အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂) ဦးထပ်တွေ့ မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ (၂၁) ဦးရှိပြီဖြစ်

0
159

အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ( ၂) ဦးထပ်တွေ့ မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ (၂၁) ဦးရှိပြီဖြစ်

အိုမီခရွန်ရောဂါပိုးကူးစက်ခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦးအား ဇန်နဝါရီ ၁၂ ရက်က ထပ်မံစစ် ဆေးတွေ့ရှိခဲ့ရပြီး အိန္ဒိယနိုင်ငံမှကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် စုစုပေါင်းပိုးတွေ့ရှိသူ( ၂၁) ဦးရှိပြီဖြစ် သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာကာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူများ ၏ ဓာတ်ခွဲနမူနာများအနက် သံသယဓာတ်ခွဲနမူနာများအား ဇန်နဝါရီ ၁၂ ရက်တွင် အမှတ်(၁)တပ်မတော်ဆေးရုံကြီးခုတင်(၁,၀၀၀)၌စစ်ဆေးရာမှ တွေ့ရှိခဲ့ရခြင်းဖြစ် သည်။

ထို့ကြောင့် ပိုးတွေ့ရှိသူနှစ်ဦးနှင့်ယခင်နေ့ကပိုးတွေ့ရှိခဲ့သူသုံးဦး အပါအဝင် ငါးဦးအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်ပေးလျက်ရှိပြီး ၎င်းတို့နှင့်အတူ လေ ကြောင်းခရီးစဉ်၌ လိုက်ပါလာသူများအား အ သွားအလာကန့်သတ်ခြင်း(Strict Quarantine) နှင့်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ “ကိုဗစ်(၁၉)ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များအား ဆောင်ရွက်လျက်ရှိပြီး မြန်မာ နိုင်ငံသို့ ပြည်ပနိုင်ငံများမှကယ်ဆယ်ရေး လေ ယာဉ်(Relief Flight)များဖြင့် ပြန်လည်ဝင်ရောက် လာသူများအား အိုမီခရွန် ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများအား အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ အိုမီခရွန်ပိုးတွေ့ရှိမှုများလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအားလိုက်နာရန် အဆိုပါဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

Zaw Gyi

အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံရသူ ( ၂) ဦးထပ္ေတြ႕ ျမန္မာႏိုင္ငံတြင္ စုစုေပါင္းပိုးေတြ႕ရွိသူ (၂၁) ဦးရွိၿပီျဖစ္

အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံထားရသူ ျမန္မာႏိုင္ငံသားႏွစ္ဦးအား ဇန္နဝါရီ ၁၂ ရက္က ထပ္မံစစ္ ေဆးေတြ႕ရွိခဲ့ရၿပီး အိႏၵိယႏိုင္ငံမွကယ္ဆယ္ေရးေလယာဥ္ျဖင့္ ျပန္လည္ဝင္ေရာက္လာသူမ်ားျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သျဖင့္ ျမန္မာႏိုင္ငံတြင္ စုစုေပါင္းပိုးေတြ႕ရွိသူ( ၂၁) ဦးရွိၿပီျဖစ္ သည္။

ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိလာကာ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိသူမ်ား ၏ ဓာတ္ခြဲနမူနာမ်ားအနက္ သံသယဓာတ္ခြဲနမူနာမ်ားအား ဇန္နဝါရီ ၁၂ ရက္တြင္ အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီးခုတင္(၁,၀၀၀)၌စစ္ေဆးရာမွ ေတြ႕ရွိခဲ့ရျခင္းျဖစ္ သည္။

ထို႔ေၾကာင့္ ပိုးေတြ႕ရွိသူႏွစ္ဦးႏွင့္ယခင္ေန႔ကပိုးေတြ႕ရွိခဲ့သူသုံးဦး အပါအဝင္ ငါးဦးအား သတ္မွတ္ေဆး႐ုံႀကီးမ်ားတြင္ သီးသန႔္ထားရွိကာ ကုသေစာင့္ေရွာက္ေပးလ်က္ရွိၿပီး ၎တို႔ႏွင့္အတူ ေလ ေၾကာင္းခရီးစဥ္၌ လိုက္ပါလာသူမ်ားအား အ သြားအလာကန႔္သတ္ျခင္း(Strict Quarantine) ႏွင့္ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈမ်ားကို က်န္းမာေရးဝန္ႀကီးဌာနကျပဳလုပ္လ်က္ရွိသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ “ကိုဗစ္(၁၉)ေရာဂါမ်ိဳး ႐ိုးဗီဇေျပာင္းေရာဂါပိုးေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္း”မ်ားအား ေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာ ႏိုင္ငံသို႔ ျပည္ပႏိုင္ငံမ်ားမွကယ္ဆယ္ေရး ေလ ယာဥ္(Relief Flight)မ်ားျဖင့္ ျပန္လည္ဝင္ေရာက္ လာသူမ်ားအား အိုမီခ႐ြန္ ေရာဂါပိုးေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းစဥ္မ်ားႏွင့္ကိုဗစ္(၁၉)ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသျခင္းလုပ္ငန္းမ်ားအား အရွိန္ျမႇင့္ေဆာင္႐ြက္လ်က္ရွိသည္။

ျမန္မာႏိုင္ငံ၌ အိုမီခ႐ြန္ပိုးေတြ႕ရွိမႈမ်ားလာသျဖင့္ က်န္းမာေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအားလိုက္နာရန္ အဆိုပါဝန္ႀကီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here