ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က စစ်ဘေးရှောင်များအတွက် အလှူငွေပေးအပ်လှူဒါန်း

0
133

(Unicode)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က စစ်ဘေးရှောင်များအတွက် အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ St.Anthony RCM ဘုရားကျောင်းတွင် လာရောက် ခိုလှုံကြသော ကယန်းနှင့် ကယား(ကရင်)နီ စစ်ဘေးရှောင်များအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ယနေ့ ဇန်နဝါရီ ၁၂ရက် ညနေပိုင်းတွင် အလှူငွေလာရောက်ပေးအပ်လှူဒါန်းခဲ့သည်ဟု PNOကပြောဆိုသည်။

အဆိုပါ အလှူငွေပေးအပ်မှုနှင့်ပတ်သက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ “ပအိုဝ်းဒေသမှာ လာရောက်ခိုလှုံကြသော စစ်ဘေးရှောင်စခန်းများရှိရာဒေသတွေကို လှိုက်လံကူညီသွားမှာဖြစ်ပြီး ယနေ့လှူဒါန်းမှုက တောင်ကြီးမြို့အတွက် ပထမဦးဆုံးလှူဒါန်းမှုဖြစ်ကာ အခြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကိုလည်း ဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ “St.Anthony RCM ဘုရားကျောင်းတွင် လာရောက်ခိုလှုံကြသော စစ်ဘေးရှာင် (၁၀၀)ရှိပြီး လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ ဒေသမှ လာရောက်ခိုလှုံကြခြင်းဖြစ်ကာ ကယန်းနှင့် ကယား(ကရင်နီ) တိုင်းရင်းသားများဖြစ်ကြသည်ဟုသိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ရက်စွဲဖြင့် “ပအိုဝ်းဒေသအတွင်းသို့ ဝင်ရောက်လာသော ကယားပြည်နယ်မှ စစ်ဘေးရှောင်များကို နွေးထွေးစွာလက်ခံကြိုဆိုပြီး ကူညီစောင့်ရှောက်ကြရန် ဒေသခံပအိုဝ်းတိုင်းရင်းသားများကို မေတ္တာရပ်ခံစာထုတ်ပြန်ထားသည်။

(Zawgyi)

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) က စစ္ေဘးေရွာင္မ်ားအတြက္ အလႉေငြေပးအပ္လႉဒါန္း

ေတာင္ႀကီးၿမိဳ႕၊ ကန္ႀကီးရပ္ကြက္ရွိ St.Anthony RCM ဘုရားေက်ာင္းတြင္ လာေရာက္ ခိုလႈံၾကေသာ ကယန္းႏွင့္ ကယား(ကရင္)နီ စစ္ေဘးေရွာင္မ်ားအတြက္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)က ယေန႔ ဇန္နဝါရီ ၁၂ရက္ ညေနပိုင္းတြင္ အလႉေငြလာေရာက္ေပးအပ္လႉဒါန္းခဲ့သည္ဟု PNOကေျပာဆိုသည္။

အဆိုပါ အလႉေငြေပးအပ္မႈႏွင့္ပတ္သက္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)၊ ဗဟိုဌာနခ်ဳပ္႐ုံး၊ ႐ုံးအဖြဲ႕မႉး ေစာခြန္ေက်ာ္ဝင္းမွ “ပအိုဝ္းေဒသမွာ လာေရာက္ခိုလႈံၾကေသာ စစ္ေဘးေရွာင္စခန္းမ်ားရွိရာေဒသေတြကို လႈိက္လံကူညီသြားမွာျဖစ္ၿပီး ယေန႔လႉဒါန္းမႈက ေတာင္ႀကီးၿမိဳ႕အတြက္ ပထမဦးဆုံးလႉဒါန္းမႈျဖစ္ကာ အျခားၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္စခန္းကိုလည္း ဆက္လက္လႉဒါန္းသြားမွာျဖစ္ပါတယ္”ဟု ေျပာသည္။

အဆိုပါ “St.Anthony RCM ဘုရားေက်ာင္းတြင္ လာေရာက္ခိုလႈံၾကေသာ စစ္ေဘးရွာင္ (၁၀၀)ရွိၿပီး လြိဳင္ေကာ္၊ ဖယ္ခုံ၊ မိုးၿဗဲ ေဒသမွ လာေရာက္ခိုလႈံၾကျခင္းျဖစ္ကာ ကယန္းႏွင့္ ကယား(ကရင္နီ) တိုင္းရင္းသားမ်ားျဖစ္ၾကသည္ဟုသိရသည္။

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)သည္ ၂၀၂၂-ခုႏွစ္၊ ဇန္နဝါရီလ(၁၀)ရက္ေန႔ ရက္စြဲျဖင့္ “ပအိုဝ္းေဒသအတြင္းသို႔ ဝင္ေရာက္လာေသာ ကယားျပည္နယ္မွ စစ္ေဘးေရွာင္မ်ားကို ေႏြးေထြးစြာလက္ခံႀကိဳဆိုၿပီး ကူညီေစာင့္ေရွာက္ၾကရန္ ေဒသခံပအိုဝ္းတိုင္းရင္းသားမ်ားကို ေမတၱာရပ္ခံစာထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here