသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ေနရာအား စစ္ေဆး၍ အမွတ္(၁၆)ရပ္ကြက္အတြင္းရွိေနအိမ္အခ်ိဳ႕ႏွင့္လမ္းမမ်ားေပၚတြင္ ျဖတ္သန္းသြားလာသူမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

“ေပါက္ကြဲတဲ့အသံေတာ့ၾကားတယ္ ဒါေပမယ့္ လူ နာတင္ကားျဖတ္သြားတဲ့အသံမၾကားရေတာ့ ဒဏ္ ရာရတဲ့သူမရွိအေနအထားေပါ့ သိရသေလာက္ကေတာ့႐ုံးထဲမွာေပါက္တာမဟုတ္ဘဲ ႐ုံးေရွ႕မွာေပါက္တာလို႔သိထားတယ္ စစ္တာေတြကေတာ့ေသေသခ်ာခ်ာကိုစစ္ၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here