ပြည်တွင်းစက်သုံးဆီဈေး (၃) ရက်ဆက်တိုက် ခုန်တက်နေ

0
215

ပြည်တွင်းစက်သုံးဆီဈေး (၃) ရက်ဆက်တိုက် ခုန်တက်နေ

ပြည်တွင်းစက်သုံးဆီဈေးဟာ (၃) ရက်ဆက်တိုက် နေ့တိုင်းမြင့်တက်နေပြီး ဒီနေ့ဇန်နဝါရီ၁၃ရက်မှာလည်း တစ်လီတာကို အမြင့်ဆုံး (၁၇၅၀) ကျပ်အထိ မြင့်တက်လာပါတယ်။

ရန်ကုန်မှာ မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့က (၁၄၅၅) ကျပ်ဈေးပေါက်ခဲ့တဲ့ ဓာတ်ဆီ Octane 92 ဟာ ဒီနေ့မှာ (၁၄၈၅) ကျပ် ထိမြင့်တက်လာသလို ​Octane 95 ကတော့ (၁၅၀၅) ကျပ်ရှိခဲ့တာကနေ ဒီနေ့မှာတော့ (၁၅၃၅) ကျပ် ရှိနေပါတယ်။

အဲဒါအပြင် ဒီဇယ်ဈေးဟာလည်း Premium က (၁၄၆၀) ကျပ်ရှိခဲ့တာကနေ ဒီနေ့မှာ (၁၄၉၀) ကျပ်နဲ့ ရိုးရိုးကတော့ (၁၄၅၀) ကျပ်ရှိခဲ့တာကနေ (၁၄၈၀) ကျပ်အထိ မြင့်တက်နေပါတယ်။

နယ်တွေမှာလည်း ဒေသအလိုက် တစ်လီတာကို (၁၇၀၀) ကျပ်စွန်းစွန်းကနေ ဈေးအမြင့်ဆုံးအဖြစ် တမူးမြို့မှာ Octane 95 က (၁၇၅၀)ကျပ်နဲ့ ခမ်းပတ်မြို့မှာ (၁၇၄၅)ကျပ်အထိ ရှိနေပါတယ်။

ရန်ကုန်မြို့တွင်းတက္ကစီယာဉ်မောင်းတစ်ဦးက”ဒီလိုတွေတက်နေရင်တော့ အတော်လေးခက်သွားပြီ။မောင်းရတာ”လို့ပြောပါတယ်။

Zaw Gyi

ျပည္တြင္းစက္သုံးဆီေဈး (၃) ရက္ဆက္တိုက္ ခုန္တက္ေန

ျပည္တြင္းစက္သုံးဆီေဈးဟာ (၃) ရက္ဆက္တိုက္ ေန႔တိုင္းျမင့္တက္ေနၿပီး ဒီေန႔ဇန္နဝါရီ၁၃ရက္မွာလည္း တစ္လီတာကို အျမင့္ဆုံး (၁၇၅၀) က်ပ္အထိ ျမင့္တက္လာပါတယ္။

ရန္ကုန္မွာ မေန႔က ဇန္နဝါရီလ (၁၂) ရက္ေန႔က (၁၄၅၅) က်ပ္ေဈးေပါက္ခဲ့တဲ့ ဓာတ္ဆီ Octane 92 ဟာ ဒီေန႔မွာ (၁၄၈၅) က်ပ္ ထိျမင့္တက္လာသလို ​Octane 95 ကေတာ့ (၁၅၀၅) က်ပ္ရွိခဲ့တာကေန ဒီေန႔မွာေတာ့ (၁၅၃၅) က်ပ္ ရွိေနပါတယ္။

အဲဒါအျပင္ ဒီဇယ္ေဈးဟာလည္း Premium က (၁၄၆၀) က်ပ္ရွိခဲ့တာကေန ဒီေန႔မွာ (၁၄၉၀) က်ပ္နဲ႔ ႐ိုး႐ိုးကေတာ့ (၁၄၅၀) က်ပ္ရွိခဲ့တာကေန (၁၄၈၀) က်ပ္အထိ ျမင့္တက္ေနပါတယ္။

နယ္ေတြမွာလည္း ေဒသအလိုက္ တစ္လီတာကို (၁၇၀၀) က်ပ္စြန္းစြန္းကေန ေဈးအျမင့္ဆုံးအျဖစ္ တမူးၿမိဳ႕မွာ Octane 95 က (၁၇၅၀)က်ပ္နဲ႔ ခမ္းပတ္ၿမိဳ႕မွာ (၁၇၄၅)က်ပ္အထိ ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕တြင္းတကၠစီယာဥ္ေမာင္းတစ္ဦးက”ဒီလိုေတြတက္ေနရင္ေတာ့ အေတာ္ေလးခက္သြားၿပီ။ေမာင္းရတာ”လို႔ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here