ကဝမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံး

0
166

ကဝမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံး

ပဲခူးတိုင်း၊ကဝမြို့နယ်နေ ကြံခိုင်ရေးပါတီဝင်တစ်ဦးအား အမည်မသိလက်နက် ကိုင်များက ဇန်နဝါ ရီ ၁၂ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သေဆုံးသူသည် ကဝမြို့နယ်၊ဇင်းဘုကျေးရွာ၌ နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ကျော်ဆိုသူဖြစ်သည်။

၎င်း ပစ်ခတ်ခံရသည့်နေရသည် ရှမ်းကန်ရွာအနီးရှိ ရှမ်းကန်-ကဝသွားလမ်းပေါ်တွင်ဖြစ်ပြီး သေနတ်ဖြစ်အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ပစ်ခံရတဲ့အချက်ရေကတော့ အတော်များတယ် ခန်မှန်းခြေ ကျည်ဝင်ဒဏ်ရာခြောက်ချက်လောက်ရှိတယ်လို့ကြားတယ် ကိုယ်တိုင်တော့သွားမကြည့်ရဲဘူး တော်ကြာမသင်္ကာတာနဲ့ဖမ်းခံရမှာလည်းစိုးတယ် ပစ်ခံရတဲ့လူက သွေးတွေလည်းအများကြီးထွက်နေတာကြောင့် ဆေးရုံကိုပို့လိုက်ပြီလို့သိထားတယ်”ဟုဒေသခံတစ်ဦးကပြော သည်။

အခင်းဖြစ်နေရာအနီးတဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေး၍ ရှမ်းကန်ရွာအတွင်းသို့လည်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

ကဝၿမိဳ႕နယ္တြင္ ႀကံ့ခိုင္ေရးပါတီဝင္တစ္ဦး ေသ နတ္ျဖင့္ပစ္ခတ္ခံရ၍ေသဆုံး

ပဲခူးတိုင္း၊ကဝၿမိဳ႕နယ္ေန ႀကံခိုင္ေရးပါတီဝင္တစ္ဦးအား အမည္မသိလက္နက္ ကိုင္မ်ားက ဇန္နဝါ ရီ ၁၂ ရက္မြန္းလြဲ ၂ နာရီခြဲခန္႔တြင္ ေသနတ္ျဖင့္ပစ္ခတ္ခဲ့သျဖင့္ ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ေသဆုံးသူသည္ ကဝၿမိဳ႕နယ္၊ဇင္းဘုေက်း႐ြာ၌ ေနထိုင္သည့္ ႀကံ့ခိုင္ေရးပါတီဝင္ ဦးေက်ာ္ေက်ာ္ဆိုသူျဖစ္သည္။

၎ ပစ္ခတ္ခံရသည့္ေနရသည္ ရွမ္းကန္႐ြာအနီးရွိ ရွမ္းကန္-ကဝသြားလမ္းေပၚတြင္ျဖစ္ၿပီး ေသနတ္ျဖစ္အနီးကပ္ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“ပစ္ခံရတဲ့အခ်က္ေရကေတာ့ အေတာ္မ်ားတယ္ ခန္မွန္းေျခ က်ည္ဝင္ဒဏ္ရာေျခာက္ခ်က္ေလာက္ရွိတယ္လို႔ၾကားတယ္ ကိုယ္တိုင္ေတာ့သြားမၾကည့္ရဲဘူး ေတာ္ၾကာမသကၤာတာနဲ႔ဖမ္းခံရမွာလည္းစိုးတယ္ ပစ္ခံရတဲ့လူက ေသြးေတြလည္းအမ်ားႀကီးထြက္ေနတာေၾကာင့္ ေဆး႐ုံကိုပို႔လိုက္ၿပီလို႔သိထားတယ္”ဟုေဒသခံတစ္ဦးကေျပာ သည္။

အခင္းျဖစ္ေနရာအနီးတဝိုက္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကစစ္ေဆး၍ ရွမ္းကန္႐ြာအတြင္းသို႔လည္း ဝင္ေရာက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here