မန္တလေးမြို့တွင် ကျူးကျော်များ နေရာဖယ်ရှားမှုများ စတင်

0
169

(Unicode)

မန္တလေးမြို့တွင် ကျူးကျော်များ နေရာဖယ်ရှားမှုများ စတင်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားကြရန် စည်ပင်နှင့်မြို့နယ်တာဝန်ရှိသူများက နိုတစ်သတိပေးစာများလိုက်လံဝေငှအပြီး ကျူးကျော်များက ယခုရက် ထဲမှာပင် မိမိအစီအစဉ်ဖြင့် မိမိဖယ်ရှားမှုများပြုနေသည့်အပြင် မြို့ခံပရဟိတအသင်းများ အကူအညီဖြင့်ပါ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

“ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရွှေ့တာက ပိုကောင်းမယ်လို့ ထင်လို့ ရွှေ့တာ။သူတို့ လာရွှေ့ရင် ပျက်စီးမှာကြောက်လို့ ပရဟိတအသင်းတွေကလည်း ကူညီကြတယ်”ဟု ဖယ်ရှားရမည့်ထဲပါသည့် ပြည်သူတစ်ဦးကပြောသည်။

နေရာဖယ်ရှားခံရမည့်သူများအား ပရဟိတအသင်းအချို့က ကူညီပေးလျက်ရှိနေကြသည်။

နေရာဖယ်ရှားခံရသူများအားကူညီပေးနေသည့် ပြည်ကြီးတံခွန်မြို့နယ်အခြေစိုက်လူမှုရေးအသင်းတစ်ခုက “ကျွန်တော်တို့ အသင်းရုံးတောင် ကျူးထဲပါလို့ ဆိုပြီး ဖယ်ခိုင်းနေလို့ ဖယ်ပေးနေရတယ်။တစ်ဖက်ကလည်း နေရာဖယ်ရှားခံရသူတွေကို ကူညီ။ကိုယ်တိုင်လည်း ဖယ်နေရတယ်”ဟု ပြောသည်။

မန္တလေးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက“ ကျူးတွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုဖယ်ရှားဖို့ သတင်းစာက တဆင့်ကြေညာပြီးသားပါ။ကျနော်တို့က နောက်ဆုံးအနေ နဲ့ နို့တစ်စာလည်းပို့ထားပါတယ်။နေရာအနေထားကို ကြည့်ပြီး ၇ရက်ကနေ ၁၄ရက်အတွင်းဖယ်ရမှာပါ။ ကျနော်တို့အနေနဲ့ သူတို့ ပစ္စည်းများ မပျက်စီးစေဖို့အတွက် ကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းကြပါလို့ နို့တစ်စာ ထုတ်ပြန်ထားတာပါ။ သတ် မှတ်ထားတဲ့၁၄ရက်အတွင်း မဖယ်ရှားသေးရင်တော့ ဥပဒေနဲ့အညီ ဖယ်ရှား ရှင်းလင်း သွားမှာပါ”ဟု ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ အမရပူရမြို့နယ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထား လမ်းမြေ၊လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာန ဆိုင်ရာမြေနှင့် ပုဂ္ဂလိကပိုင်မြေနေရာများတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူများမှ တရား မဝင် ကျူးကျော် နေထိုင်လျက်ရှိသူများအား ဇန်နဝါရီလ အတွင်း နောက်ဆုံးဖယ်ရှားပေးရန် သက်ဆိုင်ရာက သတိပေးထားသည်ကိုတွေ့ရသည်။

(Zawgyi)

မႏၲေလးၿမိဳ႕တြင္ က်ဴးေက်ာ္မ်ား ေနရာဖယ္ရွားမႈမ်ား စတင္

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္းရွိ က်ဴးေက်ာ္ေနထိုင္သူမ်ားအား ဖယ္ရွားၾကရန္ စည္ပင္ႏွင့္ၿမိဳ႕နယ္တာဝန္ရွိသူမ်ားက ႏိုတစ္သတိေပးစာမ်ားလိုက္လံေဝငွအၿပီး က်ဴးေက်ာ္မ်ားက ယခုရက္ ထဲမွာပင္ မိမိအစီအစဥ္ျဖင့္ မိမိဖယ္ရွားမႈမ်ားျပဳေနသည့္အျပင္ ၿမိဳ႕ခံပရဟိတအသင္းမ်ား အကူအညီျဖင့္ပါ ေ႐ႊ႕ေျပာင္းေနၾကေၾကာင္း သိရသည္။

“ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ေ႐ႊ႕တာက ပိုေကာင္းမယ္လို႔ ထင္လို႔ ေ႐ႊ႕တာ။သူတို႔ လာေ႐ႊ႕ရင္ ပ်က္စီးမွာေၾကာက္လို႔ ပရဟိတအသင္းေတြကလည္း ကူညီၾကတယ္”ဟု ဖယ္ရွားရမည့္ထဲပါသည့္ ျပည္သူတစ္ဦးကေျပာသည္။

ေနရာဖယ္ရွားခံရမည့္သူမ်ားအား ပရဟိတအသင္းအခ်ိဳ႕က ကူညီေပးလ်က္ရွိေနၾကသည္။

ေနရာဖယ္ရွားခံရသူမ်ားအားကူညီေပးေနသည့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္အေျခစိုက္လူမႈေရးအသင္းတစ္ခုက “ကြၽန္ေတာ္တို႔ အသင္း႐ုံးေတာင္ က်ဴးထဲပါလို႔ ဆိုၿပီး ဖယ္ခိုင္းေနလို႔ ဖယ္ေပးေနရတယ္။တစ္ဖက္ကလည္း ေနရာဖယ္ရွားခံရသူေတြကို ကူညီ။ကိုယ္တိုင္လည္း ဖယ္ေနရတယ္”ဟု ေျပာသည္။

မႏၲေလးစည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက“ က်ဴးေတြ အေနနဲ႔ ကိုယ့္အစီအစဥ္နဲ႔ကိုဖယ္ရွားဖို႔ သတင္းစာက တဆင့္ေၾကညာၿပီးသားပါ။က်ေနာ္တို႔က ေနာက္ဆုံးအေန နဲ႔ ႏို႔တစ္စာလည္းပို႔ထားပါတယ္။ေနရာအေနထားကို ၾကည့္ၿပီး ၇ရက္ကေန ၁၄ရက္အတြင္းဖယ္ရမွာပါ။ က်ေနာ္တို႔အေနနဲ႔ သူတို႔ ပစၥည္းမ်ား မပ်က္စီးေစဖို႔အတြက္ ကိုယ္တိုင္ဖ်က္ၿပီး ေ႐ႊ႕ေျပာင္းၾကပါလို႔ ႏို႔တစ္စာ ထုတ္ျပန္ထားတာပါ။ သတ္ မွတ္ထားတဲ့၁၄ရက္အတြင္း မဖယ္ရွားေသးရင္ေတာ့ ဥပေဒနဲ႔အညီ ဖယ္ရွား ရွင္းလင္း သြားမွာပါ”ဟု ေျပာသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ ေအာင္ေျမသာစံ ၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မဟာေအာင္ေျမ ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္၊ အမရပူရၿမိဳ႕နယ္အတြင္းရွိ လမ္းေျမ၊ ေျမာင္းေျမ၊ ရထား လမ္းေျမ၊လွ်ပ္စစ္ဓာတ္အားလိုင္းနယ္ေျမ၊ အစိုးရဌာန ဆိုင္ရာေျမႏွင့္ ပုဂၢလိကပိုင္ေျမေနရာမ်ားတြင္ ဥပေဒႏွင့္ ညီၫြတ္မႈမရွိဘဲ တရားဝင္ပိုင္ဆိုင္ခြင့္မရွိသူမ်ားမွ တရား မဝင္ က်ဴးေက်ာ္ ေနထိုင္လ်က္ရွိသူမ်ားအား ဇန္နဝါရီလ အတြင္း ေနာက္ဆုံးဖယ္ရွားေပးရန္ သက္ဆိုင္ရာက သတိေပးထားသည္ကိုေတြ႕ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here