အောင်မြေသာစံမြို့နယ်ရှိ အမရဌာနီအနောက်ရပ်ကွက် ရပ်ကျေးရုံးဗုံးဖြင့်ပစ်ခတ်ခံရ နှစ်ဦးဒဏ်ရာရ

0
194

အောင်မြေသာစံမြို့နယ်ရှိ အမရဌာနီအနောက်ရပ်ကွက် ရပ်ကျေးရုံးဗုံးဖြင့်ပစ်ခတ်ခံရ နှစ်ဦးဒဏ်ရာရ

 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမရဌာနီအနောက်ရပ်ကွက်၏ ရပ်ကျေးရုံးအား ဇန်နဝါရီ ၁၂.ရက်နံနက် ၈ နာရီခန့်က ဗုံးဖြင့်ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုကြောင့် နှစ်ဦးဗုံးစထိမှတ်ဒဏ်ရာများရရှိခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

“ရပ်ကျေးရုံးကို ဆိုင်ကယ်မောင်းလာတဲ့နှစ်ယောက်က ဗုံးနဲ့ပစ်သွားတာ ဗုံးပေါက်တော့ရုံးနားကလူတွေလည်းအကုန်ကြောက်လန့်ပြီးထွက်ပြေးကြတာပဲ”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်တွင် လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။

“ရပ်ကျေးရုံးနားမှာက စျေးလည်းရှိတယ် စျေးမှာလူစည်တဲ့အချိန်ဖြစ်သွားတာ ဗုံးနဲ့ပစ်ပြီးပြီးချင်း ဆိုင်ကယ်ကိုမောင်းပြေးသွားတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်များအား လုံခြုံရေးအဖွဲ့ဝင်များက ပိုမိုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်အတွင်းနှင့်လမ်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ အမရဌာနီအေနာက္ရပ္ကြက္ ရပ္ေက်း႐ုံးဗုံးျဖင့္ပစ္ခတ္ခံရ ႏွစ္ဦးဒဏ္ရာရ

မႏၲေလးၿမိဳ႕၊ေအာင္ေျမသာစံၿမိဳ႕နယ္၊အမရဌာနီအေနာက္ရပ္ကြက္၏ ရပ္ေက်း႐ုံးအား ဇန္နဝါရီ ၁၂.ရက္နံနက္ ၈ နာရီခန္႔က ဗုံးျဖင့္ပစ္ခတ္ခံရၿပီး ေပါက္ကြဲမႈေၾကာင့္ ႏွစ္ဦးဗုံးစထိမွတ္ဒဏ္ရာမ်ားရရွိခဲ့သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

“ရပ္ေက်း႐ုံးကို ဆိုင္ကယ္ေမာင္းလာတဲ့ႏွစ္ေယာက္က ဗုံးနဲ႔ပစ္သြားတာ ဗုံးေပါက္ေတာ့႐ုံးနားကလူေတြလည္းအကုန္ေၾကာက္လန္႔ၿပီးထြက္ေျပးၾကတာပဲ”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ေပါက္ကြဲမႈျဖစ္စဥ္တြင္ လုံၿခဳံေရးအဖြဲ႕ဝင္ႏွစ္ဦးဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ရသည္။

“ရပ္ေက်း႐ုံးနားမွာက ေစ်းလည္းရွိတယ္ ေစ်းမွာလူစည္တဲ့အခ်ိန္ျဖစ္သြားတာ ဗုံးနဲ႔ပစ္ၿပီးၿပီးခ်င္း ဆိုင္ကယ္ကိုေမာင္းေျပးသြားတယ္”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္မ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ပိုမိုစစ္ေဆးခဲ့ၾကၿပီး ရပ္ကြက္အတြင္းႏွင့္လမ္းမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here