စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အမှုအတွက် တရားလိုပြသက်သေနှစ်ဦးကို ယနေ့စစ်ဆေးခဲ့

0
183

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အမှုအတွက် တရားလိုပြသက်သေနှစ်ဦးကို ယနေ့စစ်ဆေးခဲ့

ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုနှစ်ခုဖြင့်တ ရားရင်ဆိုင်‌နေရသည့် သြစတြေးလျနိုင်ငံသား စီး ပွားရေးအကြံပေးမစ္စတာရှောင်တာနယ်၏ နိုင်ငံ တော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃(၁)(ဂ)အမှုအတွက် ယနေ့တွင် နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးတရားရုံး၌ တရားလိုပြ သက်သေနှစ်ဦးအား စစ်ဆေးခဲ့သည်ဟု ရှေ့နေအ သိုင်းအဝိုင်းမှ သိရသည်။

“ဒီနေ့စစ်တာက မြန်မာနိုင်ငံအစိုးရရဲ့လျှို့ဝှက်ဥပဒေအတွက် တရားလိုပြသက်သေနှစ်ယောက်ကိုစစ်တာ ဘာတွေစစ်တယ် ဘယ်လိုထွက်ဆိုတယ်ဆိုတာတော့မသိဘူး”ဟုရှေ့နေတစ်ဦးကပြောသည်။

တရားလိုပြသက်သေနှစ်ဦးဖြစ်သည့် ရဲအရာရှိတစ်ဦးနှင့်ရာအိမ်မှူးတစ်ဦးတို့အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စီးပွားရေးအကြံပေးမစ္စတာရှောင်တာနယ်သည် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ-၁၃(၁)ဖြင့်ပါ တရားရင်ဆိုင်နေရသည်။အဆိုပါ အမှုအ တွက်လည်း တရားလိုပြသက်သေတစ်ဦးအား ယနေ့ရုံးချိန်း၌စစ်ဆေးခဲ့သည်။

“နောက်တစ်ပတ်ရုံးချိန်းမှာလည်း နောက်ထပ် တရားလိုပြသက်သေတွေကိုထပ်စစ်မယ်လို့ကြားတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

Zaw Gyi

စီးပြားေရးအႀကံေပး မစၥတာေရွာင္တာနယ္အမႈအတြက္ တရားလိုျပသက္ေသႏွစ္ဦးကို ယေန႔စစ္ေဆးခဲ့

ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈႏွစ္ခုျဖင့္တ ရားရင္ဆိုင္‌ေနရသည့္ ၾသစေၾတးလ်ႏိုင္ငံသား စီး ပြားေရးအႀကံေပးမစၥတာေရွာင္တာနယ္၏ ႏိုင္ငံ ေတာ္အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မ-၃(၁)(ဂ)အမႈအတြက္ ယေန႔တြင္ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္ရွိ အထူးတရား႐ုံး၌ တရားလိုျပ သက္ေသႏွစ္ဦးအား စစ္ေဆးခဲ့သည္ဟု ေရွ႕ေနအ သိုင္းအဝိုင္းမွ သိရသည္။

“ဒီေန႔စစ္တာက ျမန္မာႏိုင္ငံအစိုးရရဲ႕လွ်ိဳ႕ဝွက္ဥပေဒအတြက္ တရားလိုျပသက္ေသႏွစ္ေယာက္ကိုစစ္တာ ဘာေတြစစ္တယ္ ဘယ္လိုထြက္ဆိုတယ္ဆိုတာေတာ့မသိဘူး”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

တရားလိုျပသက္ေသႏွစ္ဦးျဖစ္သည့္ ရဲအရာရွိတစ္ဦးႏွင့္ရာအိမ္မႉးတစ္ဦးတို႔အား စစ္ေဆးခဲ့ျခင္းျဖစ္သည္။

စီးပြားေရးအႀကံေပးမစၥတာေရွာင္တာနယ္သည္ ႏိုင္ငံေတာ္အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မအျပင္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒပုဒ္မ-၁၃(၁)ျဖင့္ပါ တရားရင္ဆိုင္ေနရသည္။အဆိုပါ အမႈအ တြက္လည္း တရားလိုျပသက္ေသတစ္ဦးအား ယေန႔႐ုံးခ်ိန္း၌စစ္ေဆးခဲ့သည္။

“ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာလည္း ေနာက္ထပ္ တရားလိုျပသက္ေသေတြကိုထပ္စစ္မယ္လို႔ၾကားတယ္”ဟုေရွ႕ေနတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here